🍁

7.8K 769 41
                                    

ရှဲ့လျန်သည် အချက်အပြုတ်မကောင်းမှန်း သူ့ကိုယ်သူ သိသည်။

သူအခုလို ချက်ပြုတ်ပေးဖို့ အဆင်ပြေပါ့မလား သူမသေချာပေ။ သို့သော်လည်း...

ရှဲ့လျန်ကပြောလိုက်သည်။

"ငါ တစ်ခုခုစားဖို့လုပ်ပေးနိုင်ပါတယ်''

ထိုအခါ ဖူယောင်ကပြန်ပြော၏။

"ကျနော်တို့ ဒုက္ခမရှာသင့်ဘူး အရှင့်သား''

"လုံးဝ ဒုက္ခ မဖြစ်ပါဘူး ''

ရှဲ့လျန်ကပြောပြီး အလုပ်နှင့်ပြသရန် ဆူပွက်နေပြီးသားအိုးဆီသို့သွားကာ စွပ်ပြုတ်အချို့ကို ပန်းကန်လုံးပဲ့လေးထဲသို့ဇွန်းဖြင့် ခပ်ထည့်လိုက်သည်။

"ကျနော့်ရဲ့ဗိုလ်ချုပ်က ကျနော့်ကိုဆင့်ခေါ်တော့မယ်လို့ ကျနော်ယုံကြည်တယ်''

ဖူယောင်က မပြေပြစ်စွာ ပြော၏။

"ဒါဖြင့် လမ်းမှာစားဖို့... ''

ရှဲ့လျန်ကပြောရင်း ပန်းကန်လုံး ကို လက်ဆန့်ကာပေးလိုက်ပြီး ရှေ့သို့နှစ်လှမ်းလောက်တိုးလိုက်သည်။
ချက်ချင်းပဲ တပ်မှူးလေးနှစ်ယောက်သည် အနောက်သို့နှစ်လှမ်းပြန်ဆုတ်လိုက်ရ၏။
နန်ဖုန်းသည် ပန်းကန်လုံး ထဲမှပါဝင်သည့်အရာများကို သည်းမခံနိုင်သောကြောင့် မျက်လုံးတွေကိုမှိတ်လိုက်သည်။ ဖူယောင်က နှာခေါင်းရှုံ့ကာ

"လခွမ်း''
.
"ကျနော် တကယ် သွားရတော့မယ်'

"ကျနော့်ဗိုလ်ချုပ်က ကျနော့်ကိုလည်းဆင့်ခေါ်နေတာ ကြားနေရပြီ''

"သုံးဆောင်ပါ အရှင့်သား''

ဘုရားကျောင်း၏တံခါးကို သူတို့နှစ်ယောက်သည် ကြောက်ကမန်းလိလိ ဆော့ပိတ်သွားကာထွက်သွားကြသည်။

ရှဲ့လျန်သည် လက်ထဲမှ ပန်းကန်လုံးလေးကို ခေါင်းငုံ့ကာကြည့်ရင်း မျက်လုံးလေးများကိုသာတဖျတ်ဖျတ်ခတ်လိုက်၏။
စွပ်ပြုတ်သည် အညိုရောင်ဖြစ်နေသည်မှာမငြင်းသာပေ။
ရှဲ့လျန်လှီးဖြတ်ကာထည့်ထားသည့် ဟင်းသီးဟင်းရွက်တို့ကလည်း စွပ်ပြုတ်ဟင်းရည်ပေါ်တွင်မြုပ်ချည်ပေါ်ချည်ဖြစ်လျက် လှီးဖြတ်ထားသည့်ပုံစံတွေကလည်းပုံမကျပန်းမကျဖြစ်နေပြီး အရောင်ကိုပင်သဲကွဲစွာမမြင်နိုင်တော့ပေ။
ရှဲ့လျန်သည်ခေါင်းကိုရမ်းလိုက်ရင်း ပန်းကန်လုံးထဲမှစွတ်ပြုတ်ရည်ကိုတစ်ငုံစာသောက်လိုက်၏။

Heaven' offical blessing Where stories live. Discover now