လျှို့ဝှက်ချစ်ရဲ့ ဒိုင်ယာရီ
အခန်း (၁၅)"Yugyeom"
ကျောပိုးကိုဆွဲကာ အပြင်ထွက်ရန် ပြင်နေသော Yugyeom ကို Jinyoung အမိအရ လှမ်းခေါ်လိုက်သည်။
အခုတလော Yugyeom တစ်ယောက် ခြေများနေသည်မို့ ညီအစ်ကိုနှစ်ယောက် သိပ်မတွေ့ဖြစ်ကြပေ။ Yugyeom က မနက်ဆို Jinyoung မနိုးခင်ကတည်းက အပြင်သွား ညဆိုလည်း ဥာဥ့်နက်မှ ပြန်လာနှင့်မို့ ဒီနေ့တော့ ထိုခြေများနေသည့်ညီကို အမိဖမ်းရန် Jinyoung စောစောထကာ ဧည့်ခန်းမှ ထိုင်စောင့်နေလိုက်ခြင်းဖြစ်သည်။
"ဘာလဲ"
ပြန်ထူးလိုက်သော Yugyeom ကို သေချာကြည့်လိုက်ကာ
"ဒီနေ့ ဝယ်စရာလေးတွေ ရှိတယ် အဲ့ဒါ ငါနဲ့ ကုန်တိုက်ကို လိုက်ခဲ့ပေးအုံး"
"အကို့ဘာသာ သွားလို့မရဘူးလား"
"မရဘူး ဝယ်စရာက များတယ် အိမ်မှာတော်တော်များများက ကုန်နေပြီ ငါတစ်ယောက်တည်း မနိုင်ဘူး လက်ကလဲ ကောင်းကောင်းမသက်သာသေးဘူးဆိုတော့ မင်းပါ လိုက်ခဲ့"
အစ်ကိုဖြစ်သူ Jinyoung ၏ လေသံကို နားထောင်ခြင်းအားဖြင့် Yugyeom ငြင်းလို့ရတော့မည် မဟုတ်ကြောင်း သတိထားမိကာ
"ပြီးရော ပြီးရော" ဟုဆိုလိုက်ပြီး အပြင်ထွက်မည့် အစီစဉ်ကို ဖြတ်ကာ Jinyoung နှင့် လိုက်လာခဲ့ရတော့သည်။
ဝယ်စရာများသည်သာဆိုသည် တကယ်တမ်း ကုန်တိုက်ရောက်တော့ ဘာမှ မဝယ်ဖြစ်ကြသေး။ ကြည့်ရင်းလျှောက်ရင်း ရှာရင်းက အချိန်ကုန်နေပြန်သည်။
"အကို မဝယ်တော့ဘူးလား"
Yugyeom စိတ်မရှည်တော့သည့် လေသံဖြင့် မေးလိုက်သည်။
"ဝယ်မယ်လေ ဝယ်မှာပေါ့" ဟု ပြုံးရင်းဖြေလိုက်မှ ထိုအပြုံးကို မြင်လိုက်ကာမှ အခုတလော ခြေများပြီး အိမ်မကပ်ဖြစ်သည့် သူ့ကို အကို ပညာပေးနေပြီဆိုတာ Yugyeom သိလိုက်သည်။
"အကို မဝယ်ရင်လည်း ပြန်ရအောင်ပါဗျာ ကျနော့်ကို သက်သက် ပညာပေးနေတာမလား နောက်ဆို အိမ်ကပ်ပါ့မယ် အကိုရာ ခုတော့ ပြန်ရအောင်လေ နော် နော်"
Yugyeom အကိုကို ချွဲသလိုလို ပြောလိုက်ပါသော်လည်း မည်သို့မျှတုံ့ပြန်မလာ၍ အကိုဖြစ်သူ Jinyoung ၏ မျက်နှာကို တစ်ချက်ကြည့်လိုက်မိသည်။ အကို့အကြည့်များက တစ်နေရာဆီမှာ စူးစိုက်လျက်… Yugyeom ထိုနေရာသို့ လှမ်းကြည့်လိုက်တော့ ကိုကြီးJB နှင့် မိန်းကလေးတစ်ဦး အတူဈေးဝယ်လာသည့်ပုံရိပ် ဖြစ်နေသည်။
YOU ARE READING
လျှို့ဝှက်ချစ်ရဲ့ ဒိုင်ယာရီ
Fanfictionသိုဝှက်ထားတဲ့ ရင်ထဲက ချစ်ခြင်းတရားတွေ အချိန်တွေကြာပေမဲ့ ဘယ်မှာ ပြောင်းလဲနိုင်မှာလဲ။ ကြိတ်ခံစားနေရတာလေးတွေကို ဒိုင်ယာရီထဲချရေးလာခဲ့ရင်း ဖူးစာပြန်ဆုံဖို့ အကြောင်းဖန်လာတဲ့အခါ......