🍁

46.9K 1.4K 77
                                    

Zawgi...

ချက်ချင်းဆိုသလို ရှဲ့လျန်မျက်လုံးတွေ ပြူးပြာသွားခဲ့သည်။သူ့ဘဝတွင် ဘယ်သူကမှ ဒီလိုမျိုး ဘယ်တုန်းကမှ ဆက်ဆံမခံရခဲ့ဖူးပေ။

ပထမအနေဖြင့် ဘယ်သူကမှ မလုပ်ရဲပေ။
ဒုတိယအနေဖြင့် ဘယ်သူကမှ မလုပ်နိုင်ခဲ့။
ဒါပေမယ့် ဒီလူကတော့ နတ်ဆိုးတကောင်လို လျင်မြန်စွာထွက်ပေါ်လာခဲ့ပြီး ရှဲ့လျန်ကိုယ်တိုင် သူ့ကိုယ်သူ ခုခံနိုင်ဖို့အခွင့်အရေးရှိလျှင်တောင် မခုခံနိုင်ဘဲ အခုလိုအခြေအနေကိုကျရောက်ခဲ့သည်ပင်။

မူမမှန်သည့်အဖြစ်အပျက်ကြောင့် ရှဲ့လျန်ပျာယာခတ်သွားပြီးသူ့ရဲ့ခြေထောက်တွေကို အပြင်းအထန်ရိုက်ခတ်ရင်းကွဲကွာသွားစေဖို့ရာ အခြားဘက်သို့တွန်းထုတ်ဖို့ကြိုးစားလိုက်သည်။သို့သော်
ပါးစပ်ထဲသို့ ရေတွေအများကြီးဝင်ပြီး အသက်မရှူ နိုင်အောင်မွန်းကျပ်သွားစေမယ့်အစား ရေအချို့ကသာ သူ့ပါးစပ်ထဲမှပြန်ထွက်လာသည်။
ဒါက ရေထဲမှာ ရှိမနေတော့ဘူးဆိုသည့်သဘော~

ရှဲ့လျန် ခါးတွင်ဖက်တွယ်ထားသော လက်အစုံကသူ့ကို ပိုတင်းကျပ်အောင် ဖက်လိုက်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေကိုပါ ပိုပြီးနီးကပ်အောင် ဖိကပ်စေလိုက်ပြန်သည်။
ရှဲ့လျန်၏ ရုန်းကန်လှုပ်ရှားနေသည့်လက်တွေကိုလည်း ခိုင်မြဲစွာ ကွေးလိုက်ပြီးသူ့ရင်ဘတ်ဆီကိုသာလှုပ်မရအောင် ဖိကပ်ခံထားရရင်း ရှဲ့လျန် နှုတ်ခမ်းတွေသည်လည်း ညင်သာသောရေစီးတွေကြား တစိမ်စိမ့်တိုက်ခတ်နေသောလေထုအလယ်တွင်အတားအဆီးမဲ့စွာ ဖိပိတ်ခံစားရဆဲ ပိုမိုနက်ရှိုင်းစွာပင် အနမ်းခံထားရသည်။

နောက်ဆုံးတွင် ရှဲ့လျန်သည် အကူအညီမဲ့စွာဖြစ်နေသည့် မိမိကံတရားကိုသာ လက်ခံဖို့ရာဆုံးဖြတ်လိုက်ပြီး မျက်လုံးတို့ကိုဖွင့်ကြည့်လိုက်တော့ ထိုလူ၏ မျက်နှာအားရှင်းလင်းစွာမြင်လိုက်ရသည်။

ထိုလူက ဟွားချန်ဖြစ်သည်။

သူက ဟွားချန် ဆိုသည်ကိုသိလိုက်သည့်တပြိုင်နက် ရှဲ့လျန် အတွေးများဖြင့်ပျာယာခတ်သွားရပြန်သည်။

ဟွားချန်သာဆိုလျှင် သူကအေးစက်နေသည်မှာအဆန်းမဟုတ်ပေမယ့် နတ်ဆိုးတွေကအသက်မရှူ ဖို့မှမလိုအပ်ဘဲ!
ဒါပေမယ့် သူက ငါ့ကို လေအထောက့်အပံ့ပေးနိုင်တုန်းတဲ့ ပြီးတော့ နတ်ဆိုးတွေကရေမှမနစ်နိုင်ဘဲ

Heaven' offical blessing Where stories live. Discover now