အခန်း ( ၄ )
"သား … မင်း…… "
ဘုရားရေ။ ဦးမောင် နိုးသွားပြီ။ ဦးမောင်ရဲ့ အံ့သြမှု တစ်ခြားသော အရိပ်အရောင်တို့ ရောနှောနေသော မျက်နှာကြောင့် ကျွန်တော့်ရဲ့ ထိမိစလက်ကလေး တွန့်ခနဲ ရပ်တန့်သွားသည်။
"ဟို …… သားလေ။ ဟို……"
ရုတ်တရက် ကျွန်တော့်နှုတ်မှ မည်သည့်ဆင်ခြေမှ ထွက်ကျမလာပေ။ ဟင့်အင်း တစ်ခုခုတော့ ပြောကို ပြောရမည်။
ကျွန်တော့် သိက္ခာအတွက်
ဦးရဲ့ ယုံကြည်မှုတွေ မပျောက်ရှဖို့အတွက်
ကျွန်တော့်ကို အထင်မသေးဖို့အတွက်
အိုး အဲဒီအရာတွေထက် ဦးဖေအနားမှာ ဆက်နေနိုင်ဖို့အတွက် ကျွန်တော် တစ်ခုခု ပြောရလိမ့်မည်။
"မင်းက gayလား။ မင်း ကိုယ့်ကို ဘယ်လို သဘောထားတာလဲ။"
"ဟင့်အင်း ကျွန်တော် gayမဟုတ်ပါဘူး။ ခုထိ ဘယ်ယောက်ျားပေါ်မှာမှ ချစ်တဲ့စိတ် မဖြစ်ခဲ့ဖူးပါဘူး။ တပ်မက်စိတ်လည်း မဖြစ်ဖူးပါဘူး။"
ဦးဖေက ကျွန်တော့်ကို မယုံနိုင်သလို ကြည့်နေသည်။ ထိုအကြည့်တွေထဲမှာ အထင်သေးခြင်းတွေ ပါဝင်နေ၏။
"ဒါဆို ဘာလို့ ကိုယ့်ပုဆိုးကို ဆွဲလှန်တာလဲ။ ပြီးတော့ ဘာလို့ ကိုယ့်ပစ္စည်းကို ကိုင်ကြည့်တာလဲ။"
ဘုရားရေ။ ကျွန်တော် ဘယ်လို ပြောရမလဲ။ ကျွန်တော် ဘာလို့ ဦးဖေရဲ့ ကျားတန်ဆာကို မြင်ချင် ကိုင်ချင်ရတာလဲ။ ဟင့်အင်း ကျွန်တော်ကိုယ်တိုင်တောင် မသိပါ။
"ဦးဖေကို ကျွန်တော့်ဘဝမှာ အရှေ့က မားမားမတ်မတ်ရပ်ပေးမယ့်အဖေ၊ ကျွန်တော့်ကို ကာကွယ်စောက့်ရှောက်ပေးတဲ့အဖေ၊ ကျွန်တော် ပင်ပန်းရင် ဝမ်းနည်းရင် နှစ်သိမ့်အားပေးတဲ့ အဖေ၊ သားတစ်ယောက်က အားကိုး ချစ်ခင်ရတဲ့အဖေလို့ပဲ မြင်ပါတယ်။ အဖေလိုပဲ ချစ်ပါတယ်။ ကျွန်တော့်ကို ယုံပါ။ ကျွန်တော် ဘာဖြစ်သွားတာလဲ ဆိုတာလည်း ကျွန်တော်ကိုယ်တိုင်တောင် မသိပါဘူး။"
ဦးဖေ ကျေနပ်သွားပုံ မရပေ။ ခဏလေးကို မထိန်းနိုင်ခဲ့၍ ကျွန်တော့် သိက္ခာ၊ ဖြူစင်မှုနှင့် ချစ်ခြင်းမေတ္တာတို့ ညစ်ထေး ကုန်ပြီ။ ကျွန်တော် ဘာလ်ို့ မထိန်းနိုင်ခဲ့ပါလိမ့်။
"မင်း သိထားရမှာ ကိုက gayမဟုတ်ဘူး။ နောက်တစ်ခုက မင်းကို ချစ်တာ သားတစ်ယောက်ကို ချစ်တဲ့ ဖြူစင်တဲ့ ဖခင်မေတ္တာပဲ။ အဲဒီ မေတ္တာကို အရောင်ဆိုးဖို့၊ စော်ကားဖို့ ယောင်လို့တောင် မတွေးမိစေနဲ့။"
