အပိုင်းတစ်

1.2K 22 0
                                    

                      သမုဒယကြိုး
                     ********
       "ဒုတ် …ဒုတ်"
        ဘုရား။ ဘုရား။ တိတ်ဆိတ် အေးစက်နေသောညတွင် ကိုယ့်နှလုံးခုန်သံကို ကိုယ်တိုင်ပြန်ကြားရတဲ့အထိ ကျွန်တော့်ရင်ခုန်သံတွေ ကျယ်လောင်လို့နေသည်။ ညကပဲ ဖျားယောင်းတာလား၊ တိတ်ဆိတ်မှုကပဲ ကျွန်တော့်စိတ်ကို ဖောက်ပြန်ဖို့ တွန်းအားပေးနေလားမသိ။ အသွေးအသားတို့ ဆူပွက်ကာ အာခေါင်ခြောက်ကပ်ကာ အရာရာတိုင်းကို ဆာလောင်မွတ်သိပ်လာသည်။ ပြင်းပြသော ဆန္ဒတို့ကို နှလုံးသားက ခုန်ပေါက်ကာ အချက်ပြနေသည်။
          ထိုရင်ခုန်သံကြောင့် ဦးမောင်နိုးလာမည်ကိုပင် စိတ်ပူမိကာ ရင်ဘတ်ကို ရောင်ရမ်းကာ လက်နှင့်ဖိထားမိသည်။ မျက်လုံးတို့ကတော့ ထိုနေရာကို မခွာနိုင်ခဲ့ပေ။ ထိုနေရာလေးကလည်း တလှုပ်လှုပ်နှင့် ကျွန်တော့်ကို ဆွဲဆောင် ညှို့ခေါ်နေသလို။ ရင်ဘတ်ထက်က ညာလက်ကို သိမ်းယူကာ ထိုနေရာလေးကို လက်လှမ်းလိုက်သည်။ ထိုမျှလောက်နှင့် ဦးမောင် မသိနိုင်ပေ။ ဦးမောင် အိပ်ပျော်နေသည်ပဲ။ ခဏမှ ခဏလေးလက်ကို ဆတ်ခနဲ လှုပ်ရှားလိုက်ရုံဖြင့် ကျွန်တော့်ဆန္ဒများ ပြည့်ဝသွားမည်ပဲ။
             ယောက်ျားတစ်ယောက်၏ ဆွဲဆောင်မှုရှိဆုံးအရာက ခါးဟု သူကြားဖူးသည်။ ဟုတ်မည်။ ပက်လက်အနေအထားဖြင့် အိပ်နေသော ဦးမောင်၏ ပြေလျော့နေသော ပုဆိုး၏အထက်ပိုင်းမှ  ကြည့်လျှင် ထိုခါးနှင့် စပ်လျက်ရှိသော ပေါင်စပ်ရှိ အသားစိုင် အမြှောင်းနှစိခုမှ ကျွန်တော့်ရဲ့ ရာဂကို နှိုးဆွနေသည့် အသားချောင်းတစ်ခု ရှိနေသည်။ ထိုအသားစိုင်တို့ကို ဆက်ကြည့်အောင် လိမ်လိမ်တွန့်တွန့် အမွှေးတို့က  တြိဂံစောက်ထိုးပုံအနေအထားဖြင့် ညွှန်ပြနေသည်။ ယခု ဦးမောင်၏ ခါး၊ ပေါင်အမြှောင်းနှစ်ခုနှင့် တြိဂံဇောက်ထိုးပုံ အမွှေးတို့ပါ မြင်နေရသည်။ ထိုနေရာကွက်ကွက်လေးသာ ဖုံးနေသည်။ ပုဆိုးက ပေါင်တစ်ဝက်အထိ ဘာလို့များ ပြေလျော့မကျနေလဲဟု မချင့်မရဲ တွေးမိလိုက်သည်။ ယခုတော့ ကျွန်တော် မြင်လိုလှသော ထိုနေရာကို ပုဆိုးက မလုံတလုံ ဖုံးထားသည်။
       ထိုအသားချောင်းတို့က အပေါ်သို့ မို့မောက်ကာ ခုံးထဖောင်းကြွနေသည်။ ထူးဆန်းသည်။ ဦးမောင် အသက်ရှူလိုက်တိုင်း ကြွတက်လိုက် ရှုံ့တွလိုက် ဖြစ်နေသလိုပင်။ ကျွန်တော် ဦးမောင်၏ ထိုအချင်းအရာကို ကြည့်ရှုချင်လှသည်။ ကြည့်ရုံသာမက ကိုင်တွယ်လိုလှသည်။ အိုး ကိုင်တွယ်ရုံမက နမ်းရှုံ့လိုစိတ်ရော ဖြစ်မိနေသလားပင်။
