ရှဲ့လျန်သည် ဟွားချန်အားချက်ချင်းပွေ့ဖက်လိုက်ကာ သတိပေးသောအသံဖြင့်စိုးရိမ်စွာပြောသည်။
"စန်းလန် ဘာဖြစ်တာလဲ''
ဟွားချန်ကတော့ အေးဆေးသက်သာစွာပင် ပြန်ပြောလာ၏။
"ဘာမှမဖြစ်ပါဘူး ကျနော် နည်းနည်း အင်အား
အသုံးများသွားလို့ပါ''ရှဲ့လျန်က အံ့အားသင့်စွာဖြင့်
"ခုနာကတည်းက ဘာလို့မပြောရတာလဲ
ဘာမှမဖြစ်ဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မလဲ''ဒါက မှော်စွမ်းအင်တွေလေ...ဒါတွေအားလုံးကမှော်စွမ်းအင်တွေ...
ဟွားချန်က ရှဲ့လျန်ဆီသို့ မှော်စွမ်းအင်တွေကိုပေးလိုက်သည်သာ။ထိုသို့ပေးလိုက်သောဟွားချန်၏စွမ်းအင်တို့က အကန့်အသတ်မရှိသည့်အရင်းအမြစ်တစ်ခုလိုမျိုး...ရှဲ့လျန်ယူသွားခြင်းအတွက်လည်း ထိုစွမ်းအင်တွေက အဆုံးမရှိတည်ရှိနေသလိုမျိုး...ဟွားချန်ကတော့ ဘာကိုမှဝန်လေးနေပုံမပေါ် ရွှင်ပျစွာ ပြုံးနေတတ်၏။
သို့သော် ဟွားချန်၏စွမ်းအားတွေက လေလှိုင်းတွေကယူဆောင်လာသော သဲမှုန်လေးများကြောင့် ဖြစ်တည်နေသည့် တောင်တတောင်လိုမျိုး အမြဲဖြစ်တည်နေတာမျိုး ဘယ်ဖြစ်ပါ့မလဲ
အမြဲ အကန့်အသတ်မရှိ အဆုံးမဲ့နေသည်ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ခုနာက ဖြစ်သွားခဲ့သည့်အရာအားလုံးကို ပြောမပြခဲ့လို့ ဟွားချန်ကို ရှဲ့လျန်အပြစ်မတင်ပေမယ့် အဲ့ဒီခုနာက ဖြစ်သွားခဲ့သည့်အရာများကို သဘောမပေါက်လိုက်သည့်ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေမိသည်။ရှဲ့လျန်သည် နောင်တရသလိုခံစားလာရပြီးကြောက်ရွံ့စိုးရိမ်မှုများဖြင့် ပြောလိုက်၏။
"ငါ ပြန်ပေးမယ်''
ထို့နောက် ရှဲ့လျန်က ဟွားချန်မျက်နှာလေးကို လက်ဖဝါးနှစ်ဖက်ဖြင့်အုပ်ကိုင်ကာနှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။ဖုန်ရှင်းနှင့် မုချင်တို့သည်လည်း အစကတော့ ရှဲ့လျန်တိုဆီလာနေတာပေမယ့် ထိုမြင်ကွင်းကိုမြင်လိုက်သည်နှင့် ချက်ချင်း အဝေးသို့ပြန်ပြေးသွားကြလျက် အဝေးတနေရာကနေသာ သူတို့နှစ်ယောက် ကိုစောင့်ကြည့်နေသည်။
YOU ARE READING
Heaven' offical blessing
Randomစိတ်ကူးတည့်ရာchapterလေးတွေကိုဘာသာပြန်ပေးပါသည်။ ကိုကိုနှင့် ဟွားချန်တို့ရဲ့ ရိုဆန်ဆန် ကလိကလိအပိုင်းလေးများကိုသာ သီးသန့် ပြန်ပေးပါသည်။ Pics are not my own. I credit owner💗