ကျွန်တော် ဘာမှ ပြန်မပြောလိုက်နိုင်တော့ပေ။ ဦးဖေက စောင်ခြုံကာ ကျွန်တော့်ကို ကျောခိုင်းလိုက်သည်။ ကြားတွင် ဖက်ခေါင်းအုံးတို့ ခြားပစ်လိုက်သည်။ ဦးဖေ ကျွန်တော့်ကို စိတ်ပျက်သွာပီ။ ကျွတော့်ကို ရွံမုန်းသွားပီ။ ကျွန်တော့်ကို မယုံကြည်တော့ဘူးဟု တွေးက မျက်ရည်တို့ အလိုလို ကျလာသည်။
ထိုညလေးမှစ၍ ကျွန်တော်နှင့်ဦးဖေတို့ကြား တိတ်ဆိတ်ခြောက်ကပ်လို့နေသည်။ ဦးဖေ ကျွန်တော့်ကို မသိမသာရော၊ သိသိသာသာပါ ရှောင်ဖယ်လာသည်။ တွေ့လျှင်လည်း စကားမပြောဘဲ နေတတ်သည်။ ကျောင်းသွားသည်ကိုပင် စိတ်ကမပါချင်။ အစမ်းခန့်အလုပ်သင် ဆောက်လုပ်ရေးဆိုက်သို့ပင် မသွားဖြစ်ပေ။
အရှက်သိက္ခာကို ဆုံးရှုံးတာဟာ ဘဝဆုံးသလိုပါလားဟု စတင်နားလည်လာချိန်မှာ အရှက်သိက္ခာနှင့်အတူ အတော်တော်များများကိုပါ ဆုံးရှုံးလိုက်ရသည်။ လူတစ်ယောက်အထင်မကြီးသည်ကို အထင်ကြီးလာအောင် ကြိုးစား၍ ရနိုင်သည်။ ကိုယ့်ကို အထင်သေးသွားလျှင်တော့ ကိုယ် ဘဟ်လောက်ကြိုးစားကြိုးစား အရာထင်တော့မည် မဟုတ်ပေ။ ဤသို့ဖြင့်
တစ်ရက်
နှစ်ရက်
သုံးရက်
လေးရက်
ငါးရက်
…………
*****************************
"ဦးဖေ ရေနွေးနဲ့ မျက်နှာသစ်ဦီးလေ"
"အင်း"
*****************************
"ဦးဖေ အကျီ င်္ထုတ်ထားတယ်။
"အင်း"
*****************************
"good night ဦးဖေ။ Have a nice sleep"
"အွန်း"
ဦးဖေ အိပ်ယာဝင်သွားချိန်ထိ ကျွန်တော် ဝင်မအိပ်ရဲပေ။ ဦးဖေ အ်ပ်ပျော်လောက်မှ ဦးဖေကို ကန်တော့ကာ ဝင်အိပ်တတ်သည်။ ကန်တော့နေစဉ် အပြစ်များ ကျေပါရန် တောင်းပန်စမြဲပင်။ ညလေးတစ်ညကို ကျွန်တော့်ဘဝမှာ ဖောက်ထုတ်ပစ်လိုသည်။ ထိုညလေးအကြောင်း တွေါ်မိလျှင် အလိုလို သိမ်ငယ် ရှက်ရွံလာသည်။ ဦးဖေက ကျွန်တော့်အပေါ် သယးတစ်ယောက်လို သဘောထားပေမယ့် ကျွန်တော်က ဖောက်လွဲဖောက်ပြန်ဖို့ ကြိုးစားခဲ့သည်ပဲ။
