Zawgyi...
"ကိုကို ကိုကို''
ခေါ်သံလေးကိုကြားမှ ရှဲလျန်သည် အတွေးများထဲမှပြန်လည်သတိဝင်လာသည်။
ဟွားချန်က ရှဲ့လျန်ဘေးနားတွင်ထိုင်နေကာ ရှဲ့လျန်အား တစိမ့်စိမ့်ကြည့်နေလေ၏။ အနီစွေ့စွေ့သူ၏ ဝတ်ရုံလွှာဖြင့်ပနံရနေပုံက ဆွဲဆောင်မှုအပြည့်ရှိလှသည့်အပြင် ရှဲ့လျန် အားကြည့်နေသောမျက်လုံးလေးများကလည်း ရွှန်းလဲ့ဝေဆာနေလှသည်။မီးပုံးလေးများမှအလင်းရောင်တွေ ကျရောက်လျက်ရှိသောကြောင့် အလွန်ဖြူ စွတ်လှသော အသားအရည်ကိုပင် ထင်ဟပ်စေလျက် ဟွားချန်၏အသက်မဲ့နေသော ပုံစံကို ထင်ရှားနေစေပြန်သည်။ရှဲ့လျန်သည် စိတ်ပျံ့လွင့်နေသည်ကိုပြန်လည်စုစည်းလိုက်ကာ ဟွားချန်ကိုကြည့်ပြီးပြောလိုက်၏။
"ဘာဖြစ်လို့လဲ''
ရှန့်လျန်ရဲ့အမေးကိုဟွားချန်က ပြန်မေး၏။
"ကိုကို ပင်ပန်းနေတာလား ဘာဖြစ်လို့လဲ
လမ်းမလျှောက်နိုင်လို့လား ဟင်''ရှဲ့လျန်သည် ဘာကိုမှမစဉ်းစားဘဲ ခေါင်းကိုသာညိတ်ပြလိုက်သည်။
ထိုအခါ ဟွားချန်ကပြော၏။" တောင်းပန်ပါတယ် ကိုကို
ညက ကျနော်လုပ်တာအရမ်းများသွားလို့''ဟွားချန်အပြောကို ရှဲ့လျန်သတိထားမိသွားကာ သူ့ဘာသူသဘောပေါက်မိသွားနောက် ရှဲ့လျနိသည်လက်များကိုယမ်းခါကာ
"မင်း ဘာကိုပြောတာလဲ ဘာမှမဖြစ်ပါဘူး !
ဘာမှလုပ်စရာလည်းမရှိပါဘူး! "ထိုအခါ ဟွားချန်က မျက်ခုံးများကိုပင့်တင်ကာ
"တကယ်~ ဘာမှလုပ်စရာလည်းမရှိဘူးဆိုတော့ ဆိုလိုတာက ကျနော် သိပ်မလုပ်ခဲ့ဖူးဆိုတဲ့သဘောပေါ့ ဒါဖြင့် ကျနော်.......''
".........''
ရုတ်တရက် ရှဲ့လျန်သည် မိမိတိုနှစ်ယောက် ရောက်နေသည့်နေရာက တစ္ဆေ မြို့တော်ရဲ့ မီးပုံးပွဲအလယ်တွင်ရှိနေသည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် တစ္ဆေဘုရင်နှင့်အတူရှိနေသော သူ့အား စူးစိုက်ကြည့်နေကြသည့် သတိထားကြည့်နေကြသည့်အကြည့်များဖြင့် ဝန်းရံထားခံရကြောင်းကိုပါ သတိရလိုက်သည်။
YOU ARE READING
Heaven' offical blessing
Randomစိတ်ကူးတည့်ရာchapterလေးတွေကိုဘာသာပြန်ပေးပါသည်။ ကိုကိုနှင့် ဟွားချန်တို့ရဲ့ ရိုဆန်ဆန် ကလိကလိအပိုင်းလေးများကိုသာ သီးသန့် ပြန်ပေးပါသည်။ Pics are not my own. I credit owner💗