11 - Don't come in !!

7.9K 790 65
                                    

Zawgyi Version

မနက်ခင်း ရောက်ပြီဖြစ်ကြောင်း အလိုလို သိစိတ်ကြောင့် Taehyungမျက်လုံးများကို ဖွင့်လိုက်မိသည် ။

နူးညံ့လွန်းသော အိပ်ရာပေါ်မှ မဆင်းချင်သေးသော်လည်း ထလိုက်ပါသည် ။

ကျယ်ဝန်းသော အခန်းကို မျက်စိကစားမိရင်း တစ်နေရာ ရောက်သည့်အခါ အကြည့်တို့ ရပ်တန့်သွားရသည် ။

ဟင်! Jeonက ဘာလို့ ဒီကိုရောက်??

ကုတင်ပေါ်မှ ဆင်းလိုက်ပြီး ဆိုဖာပေါ်၌ အိပ်နေသော သဏ္ဌာန်ရှိရာသို့ Taehyungဦးတည်လာမိသည် ။

စဉ်းစားပါဦး! ညက Jeonက ငါလေးနဲ့ အတူတူ အိပ်တာမဟုတ်ဘူးလား? ဘာလို့ အခု ဒီရောက်နေတာလဲ? မဟုတ်မှ! Jeonက ငါလေးနဲ့ မအိပ်ချင်လို့များ ဒီမှာ အိပ်နေတာလား??

စိတ်ထဲ အနည်းငယ်မျှ ၀မ်းနည်းသွားမိပေမဲ့ Taehyungထပ်ပြီး တွေးမနေတော့ ။

ရှည်လျားသော အရပ်အမောင်းကြောင့် ဆိုဖာနှင့် မဆန့်ပဲ အပြင်သို့ ထွက်နေသော Jeonဧ။် ခြေထောက်နှစ်ဖက်မှ ခြေချောင်းလေးများကို Taehyungငေးနေမိသည် ။

Jeonရဲ့ ခြေမကြီးကလည်း ကြီးလိုက်တာ! ခြေမကြီးရင် ဘာလည်း ကြီးတယ်ဆိုလား?? ကြားဖူးတာပဲ! အာ.. မေ့သွားပြီ!

အင်္ကျီက ကပ်နေတော့ Jeonရဲ့ ဗိုက်ကြွက်သားတွေက မြင်နေရသေး! ငါလေးနဲ့များ တစ်ခြားစီ!

ဒီကြွက်သားတွေသာ ငါလေးဗိုက်ပူပူမှာ ရောက်လာလို့ကတော့ Kim Taehyungတို့  6 packsတွေနဲ့ လှနေတော့မှာ! ဟိဟိ!!

အာ .. Jeonရဲ့ နှုတ်ခမ်းတွေကလည်း ဟနေတယ် .. ခြင်တွေဝင်ကုန်တော့မှာပဲ ပြန်ပိတ်ပေးမှပါ !

အတွေးတို့ကို ခဏဖြတ်တောက်လိုက်ရင်း ဆိုဖာဘေး ဝင်ထိုင်လိုက်ပြီး လက်လေးတွေနဲ့ Jeonနှုတ်ခမ်းကို ကိုင်လိုက်ပြီး အပေါ်အောက် စိချပေးလိုက်သည် ။

ထိုစဉ် ရုတ်တရက် ပွင့်လာသော Jeonမျက်လုံးများကြောင့် Taehyungတစ်ယောက် လန့်သွားကာ လက်ကလည်း Jeonနှုတ်ခမ်းကြီး ကိုင်လျက်သားနှင့် ရပ်တန့်သွားသည် ။

" ကိုယ့်ကို နမ်းချင်လို့လား ဘေဘီ "

Jeonက ခပ်ဟဟရယ်ရင်း မေးခွန်းတစ်ခု မေးလာသည် ။

PROTECTIVE JEON [A KookV Story]Where stories live. Discover now