တစ်ပတ်ကျော်လာချိန်ထိ ဦးဖေနှင့် ကျွန်တော့်ကြားတွင် စိမ်းသက်နေဆဲပင်။ ဟင်အင်း ယခင်ထက် ပိုမို စိမ်းသက်လာတာပါ။ ဘယ်လောက် အလိုက်တသိ လုပ်ပေးလုပ်ပေး ဦးဖေက မသိသလိုဟန်ဆောင်ကာ ရှောင်ဖယ်လာသည်။ "အင်းနှင့် အွန်းကလွဲ၍ ဘာမှ တန့်ပြန် ပြောဆိုခြင်း မရှိပေ။ အဆိုးဆုံးက ညအိပိချိန်တွင် ဖက်လုံးခြားထားခြင်းပင်။ ထိုဖက်လုံးက ကျွန်တော့် သိက္ခာနှင့် ကြိုးပမ်းမှုတို့ကို လှောင်ပြောင်နေကြသည်။ ညတစ်ညမှာတော့ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သည်။ ထိုအဖြစ်အပျက်တို့က ကျွန်တော့်ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့သည်။
အခန်း (၅)
"ရှူး…… ရှူး"
ဦးဖေကတော့ အိပ်ပျော်နေသည်။ ကျွန်တော် အိပ်မပျော်ပေ။ ကျောခိုင်းနေရာမှာ ဦးဖေဘက် မျက်နှာ လှည့်လိုက်ချိန်ဝယ် ကျွန်တော် လန့်ဖျန့်သွားသည်။ မီးရောင်ဖျော့ဖျော့အောက်တွင် ဦးဖေ၏ အောက်အလယ်ပိုင်း ရပ်ဝန်းက ပြောင်ထင်းနေသည်။ ပက်လက်အနေအထားကြောင့် အလယ်စုစုရှိ အမွှေးမည်းများ၊ ထိုအမွှေးများတစ်စပ်တည်း ဖြသ်နေသော ထိုးထိုးထောင်ထောင် အရာလေး။
ဘုရားရေ ဦးဖေ ကျွန်နော့်ကို စမ်းသပ်နေတာများလား။
ကျွန်တော် ကြည့်ချင်မှန်းသိ၍ ပြသထားခြင်းလား။
ဟင် ဦးဖေ၏ တန်ဆာမှာ အသွားအသားတို့ ဝင်ရောက်ကာ တင်းမာနေသည်။ ဦးဖေသာ ကျွန်တော့်ကို သူ့ဆန္ဒအတွက် အစားထိုးလျှင်ဖြင့် ကျွန်တော် ဘာလုပ်ရမည်နည်း။ လက်ခံသငိ့လား။ ငြင်းသင့်လား။ ဟာ ကျွန်တော် ဘာတွေ တွေးနေပါလိမ့်။
ယောက်ျားတိုင်း ညအိပ်လျှင် ကျားတန်ဆာ မာလာတတ်ကြသည်မှာ မထူးဆန်းပဲ။ ဒါက ယောက်ျားတိုင်းအတွက် သာမာန်မျှသာ ဖြစ်သည်။ ထို့အပြင် အန်တီမြနှင့် ကာမမှု မပြုရသည်မှာ ကြာနေ၍ ထိုကိသ္စတို့ကို ဦးဖေ တောင့်တနေနိုင်သည်ပဲ။ ကျွန်တော်နှင့် ဆိုင်မည်မဟုတ်ပေ။ ဦးဖေသည် gay မဟုတ်သည်မှာ သေချာသည်ပဲ။
ဟာ ဒါဖြင့် တစ်ခါမှ မပေါ်မလော်ဘဲ အိပ်တတ်သည့်ဦးဖေက ဘာလို့ ပြဲပြဲကားကား အိပ်နေပါလိမ့်။ ယနေ့အချိန်ထိ ဦးဖေ ထိုသို့ တစ်ခါမျှ မအိပ်ဖူးပေ။ ကျွန်တော့်ကို gayထင်၍များ အထင်သေးစော်ကားလိုခြင်းလား။ ဦးဖေ ကျွန်တော့်ကိုများ ……။ ထိုအတွေးကို တွေးရင်း ကြက်သီးများ ထလာသည်။ ဟာကွာ ကျောခိုင်းလိုက်တာပဲ ကောင်းပါပေမည်။
