2 - Please help me

12.4K 1K 21
                                    

Zawgyi Version

ကျောင်းဂိတ်ဝရောက်သည်နှင့် ကားရပ်ပေးသောကြောင့် Taehyungတစ်ယောက် အိတ်ကိုဆွဲရင်း ကားပေါ်မှ ဆင်းလိုက်သည် ။

ကျောင်းဂိတ် တံခါးထက်မှ " Jeon University "ဆိုသည့် စာတန်းကို မော့ငေးမိသည် ။

ထည်ဝါသော ရွှေရောင်နှင့် ရေးထိုးထားသော စာလုံးသည် ခမ်းနားလှပေသည် ။

" ချမ်းသာလိုက်တာ "

ခပ်တိုးတိုး ရွတ်ဆိုကာ ကျောင်းသို့ ၀င်မည်အပြု ..

" အပြင်လူဆိုရင် အထဲဝင်ခွင့်မရှိပါဘူး "

လုံခြုံရေးဟု ယူဆရသော ယူနီဖောင်းဝတ် ပုဂ္ဂိုလ်တစ်ဦးက Taehyungကို တားသည် ။

" အာ .. ကျွန်တော်က ကျောင်းသားခင်ဗျ .. ဒီနေ့မှ ကျောင်းပြောင်းလာလို့ပါ "

Taehyung ယဉ်ယဉ်ကျေးကျေး ပြန်ပြောမိသည် ။

" အဲ့ဒါဆို ကျောင်းဝင်ခွင့်စာရွက်လေး တစ်ချက်လောက် "

" အော် .. ဟုတ်ကဲ့ခင်ဗျ "

အိတ်ထဲမှ စာရွက်အချို့ကို ထုတ်ပြီး ပြလိုက်ပါမှ ထိုပုဂ္ဂိုလ်က ပြုံးပြီးဆိုသည် ။

" ဝင်လို့ရပါပြီ .. တစ်ချို့အပြင်လူတွေက ဒီကျောင်းကို မလေးစားပဲ အဝင်အထွက်လုပ်မှာစိုးလို့ ကျွန်တော်တို့လည်း တားရတာပါ .. စိတ်မရှိပါနဲ့ "

" ရပါတယ်ဗျ .. ဒါနဲ့လေ ဒီကျောင်းက အဆောင်က ဘယ်ဘက်မှာလဲ ကျေးဇူးပြုပြီး ပြောပြပါလားဟင် .. ဒီကို တစ်ခါမှ မရောက်ဘူးတော့ မသိလို့ "

" ဒီလမ်းညွှန်စာရွက် ယူသွားလိုက်ပါ "

ထိုလူက ခြင်းတစ်ခုထဲရှိ ကျောင်းလမ်းညွှန် စာရွက်တစ်ချို့ထဲမှ တစ်ရွက်ကို ထုတ်ပြီး Taehyungကို ပေးသည် ။

" ကျေးဇူးတင်ပါတယ် .. "

Taehyung ခါးကိုင်းညွတ်ကာ ပြောလိုက်ပြီး ရွှင်မြူးသော ခြေလှမ်းများဖြင့် ကျောင်းဝင်းထဲသို့ ဝင်လာခဲ့သည် ။

တော်တော် စည်းကမ်းကြီးတဲ့ ကျောင်းပဲ .. အဲ့ဒါကြောင့်လည်း တော်တဲ့သူတွေများတာနေမှာ !

ကျောင်းဧ။် အဆောက်အအုံများသို့ရောက်ရန် လမ်းမပေါ်တွင် ၁၅မိနစ်ခန့် လျှောက်ရသေးသည် ။

PROTECTIVE JEON [A KookV Story]Where stories live. Discover now