10 - Throughout the night

8.3K 860 69
                                    

Zawgyi Version

လက်ချိုးခံလိုက်ရသော ပုဂ္ဂိုလ်ခမျာ ကျိုးသွားသောလက်ကို ကိုင်ရင်း အော်ညည်းနေသည် ။

ကျန်သော ကျောင်းသားများမှာ သူတို့လူအား ကူညီရန် ရှေ့တိုးလာကြဧ။် ။

အနက်ရောင် ဝတ်စုံပြည့်နှင့်လူကို ခဏကြာ ငေးနေကြပြီးမှ ကျောင်းသားတစ်ယောက်က ထအော်ရင်း ထွက်ပြေးသည် ။

" ဒါ Jeon .. Jeonပဲ ဟေ့ကောင်တွေ လစ်ကြမယ် "

ထွက်ပြေးသော ကျောင်းသားဧ။် ဂုတ်ကို Jeonက ကော်လာမှ ကိုင်ကာ လှမ်းဆွဲလိုက်ပြီး ခြေဖြင့် နောက်ကျောကို ပိတ်ကန်ပစ်လိုက်သည် ။

ထိုကျောင်းသားခမျာ လွင့်သွားရပြီး မြေကြီးပေါ်မှ မထနိုင်တော့ ။

နောက်ဆုံး ကျန်ရှိသော ကျောင်းသားမှာ ဘာလုပ်ရမည် မသိတော့ပဲ ဒူးထောက်ထိုင်ချလိုက်ပြီး Jeonဧ။် ခြေအစုံကို လက်နှင့် တွယ်ဖက်သည် ။

" မှားသွားပါတယ် .. တောင်းပန်ပါတယ် .. တစ်ခါလောက် တစ်ခါလောက်တော့ ခွင့်လွှတ်ပေးပါ Jeon "

" တောင်းပန်တယ်ဆိုတာနဲ့ စောစောက ဘေဘီ့ကို ရိသဲ့သဲ့ပြောပြီး ထိပါးခဲ့တဲ့အမှန်တရားကို မေ့ပစ်ပေးရမယ်ပေါ့ ဟုတ်လား"

" ဒါ .. ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ လက်ကလည်း ကျိုးခဲ့ရတာပါပဲ .. ဒါလေးလုပ်မိတာကို လက်ချိုးပစ်တဲ့အထိက မတန်ပါဘူး "

ဒူးထောက်နေရသည့်တိုင် လေသံတို့၌ မနှစ်မြို့ခြင်းက ပေါ်လွင်တာကြောင့် Jeonရယ်မိသည် ။

" ဟား .. ဟုတ်တာပေါ့ ဘယ်တန်ပါ့မလဲ .. တကယ်ဆို အဲ့လက်ကို အရင်းကနေပါ ဖြတ်ပစ်ပြီး ခွေးစာကျွေးပစ်သင့်တာ "

ထိုကျောင်းသားမှာ ဆွံ့အသွားဟန်ဖြင့် Jeonကို မော့ကြည့်ပြီး ဘာမှဆက်မပြောတော့ ။ အံကိုတော့ တင်းတင်းကြိတ် ထားခဲ့သည် ။

ပြောပြီးသည်နှင့် အနီးမှ တွေတွေလေး ငေးကြည့်နေသော Taehyungဧ။် ခါးကို Jeonဖက်လိုက်ပြီး ထိုနေရာကို ကျောခိုင်းကာ နှစ်ယောက်အတူ ကားထဲသို့ ဝင်လိုက်သည် ။

" တစ်ယောက်က လက်ကျိုးသွားတယ်ဆို daddy "

လည်ပင်းလေးကို မာဖလာပြန်ပတ်ပေးနေရင်းက တိုးဖွဖွပြောလာသော Taehyungဧ။် နှုတ်ခမ်းလေးကို Jeon နှုတ်ခမ်းများဖြင့် ထိကပ်လိုက်သည် ။

PROTECTIVE JEON [A KookV Story]Tempat cerita menjadi hidup. Temukan sekarang