လျှို့ဝှက်ချစ်ရဲ့ ဒိုင်ယာရီ
အခန်း (၉)"Yugyeom…"
Sir Mark မှ လှမ်းခေါ်သဖြင့် Yugyeomခြေလှမ်းတို့ကို Sir Mark ထံသို့ ဦးတည်လိုက်သည်။
"Bamie ရော ဘယ်ရောက်နေလဲ Yugueom သူ့ကို မတွေ့တာ သုံးရက်ရှိပြီ"
Yugyeom အနားရောက်လာသည်နှင့် Mark မေးလိုက်သည်။
"ဟုတ်တယ် Sir သူနေမကောင်းလို့ပါ ဒါမဲ့ ဒီနေ့တော့ သက်သာသွားပါပြီ ခဏနေလာမယ်လို့တော့ ပြောတယ်"
Yugyeom က ပြောလိုက်ပြီး Sir Mark ကို တချက် အကဲခက်သလို ကြည့်လိုက်သည်။
"Sir ကြည့်ရတာ Bam ကို တော်တော် ဂရုစိုက်သလိုပဲနော်"
"အင်းးးး အဲ အဲ့လိုတော့လည်း မဟုတ်ပါဘူးကွာ ကိုယ်က Sir ဆိုတော့ ကိုယ့်ကျောင်းက ကလေးတွေကို ဂရုစိုက်မိတဲ့သဘောပါ"
ထစ်အစွာ ပြောနေသော Sir Mark ကို ကြည့်ကာ Yugyeom ရယ်လိုက်မိသည်။
"Bamie လာမယ်ဆိုလည်း ပြီးတာပါပဲလေ Sir သွားပြီနော် Yugyeom"
နှုတ်ဆက်ပြီး Yugyeom နံဘေးမှ Mark အမြန် ထွက်လာခဲ့လိုက်သည်။
"ဘာလဲ ငါက Bamie ကို ကိုယ့်ညီလို့ ခံစားနေမိလို့လို့ ပြောလိုက်လည်း ရရဲ့သားနဲ့ ငါက ဘာလို့ ရှက်ကိုးရှက်ကန်းနဲ့ ထွက်လာခဲ့မိရတာလဲ"
သွားရင်း Mark ရဲ့ တီးတိုးတီးတိုး ရေရွတ်သံကို Yugyeom က ကြားမည်မဟုတ်တော့ပါ။
အနားမှ ရှက်ကိုးရှက်ကန်းပုံစံဖြင့် ထွက်သွားသော Sir Mark ကို ကြည့်ရင်း Yugyeom ခေါင်းတစ်ချက်ခါကာ ရယ်လိုက်မိသည်။
ထို့နောက် အနားက အပင်တစ်ခုအောက် ထိုင်လိုက်ကာ ကျောပိုးအိတ်ထဲ နှိုက်လိုက်တော့ Diary စာအုပ်လေးကို စမ်းမိသွားကာ ထုတ်ယူလိုက်သည်။
"အင်း မဖတ်ဖြစ်တာတောင် ကြာပေါ့"
အခုတလော Bam ရဲ့ ကိစ္စတွေကြောင့် Bam အနားတွင် အချိန်ပေးနေရသဖြင့် သူ စာအုပ်ဖတ်ဖို့ မေ့နေမိသည်။
3 Sep 2007
(Monday)"ဟင် ဘာလဲ ငါဖတ်နေတာ July ထိပဲ ရက်စွဲတွေ ကျော်သွားတာလား"
Yugyeom စာအုပ်ကို ဟိုဟိုသည်သည် လှန်ကြည့်ပေမဲ့ ဆက်စပ်မည့် ရက်စွဲမတွေ့ July 20 ပြီးသည်နှင့် Sep ကိုသာ တမ်းရောက်သွားလေသည်။ သို့နှင့် ထိုရက်စွဲကိုသာ Yugyeom ဆက်ဖတ်လိုက်တော့သည်။
YOU ARE READING
လျှို့ဝှက်ချစ်ရဲ့ ဒိုင်ယာရီ
Fanfictionသိုဝှက်ထားတဲ့ ရင်ထဲက ချစ်ခြင်းတရားတွေ အချိန်တွေကြာပေမဲ့ ဘယ်မှာ ပြောင်းလဲနိုင်မှာလဲ။ ကြိတ်ခံစားနေရတာလေးတွေကို ဒိုင်ယာရီထဲချရေးလာခဲ့ရင်း ဖူးစာပြန်ဆုံဖို့ အကြောင်းဖန်လာတဲ့အခါ......