ဇာတ်သိမ်း

959 32 1
                                    

သမုဒယ်ကိုး
                ********
ဦးမောင်မောင်သွင်က ကားကို ပြည်လမ်းမှ အင်းယားကန်ဘက်ကို ဦးတည်မောင်းနှင်လာသည်။ သော်ဇင်၏ အရိပ်များရှိနေသော ထိုပတ်ဝန်းကျင်မှာ ရှိနေရသည်ကိုပင် သူ ကျေနပ်သည်။ သော်ဇင့်၏ အဆောင်ကို မြင်နေရလျှင် သော်ဇင်ချစ်သော ခွေးများကို မြင်ရလျင်ပင် သူ ကျေနပ်နိုင်မည်ထင်သည်။ ညက ဖျားယောင်းနေသလောက် ဆင်ခြင်တုံတရားထက် အလွမ်း၏ထုထည်တို့က ပိုမို ကြီးမားနေသည်။
အင်ယားကန်ကို ရောက်ချိန်ဝယ် ကားကို အရှိန်လျော့လိုက်သည်။ အင်းယားထိပ်ရှိ IBC အရောက်တွင် ကားကို ချိုးကွေ့လျုက်သည်။ ဓမ္ဓာရုံလမ်းထဲ ချိုးဝင်Vရန် ဆုံးဖြတ်လိုက်သည်။ ထိုလမ်းထဲတွင် လွန်စွာမှ ချစ်စရာကောင်းသော  ကောင်လေးနေသည်။ ထိုကောင်လေးကို သူချစ်သည်။ ကောင်လေးက သူ့ကိုမချစ်တော့လျှင်တောင် သူ ဆက်ချစ်နေလိမ့်မည်။
*****************************

ခွေးနှစ်ကောင် ခြံရံလျက် သော်ဇင်တစ်ယောက် အိပ်မပျော်ဘဲ အင်းယားကန်၏ တစ်ဖက်ခြမ်းက လမ်းမအတိုင်း လှည်းတန်းဘက်ကို လျှောက်လာမိသည်။ လွန်စွာဝေးလံနေသော်လည်း ထိုနေရာဘက်တွင် ဦးမောင်မောင်သွင် ရှိနေသည်။ ခြေတစ်လှမ်း လှမ်းလိုက်လျှင်ပင် အရင်ကထက် ဦးမောင်နှင့် နီးသွားသည်ပဲ။
မိုးမလင်းမချင်းလား သူ့ခြေထောက်တွေ မညောင်းမချင်းလား မသိဘဲ သူ လျှောက်နေသည်။ လှည်းတန်းရောက်လျှင် စိုက်ပျိုးရေး၊ စိုပ်ပ်ျုးရေ့းပြီးလျှင် မဟာမြိုင်၊ မဟာမြိုငိပြီးလျှင် မြေနီကုန်းပြီးလျှင် ……။ အိုး ဦးမောင်ကို တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ သူ ဆက်လျှောက်နေဦးမည်။
အချစ်သည် ထိုသို့ ရူးကြောင်ကြောင်နိုင်သည်လား သူ မတွေးတတ် သူရူးနေသည်မှာတော့ သေချာသည်။
"က်ျီ……"
"ကိန်.. ကိန်"
*******************************