          ဘုရားရေ။ ယခင်က ကျွန်တော် ထိုသို့ မဖြစ်ဖူးပေ။ ကျွန်တော် ရှေ့ဆက်သင့်လား။ ကျွန်တော်က gay များလား။ ဦးမောင်သည် ကျွန်တော့်ကျေးဇူးရှင်သည်။ ထို့ထက်ဆိုးသည်မှာ ဦးမောင်သည် အိမ်ထောင်သည်ဖြစ်သည်။ ကျွန်တော် သူ့ကို စိတ်ဖြင့်ပင် မပြစ်မှားသင့်ပေ။ သူသာ သိသွားလျှင် ကျွန်တော့်ကို အထင်သေးရွံ့ရှာကာ မုန်းတီးသွားနိုင်သည်။ မလုပ်ဘူးဟု ဆုံးဖြတ်ကာ လက်ကို ပြန်လည်ရုတ်လိုက်သည်။
         ရင်ထဲတွင် လစ်ဟာမှုတစ်ခုဖြင့် လူက ပျော့ခွေကျသွား၏။ သို့သော် ကျွန်တော့်ပေါင်ကြားက အသားစိုင်ကတော့ ပျော့ကျမသွားသေးပေ။ ထိုအရာက ကျွန်တော့်ကို ရှေ့ဆက်ဖို့ တိုက်တွန်းနေသည်။
        "အွန့်"
         ဦးမောင် ဖျတ်ခနဲတွန့်သွားသည်။ ကျွန်တော့်ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ အောင်မလေး တော်သေးပါရဲ့။ ဦးမောင် မှောပ်ခုံလိုက်မလား၊ ပုဆိုးကို ဆွဲတင်လိုက်မလားဟူ၍ ပူပန်မိသည်။ ဟာ ဟုတ်ပေသားပဲ။ ဦးမောင်က တစ်ညလုံး သည်အတိုင်း အိပ်မည်မဟုတ်ပေ။ မှောက်ခုံလိုက်လျှင်၊ စောင်ခြုံလိုက်လျင် ထိုအရာကို ယခုလို ကြည့်ခွင့်တောင် ကျွန်တော် ဆုံးရှုံးသွားနိုင်သည်။ အခွင့်အရေးကို အသုံးချရမည်။ ယခုအခြေနေတွင် ဦးမောင်၏ ပုဆိုးကို အနည်းလှန်ချလိုက်ရုံဖြင့် ထိုအရာလေးကို မြင်ခွင့်ရမည်။
        "ဒုတ်……ဒုန်း…ဒုန်း"
          ကျွန်တော် ဦးမောင်၏ ပုဆိုးကို ဆတ်ခနဲ ဆွဲလှန်လိုက်ချိန်မှာ ရင်ခုန်သံတို့က ကျယ်နေရာ မြန်ဆန်လာကြသည်။ အမြှောင်းလိုက်ပေါ်လာသော ထိုအရာကို ကြည့်ကာ စိတ်က ပိုမို သောင်းကျန်းလာသည်။ ထိုအရာလေးက ခပ်ပျော့ပျော့ လျော့လျာ့ရဲရဲပင် ရှိနေသေးသည်။ ထိုအရာသာ ထကြွလာလျှင် မည်သို့ရှိမည်ကို သိချင်မြင်ချင်သည်။ ထိချင် ပွတ်သပ် နမ်းရှုံ့ချင်သည်။ ကျွန်တော် လက်ကို ထိုအရာဆီသို့ လှမ်းလိုက်သည်။ ထို့နောက်…………
================================
                   ဦးမောင်မောင်သိုက်
                       အသက် ၄၅
                        ဆေးရုံအုပ်
                        အိမ်ထောက်သည်
                ****--------------******
                              (၁)
       "မြ မြန်မြန်တော့ လုပ်ကွာနော် ကိုယ် ဆေးရုံပြန်ဝင်ရမှာမို့။"
        "မြ သိပါတယ်ကိုရ။ မကြာဘူး ခဏလေးပဲ။"