*********-*-******************
"ရှူး… ရှူး"
ဒီညတော့ ဦးဖေ လုံလုံခြုံဖြင့် အိပ်စက်နေသည်။ ကျွန်တော် ဦးဖေမျက်နှာကို လွမ်းဆွတ်စွာ ငေးမောနေမိသည်။ ကြင်ကြင်နာနာ ကြည့်တတ်သည့် မျက်ဝန်းတို့ကို လွမ်းဆွတ်မိသည်။ ထိုမျက်ဝန်တို့က ယခုတော့ စေ့ပိတ်နေသည်။ တခြားအချိန်တွင်လည်း အေးစက်စိမ်းကားနေတတ်သည်။ ကျွန်တော့်ကို နမ်းရှိုက်နေကျ နှုတ်ခမ်းများကတော့ဖြင့် မဟတဟ ဖြသ်နေသည်။ ဦးဖေကို နမ်းရှိုက်ချင်သော်လည်း စိတ်ထိန်းလိုပ်သည်။
"ဦးဖေ။ ခုထိ ကျွန်တော့်ကို စကားမပြောဘူးနော်။ ကျွန်တော့်ကို မုန်းနေပြီလား။ ကျွန်ှတော်လေ ဦးဖေရဲ့ ဥပေက္ခာကို မခံစားနိုင်တော့ဘူး။ ဒါပေမယ့်လည်း ထွက်သွားပြီး ဝေးရာလည်း မနေနိုင်ဘူး။ ဒါက ဘယ်လိုအချစ်လဲတော့ ကျွန်တော် မဆုံးဖြတ်တတ်ဘူး။ သေချာတာတော့ ဦးဖေကို အဖေတစ်ယောက်လို ချစ်ခဲ့တာပါ။ ကျွန်တော့်အချစ်တွေ နယ်ကျွံနေပြီလား"
ရုတ်တရက် ဦးဖေ ကျွန်တော့်ဘက် လှည့်လာခဲ့သည်။ ကျွန်တော် ပြောနေသည်ကို ကြားသွား၍လားဟု စိတ်ထဲ စိုးထိတ်သွားသည်။ သေသေချာချာကြည့်မိတော့ မျက်ဝန်းတို့ စေ့ပိတ်ထားဆဲ အသက်ရှူနှုန်းက ပုံမှန်ဖြစ်ဆဲဖြစ်သောကြောင့် သက်ပြင်းချကာ စိတ်သက်သာရာရသွားခဲ့သည်။ အကျိုးဆက်အနေဖြင့် ဦးဖေ၏မျက်နှာကို ငေးကြည့်ခွင့်ရခဲ့သည်။ ချစ်လိုက်တာ ဦးဖေရာ။
ကြည့်နေရင်း မျက်ဝန်းတို့က နှုတ်ခမ်းများဆီ ရောက်လာသည်။ နှုတ်ခမ်းမွေးရေးရေးလေးက စိမ်းမြကာ ဦးဖေကို ခန့်ညားနေစေသည်။ နှုတ်ခမ်းမွှေးအောက်က ပါးလွှာသော နှုတ်ခမ်းတို့က ပီရိသေသပ်ကာ တင်းစေ့နေသည်က များသည်။ ကျွန်တော့်ကြောင့်တော့ ထိုနှုတ်ခမ်းတို့ ခဏခဏ ပြုံးတတ်ခဲ့သည်။
"ဟာ"
ကြည့်နေတုန်း ဦးဖေက ဖျတ်ခနဲ ကျောခိုင်းသွားသည်။ ရင်ထဲ လှိုက်ဟာသွားသည်။ ဦးဖေ ကြီးကျယ်လွန်းသည်။ ရက်စက်လွန်းသည်။ တိတ်တိတ်လေး ခိုးကြည့်ခွင့်တောင် မပေးတော့ပေ။ ဦးဖေတစ်ဖက်လှည့်သွားချိန်မှာ ဖက်လုံးလေးကို ဖက်ခွကာ တစ်ပါတည်း ယူသွားခဲ့သည်။ ကျွန်တော် ဖက်လုံးလေးကို မနာလို ဖြစ်မိသည်။ ထိုဖက်လုံးကြောင့် ကျွန်တော်တို့ ကမ္ဘာခြားသလို အိပ်ခဲ့ရသည်။ ယခုထိုဖက်လုံးက ကျွန်တော်အစား ဦးဖေရဲ့ ရင်ခွင်ကို လုပြန်သည်။ ထို ဖက်လုံးကို မုန်းသည်။
