3 - Alien ?

10.6K 1.1K 111
                                    

Zawgyi version

ဦးတည်ချက်မရှိ အမြန်ဆုံး ပြေးနေရာမှ ခပ်မာမာ အရာတစ်ခုကို တိုက်မိတာကြောင့် Taehyungနောက်ပြန် လဲကျသွားရသည် ။

" အာ! ဒီတိုင်ကြီးက ဘာလို့ ငါ့ရှေ့ကို "

ခေါင်းကိုမော့လိုက်သည်နှင့် တစ်ကိုယ်လုံးအနက်ဝတ်ထားသည့် လူကိုမြင်လိုက်ရသောကြောင့် Taehyungစကားတောင်ဆုံးအောင် မပြောနိုင်တော့ ။

နေပါဦး စောစောက ဒီလူ့ရင်ဘတ်ကို တိုက်မိပြီး လဲကျသွားတာပေါ့ ! ငါလေးမှာ ဗိုက်ပူပူလေးရှိတာကလွဲလို့ အားအရမ်းမပျော့ပါဘူး .. ဒီလူက လူလား ကျောက်တုံးကြီးလားပဲ .. သာမန်မဟုတ်လောက်ဘူး .. ဂြိုဟ်သားများလား??

" ထူပေးရဦးမှာလား "

နှာတံဖျားထိ အုပ်ထားသော ဦးထုပ်ကြောင့် မျက်နှာကို အပြည့်မမြင်ရစေကာမူ ထိုသူ စကားပြောလိုက်သောအခါ လှုပ်သွားသော နှုတ်ခမ်းများနှင့် မေးရိုးတို့ကို Taehyungငေးနေမိသည် ။

သေချာတယ်! လူမဟုတ်လောက်ဘူး .. မျက်နှာမမြင်ရပဲကို ဒီလောက်ချောနေတာ !!

" မဖြေရင် သွားပြီ "

ထွက်သွားသော ထိုသူဧ။် ခြေတံတို့ကို Taehyungလဲရာမှ မထ ငေးကြည့်နေမိသည် ။

ခြေတံတွေကလည်း အရှည်ကြီးပဲ .. ဒီလောက်ပြည့်စုံနေတာ လူမဟုတ်တာ သေချာပြီ.. သူက သူက ဂြိုဟ်သားပဲ! ငါ ဂြိုဟ်သားနဲ့ တွေ့လိုက်ရတာပဲ

အသက်နှုတ်မသွားတဲ့အတွက် ကျေးဇူးကြီးလှကြောင်းပါ ဂြိုဟ်သားကြီးခင်ဗျ !!

~•~•~

လမ်းညွှန်စာရွက်လေး အကူအညီဖြင့် dining hallထဲသို့ Taehyungရောက်လာသည် ။

တစ်ခြားဘက်က ကြည့်လျှင် မမြင်နိုင်သည့် ချောင်ကျသော စားပွဲတွင် ထိုင်လိုက်သည် ။

မီနူးစာအုပ်ကို ကြည့်လိုက်သောအခါ Taehyungတစ်ယောက် မျက်လုံးများ အပြင်သို့ ထွက်ကျတော့မတတ်ပင် ။

ဘေးပတ်ဝန်းကျင်သို့ အကဲခတ်လိုက်ရာ ဒီမျှဈေးကြီးလှသော အစားအစာများကို များပြားစွာ မှာစားနေကြသူချည်းပင် ။

PROTECTIVE JEON [A KookV Story]Where stories live. Discover now