5 - Someone explain me!

10K 1K 159
                                    

Zawgyi Version

Taehyungတစ်ယောက် တစ်ကိုယ်လုံး အေးခဲနေသကဲ့သို့ ခံစားနေရပြီး လှုပ်ရှားရန်လည်း မစွမ်းနိုင်ချေ ။

ထွက်ပြေးချင်သောစိတ်မှာ ပြင်းထန်နေသော်လည်း ကြောက်စိတ်က ပို၍စိုးမိုးလျက်ရှိရာ ခန္ဓာသည် စိတ်သွားတိုင်း ကိုယ်မပါတော့ ။

ထို့ကြောင့် ခုတင်ပေါ်၌သာ ဆက်လက်၍ ထိုင်နေမိသည် ။

" အဆင်ပြေရဲ့လား .. Jeonဆိုတဲ့ကောင်က တအားဆိုးတယ်မလား မင်းရဲ့အနောက် တအားနာနေရင်ပြောနော် ငါ့ဆီက ဆေးပေးမယ်သိလား"

မည်သည်ကို ဆိုလိုမှန်းမသိသော အထူးအဆန်း စကားများပြောနေသော ဆံပင်အဝါနှင့် ကောင်လေးကို Taehyungမျက်လုံး အဝိုင်းသားဖြင့် ကြည့်နေမိသည် ။ တုံ့ပြန်စကား တစ်ခွန်းမှလည်း မပြောမိ ။ စိတ်ထဲ၌သာ အတွေးများ ချာလည်နေသည် ။

ဘာလဲ ဘာတွေပြောနေတာလဲ? ဘာကနာတာ? ငါ့ရဲ့အနောက်? အဲ့ဒါ ဘာကြီးလဲ?

ထိုဆံပင်အဝါနှင့် ကောင်လေးက သူ့ပုခုံးထက်တွင် မတ်တပ်အိပ်နေသော ကောင်လေးနှင့်အတူ Taehyungထိုင်နေသော ခုတင်ပေါ်သို့ ထိုင်ချလိုက်သည် ။

" မင်းကလည်းကွာ .. ဒါမျိုးက ရှက်စရာမဟုတ်ပါဘူး! ငါရဲ့ daddyဆိုလည်း တအားဆိုးတာပဲ .. ငါဆို စစချင်းတုန်းက အိပ်ရာထဲ နှစ်ရက်လောက် လဲနေရတာ "

ထပ်ပြီး! ပြောပြန်ပြီ! တကယ်ပါပဲ ဆိုလိုချင်တာကို ဒဲ့ပြောစမ်းပါ ဆံဝါကောင်ရဲ့!! တွေးရတာ ခေါင်းပူပါတယ်ဆိုမှပဲ !!

Taehyungစိတ်ပေါက်ပေါက်နှင့် တွေးလိုက်မိသည် ။ အပြင်၌မူ မျက်နှာ၌ ခံစားချက် တစ်စုံတစ်ရာ မဖော်ပြမိပေ ။

" ပြောပါဦး .. မင်းနဲ့ Jeonရဲ့ first timeလေး "

First timeဆိုတာ ပထမဆုံး တွေ့ဆုံခြင်းလို့ပြောတာလား? ပထမဆုံးတွေ့တာက ငါပြေးရင်း Jeonကို တိုက်မိတာက စတာပဲ!

မျက်လုံးလေးကို အပေါ်ကို မော့ကြည့်ရင်း မေးခွန်းကို မည်သို့ဖြေရပါမလဲ Taehyungအသည်းအသန် စဉ်းစားနေမိသည် ။

" တော်တော့! လျှောက်မေးမနေနဲ့ .. ငါတို့ ဘာမှမဖြစ်ရသေးဘူး .. ဖြစ်မယ်လုပ်နေတုန်းမှာပဲ မင်းတို့ရောက်လာတာ !! "

PROTECTIVE JEON [A KookV Story]Where stories live. Discover now