ယခုတော့ ကျွန်တော်တို့ကြားမှာ အရံအတားမရှိတော့ချေ။ ကိုယ်ကို မသိသာရွေ့ကာ ဦးဖေနား ကပ်လိုက်မိသည်။ ဦးဖေရဲ့ ကျောဘက်က အကျီ င်္များကို ထိသည့်အထိ ခေါင်းကို ကပ်ထားလိုက်သည်။ ကျွန်တော့်ရင်ထဲ နွေးထွေးလုံခြုံမှုကို ပြန်လည်ရရှိလာသည်။ တစ်နေ့ကျရင် ဖြူစင်တဲ့ ကျွန်တော့်အချစ်တွေအကြောင်း ဦးဖေကို ပြောပြရဦးမည်။ ထိုညတော့ ကျွန်တော် နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။
**********************
"အွန့်"
ရုတ်တရက် ခပ်ခပ်တင်းတင်း ဆွဲဖက်ခံလိုက်ရသောကြောင့် အသက်ရှူကြပ်ကာ လန့်နိုးလာသည်။ နိုးနိုးချင်း ထိတ်ခနဲ ရင်ခုန်သွားသည်။ ဦးဖေ ကျွန်တော့်ကို ဖက်ထားသည်ပဲ။ ကျွန်တော့်ကို ဦးဖေ အကြာကြီး ပစ်မထားဘူးပေါ့ဟူသော အသိကြောင့် ကြည်နူးမိသည်။ ဦးဖေ နိုးနေ၍ ဖက်လာသည်လား။ အိပ်ချင်မူးတူးဖြင့် ယောင်ရမ်းဖက်သည်လား။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ကျေနပ် ပျော်ရွှင်မိသည်။ ဦးဖေသာ နိုးနေလျှင် ကျွန်တော့်နဖူးလေးကို မြတ်မြတ်နိုးနိုး နမ်းပါစေဟု တိတ်တိတ်လေး ဆုတောင်းနေမိချိန်……
"ပြွတ်"
ကျွန်တော် ကြက်သီးများ ဖျန်းကာ ထိတလန့်မိသွားသည်။ ကျွန်တော့် နှုတ်ခမ်းများ ပူနွေး စိုစွတ်သွားသည်။ ကျွန်တော် မျှော်လင့်ထားသည်က ခိစ်မြတ်နိုးမှုဖြင့် နမ်းရှိုက်လာမည်ကိုပင်။ ယခုတော့ ထိုသို့မဟုတ်ပေ။ ဦးဖေ၏ နှုတ်ခမ်းများက ကျွန်တော့်နှုတ်ခမ်းတို့ကို အငမ်းမရ စပ်ြနမ်းနေသည်။ လျှာဖြင့် ကြမ်းကြမ်းတမ်းတမ်း ထိုးစွမှု၊ ကျွန်တော့် လျှာများကိုပါ အငမ်းမရ စုပ်ယူမှုကြောင့် ကျွန်တော် တုန်လှုပ်လာသည်။
![](https://img.wattpad.com/cover/193819747-288-k536684.jpg)
YOU ARE READING
သမုဒယကြိုး
Romansaသားသမီးအရမ်းလိုချင်တဲ့ အိမ်ထောင်သည် ဆရာဝန်တစ်ဦးနဲ့ ဖခင်မေတ္တာ ငတ်မွတ်နေတဲ့ ကောင်လေးတို့ကြားက ဖြစ်၇ပ်မှန်ကို အခြေခံထားတာပါ