ကားတစ်စီးကို အတွေ့မှာ သော်ဇင်ဘေးက ခွေးလေ လမ်းထဲ ပြေးဆင်းသွားသည်။ ကားရှေ့တွင် ကန့်လန့်ဖြတ် ရပ်တန့်လိုက်သည်။ ကားဘရိတ်အုပ်သံ ဆူညံစွာ ပေါ်ထွက်လာချိန်မှာ ခွေးလေး အော်ဟစ်လိုက်သည်။
"ဝုတ်……ဝုတ်"
ကျန်ခွေးတစ်ကောက်ကလည်း ခပ်ပြင်းပြင် ထိုးဟောင်လိုက်သည်။ ညကလေး ဆူညံအသက်ဝက်လာသည်။ လူတစ်ယောက် ကားထဲက ထွက်လာသည်။ တစ်နေရာသို့ မျက်လုံးမခွာတမ်း ကြည့်နေသည်။ ခွေးများကိုတော့ မဟုတ်။ ထိုနောက် အရာနှစ်ခု တဖြည့်းဖြည်း နီးလာသည်။
"ကလေး …"
ကားထဲက ထွက်လာသောလူကြီးက ဦးစွာ သတိဝင်လာကာ ကောင်လေးဆီ အော်ဟစ် ပြေးသွားသည်။ ဆင်ခြင်တုံတရားကို အဝေးသို့ ထားခဲ့ပြီလားတော့ မသိ။
"ဦး……"
ကောင်လေး ဘာမှ ပြောခွင့်မရလိုက်ခင် လူကြီးက သူ့နှုတ်ခမ်းတို့ကို သော့ခတ်ပစ်လိုက်သည်။ ချိုမြိန်သော အနမ်းတို့ကို သူတို့ မက်မက်မောမော  စားသုံးနေကြသည်။
"ဝုတ်… ဝုတ်"
ခွေးနှစ်ကောင်က သူ့သခင်ကို လူကြီးတစ်ယောက် အနိုင်ကျင့်သည်အထင်ဖြင့် သဲသဲမဲမဲ ထိုးဟောင်နေသည်။ ခဏနေတော့ ငြိမ်သက်မှိန်းမောနေကြသည့်  ညဘက် သူ့တို့လမ်းထဲ ခဏခဏလာတတ်သော ကားပိုင်ရှင်နှင့် သူ့တို့သခင်ကိုကြည့်ကာ မလှမ်းမကမ်းမှ စောင့်ကြောင့်ထိုင်ကာ ငြိမ်သက် ငေးမောနေသည်။
လူနှစ်ဦးကတော့ အရာရာကို မေ့လျော့ကာ တစ်ဦးကိုတစ်ဦး ထွေးဖက်ထားကြသည်။ သူတို့ ဆင်ခြင်တုံတရားကို မေ့ထားသည်။ ပတ်ဝန်ကျင်နှင့်အရာရာက်ို မေ့ထားသည်။ ယခုလက်ရှိအချိန်ကို မေ့နေ့သည်။ သံသရာကိုလည်း မေ့နေသည်။ သံသရာတွင်လည်း ဆက်မေ့နေလိမ့်မည်။ သူတို့သည် သမုဒယနတ်ဆိုး၏ ပြုစားခြင်းကို ခံနေရသည်။ သူတို့ကို သမုဒယကြိုးက ခွဲမရအောင် ချည်နှောင်ထားသည်။ အချစ်သည် သံသရာလည်စေသော အကြောင်းရင်းတစ်ခု ဖြစ်လျှင်ပင် ထိုသံသရာကို မေ့လျော့စေသည်မှာလည်း အချစ်ပင် ဖြစ်သည်။
"ကလေးကို ချစ်တယ်။ ဘယ်တော့မှ မခွဲတော့ဘူးနော်။"
"ဦးကို ချစ်တယ်။ ဦးရဲ့ကားလေးကို တားပေးတဲ့ ဟိုကောင်ကိုလည်း ချစ်တယ်။ "
ကောင်လေးကို သူ့ခွေးလေးကို လက်ညှိုးထိုးပြကာ ပြောသည်။ လူကြီးက ခွေးကို မျက်စောင်းထိုးကာ မကျေမနပ် ရွေရွတ်သည်။
"ခွေးနဲ့ ဦး ဘယ်သူ့ကို ပိုချစ်လဲ။"
လူကြီးက ခွေးနှင့်တောင် အချစ်ကို ဝေမျှချင်ပုံမရပေ။ ကောင်လေးက ညစ်ကျယ်ကျယ်ဖြင့်ပြုံးလိုက်သည်။ ထို့နောက် ကောင်လေးက
"အရာအားလုံးထက် ဦးကို ပိုချစ်တယ်"
"ကလေးရဲ့ ကောင်မလေးထက်လား။"
ကောင်လေးက အားရပါးရ ရယ်လိုက်သည်။ လူကြီးရဲ့ပါးနှစ်ဖက်ကို ဖျစ်ညှစ် လိမ်ဆွဲလိုက်သည်။
"အဲဒါက သားကောင်မလေးမဟုတ်ဘူး။ ဦးဆီကို ပြေးသွားမှာစိုးလို့ သူက သားရဲ့လက်ဆွဲထားတာပါ။"
လူကြီးက သက်ပြင်းတစ်ချက်ချကာ ကောင်လေးကို မြတ်မြတ်နိုးနိုး နမ်းလိုက်သည်။
"တော်သေးတာပေါ့ကွာ။  ကလေး…။"
"ဗျာ"
" ကလေးကို ဦးမောင် ကတိပေးတယ်။ ကလေးကို အမြဲတမ်း ချစ်နေမယ်။ ဘယ်တော့မှ ခွဲမသွားဘူး။ ကလေးရော …"
"တူတူပဲလေ"
"ဆုံးရှုံးမှုတွေ တွေ့ရင်ရော ဦးမောင်ကို ထားခဲ့မှာလား။"
"လက်တွဲမဖြုတ်ဘူး"
"ပတ်ဝန်ကျင်က တိုက်ခတ်ရင်ရော"
"လက်တွဲမဖြုတ်ဘူး"
"……………ရော"
"လက်တွဲမဖြုတ်ဘူး။"
တစ်ခါတလေ သေချာခိုင်မာတဲ့ အချစ်တစ်ခုအတွက် သိပ်စဉ်းစားနေဖို့တော့ မလိုဘဲ ချစ်နေဖို့ပဲ လိုတယ်ဆိုတာ၊ အချစ်က အရာရာကို ကျော်လွှားပေးပါ့လိမ့်မယ် ဆိုတာကို နှစ်ဦးစလုံး ယုံကြည်လျက်……… ။
လူကြီးက ကောင်လေးနားကို တစ်ခုခု ကပ်ပြောလိုက်သည်။ ကောင်လေးက ဟေးခနဲ အားရဝမ်းသာ အော်ဟစ်လိုက်သည်။ တစ်ခုတည်းသော ဘာသာရေးနှင့် လူမှုရေးအတားအဆီးကို သူတို့ ကျော်လွှားနိုင်ခဲ့ပြီ။ နောက်ထပ်အရာရာတိုင်းကိုလည်း သူတို့ ကျော်လွှားနိုင်ပေလိမ့်မည်ဟု ယုံကြည်လျှက်  ………။
                     ပြီးပါပြီ။
**-** ရန်ကုန်ကဆရာဝန်နဲ့ GTC ကျောင်းသားလေး သက်ဆုံးတိုင် ပေါင်းဖက်နိုင်ပါစေလို့ ဆန္ဒပြုလျှက်****
                 သက်တန့်ချစ်သူ

သမုဒယကြိုးWhere stories live. Discover now