1 - Thanks Jeon

28.2K 1.2K 5
                                    

Zawgyi Version

" Jeonက ဒီနှစ် ကျောင်းတက်မယ်တဲ့ "

" တကယ်ကြီး ! အား .. သူကျောင်းနားနေတာ ကြာပြီမလား? ပျော်လိုက်တာ "

" ငါကျောင်းပြီးခါနီးမှ သူကကျောင်းလာတက်မှာတဲ့လား? Jeonနဲ့ နှစ်နည်းနည်းပဲတွေ့ရတော့မှာပေါ့ .. ကြေကွဲနေပြီ "

" ငါတော့ ကျအောင်ပဲဖြေတော့မယ် ! Jeonနဲ့ ကြာကြာတွေ့ရအောင် "

" ငါတို့အတန်းမှန်မှန်တက်ကြရအောင် .. ဒါမှ Jeonနဲ့တွေ့နိုင်ချေများမှာ "

" အား Jeon .. အရမ်းချောတာပဲ !! Jeonနဲ့တွေ့ဖို့ မစောင့်နိုင်တော့ဘူး "

" Jeon .. Jeon .. ဘာလို့ဒီလောက်တောင် ပြည့်စုံနေရတာလဲ ။ ငါ့ကောင်လေးဖြစ်ပေးပါ Jeonရေ "

တစ်ကိုယ်လုံး အနက်ရောင်လွှမ်းနေပြီး maskတစ်ခုအုပ်ထားသော်လည်း ချောမောမှုအရှိန်အဝါ တောက်နေဆဲဖြစ်သော ကောင်လေးတစ်ယောက်ဧ။် ဓာတ်ပုံတစ်ခုနှင့်အတူ "I'll attend class this year"ဆိုသည့် captionနှင့် postတစ်ခုက social mediaထက် ပျံ့နှံ့နေသည် ။

ထိုpostကိုပင် captionအမျိုးမျိုးတပ်ပြီး shareနေကြသော postတွေချည်း Newsfeedတစ်ခွင် မြင်နေရသောကြောင့် Taehyungတစ်ယောက် data off ပြီး facebookမှ ထွက်လိုက်သည် ။

ဘာလို့ဒီလောက်တောင် အရူးအမူးဖြစ်နေရပါသလဲ စဉ်းစားမိပေမဲ့ အရေးကြီးသော အကြောင်းအရာတစ်ခုဟု မယူဆမိသဖြင့် ခေါင်းထဲမှ လွယ်လွယ်ထုတ်လိုက်သည် ။

" ကျောင်းအင်္ကျီ 1ထည် .. အဝတ်အစား 5ထည် .. ဘောင်းဘီ 3ထည် .. ဘောပင်တစ်ဘူး .. ရေချိုးသုံးပစ္စည်း .. ဝင်ခွင့်စာရွက်တွေ .. မှတ်ပုံတင် .. အင်း ဘာမှမကျန်တော့ဘူး ရပြီ "

ခရမ်းရောင်အိတ်လေးကို ဇစ်ဆွဲပြီး ပိတ်လိုက်သည် ။

ရေချိုးပြီး အဖြူရှပ်ပွပွတစ်ထည်နှင့် ဘောင်းဘီတိုတစ်ခု တွဲဝတ်လိုက်သည် ။

အခုဆို သူသွားဖို့ အဆင်သင့်ဖြစ်သွားပြီ ဖြစ်သည် ။

" ထယ်လေး .. ကားရောက်နေပြီ အကုန်ပြင်ပြီးပြီလား "

လာမေးသော မေမေ့ကို အားရပါးရ ပြေးဖက်ကာ ပါးတစ်ဖက်ကို မွှေးကြူလိုက်ပြီး ငိုမဲ့မဲ့ပုံစံလေးဖြင့် ပြောမိသည် ။

PROTECTIVE JEON [A KookV Story]Where stories live. Discover now