         ဇနီးသည်မြက ကျွန်တော်တို့ အိမ်ထောင်သက်တမ်း အနှစ်(၂၀)ပြည့် အထိမ်းအမှတ်အတွက် ဓမ္မာရုံလမ်းရှိ ဒီဇိုင်နာ (မပုံ့ဆိုလား နာမည်အတိကျတော့ မသိပေမယ့် နာမည့်ကြီးမှန်းတော့  သိသည်) ထံ ဝတ်စုံလာအပ်သည်။ အဏ္ဍဝါလမ်းသွယ်လေးရှေ့တွင် ကားရပ်ကာ စောင့်နေရင်း ပျင်းလို့လာသည်။
           "ဟာ တော်တော့။ လိုက်မလာနဲ့တော့။ မရှိတော့ဘူး။"
        ရုတ်တရက် လမ်းချိုးထဲက ထွက်လာသော အသံကြောင့် ကျွန်တော် ဘာရယ်မဟုတ် လှမ်းကြည့်မိသည်။ လူငယ်လေးတစ်ယောက် ၁၉၊ ၂၀လောက်သာ ရှိမည့် လူငယ်လေးတစ်ယောက်။ လူကတော့ တစ်ယောက်တည်း။ ဘယ်သူ့ကို စကားပြောနေပါလိမ့်။
       "ဟာကွာ။ လမ်းမပေါ် ရောက်နေပီ။ ဆက်မလိုက်တော့နဲ့ဆို။ ရော့ လုသာစားကြ။ ဒီမှာကြည့် ကုန်ပီတွေ့လား။"
        ပြောပြောဆိုဆိုဖြင့် လက်ထဲက စားလက်စမုန့်ကို ဖဲ့က အောက်ချလိုပ်သည်။ ထိုအချိန်မှ အခြေနေမှန်ကို ကျွန်တော် ရိပ်စားမိကာ ပြုံးမိသည်။ ကောင်လေးသည် ခွေးများနှင့် တရင်းတနှီးဖြင့် စကားပြောနေသည်။ ထိုကောင်လေးက လက်ထဲမှ လကိကျန်မုန့်များကို ပါးစပ်ထဲ ပစ်ထည့်ကာ လက်ခါပြပြီး သူ့မှာ စားစရာမရှိတော့ကြောင်း ခွေးများကို ပြောပြနေသေးသည်။ ကြည့်ပါဦး။ ဖြူစင်လိုက်တာဟု ကျွန်တော် အသည်းယားစွာ တွေးမိလိုက်သည်။
        "ဟာ ပြန်ပါဆိုကွာ။ ကားတွေတိုက်မိကုန်မယ်။ ဟိုဘက်လမ်းက မောင်ညိုနဲ့ ရန်ဖြစ်နေမယ်။ ပြန်တော့ကွာနော်။ ရော့ရော့ ငါးပါးစပ်ထဲကဟာသာ စားလိုက်ပါတော့"
        ကျွန်တော် ကြည့်နေတုန်း ကောင်လေးက သူ့ပါးစပ်ထဲက မဝါးရသေးဟန်ရှိသော မုန့်တုံးကို လမ်းကြားထဲ ပစ်လိုက်သည်။ ခွေးသုံးကောင် အစာဆီပြေးသွားချိန်မှာ ထိုကောင်လေးက (ခွေးများကို မျက်ချေဖြတ်ရန် ဖြစ်မည်ဟု ထင်သည်) လှညိ့ကြည့်လှည့်ဖြင့် မပြေးရုံတမည် ခပ်သုဆ်သုတ် ပြေးသွားသည်။ ကျွန်တေိာ့မျက်လုံးတွေလည်း သူ့နောက်ကို ခပ်သုတ်သုတ် လိုက်ပါသွားသည်။ လူကပါ နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိသည်။ ပထမဆုံး လူတစ်ယောက်ကို ဟက်ဟက်ပက်ပက် သဘောကျခြင်း ဖြစ်ပေမည်။
              ဆရာဝန်ဖြစ်သောကျွန်တော်ပင် သူတစ်ပါးကို သူ့လောက် ချစ်မည် မထင်ပေ။ ကောင်လေးရဲ့ စိတ်က ဘယ်လောက်များ နူးညံ့နေပါလိမ့်။  ဘယ်လောက်များ ဖြူစင်လိူက်သလဲ။ ထိုကဲ့သို့ သားတစ်ယောက်တော့ ကျွန်တော် လိုချင်လှသည်။ သို့သော် ထိုဖြူစင်မှုက ဘယ်လောက်များ ကြာရှည်ခံမှာပါလိမ့်ဟု ကျွန်တော် စိတ်ဝင်စားမိပြန်သည်။
      

သမုဒယကြိုးWhere stories live. Discover now