Zawgi...
ရှဲ့လျန်တို့နှစ်ယောက် ကမ်းခြေကို ပြန်ရောက်လာကြတော့ ပင်လယ်ရဲ့မျက်နှာပြင်သည်မှောင်ရီပျိုးစပြု ပြီး မှောင်မိုက်လာပြီဖြစ်၏။
ရှဲ့လျန်သည် သစ်သားစတစ်ခုကိုမြေပြင်ပေါ်မှကောက်ယူလိုက်ကာ အဝေးသို့ပစ်ကြည့်လိုက်သည်။သစ်သားဆိုသည်မှာ ရေတွင်အမြဲပေါလောပေါ်နေတတ်ပေမယ့် ယခုတွင်ကား သစ်သားစသည် ပင်လယ်ရေပြင်၏တနေရာအရောက် ရေအောက်သို့ချက်ချင်းနစ်မြုပ်သွားလျက်ရှိသည်။
ရှဲ့လျန်က တောအုပ်ကြီးကိုပြန်ကြည့်လိုက်ရင်း ပြောလိုက်သည်။"လှေတစ်စင်းဆောက်ပြီးသွားဖို့လည်းအသုံးမဝင်လောက်ဘူး ဒီလိုအပြင်အဆင်မျိုးတွေကဒီမှာ အလုပ်မဖြစ်လောက်ဘူး ဒီကျွန်းကနေထွက်ခွာဖို့ ငါတို့ ဘာလုပ်သင့်တယ်ထင်လဲဟင်''
"အသုံးမဝင်ဘူးလို့ဘယ်သူပြောလဲ''
ဟွားချန်က ပြန်ပြောလာ၏။
"အခေါင်းတလားတစ်ခုကိုအသုံးပြုလို့ရတယ်
ဒါပေမယ့် လူသေတယောက်ထည့်ထားတဲ့အခေါင်းတလားကသာ ရေနက်မိစ္ဆာရဲ့သားရဲတွင်းထဲမှာ ပေါလောပေါ်နိုင်မှာ''ဟွားချန်စကားတို့မဆုံးခင်မှာ ရှဲ့လျန် ချက်ချင်းသတိရလိုက်မိတာက...
အခေါင်းတလား တစ်ခု...ဒီနေရာမှာသစ်ပင်တွေအများကြီးရှိတော့ပြုလုပ်ဖို့အဆင်ပြေပေမယ့် သေပြီးသားလူတယောက်?ရှဲ့လျန် မျက်လုံးတွေရဲ့မြင်ကွင်းထဲက ညာဘက်စွန်းပုံရိပ်လေးတစ်ခု ...ဟွားချန်က အဆင်ပြေပြေလေးပြုံး ပြလာလျက်
"ကျနော် အဲ့ဒီထဲမှာလှဲနေလိုက်ရင် အဆင်ပြေသွားပြီ မဟုတ်လား''
ဟွားချန်ပြုံးနေသော်လည်း ရှဲ့လျန် နှလုံးသားကအကြောင်းပြချက်အချို့ကြောင့် တင်းကျပ်လာရသြည်။
ဟွားချန်သည် လက်ဖဝါးတို့ကိုဖြန့်လိုက်သောအခါ ထိုလက်ဖဝါးတို့မှ အဲ့မင် ထွက်ပေါ်လာခဲ့သည်။သူတို့နှစ်ယောက်သည် လိုအပ်သောပစ္စည်းများစုဆောင်းရန်ပြောဆိုခဲ့ကြပြီး ပစ္စည်းများကိုစတင်စုဆောင်းကြသည်။တော၏အနက်ပိုင်းသို့ မသွားခဲ့ကြသောကြောင့် ချောင်းမြောင်းတိုင်ခိုက်မှုကိုလည်းမခံခဲ့ရဘဲသစ်ပင်များကို ခုတ်လှဲရန်စီစဉ်ခဲ့ကြသည်။အလုပ်လုပ်နေရသည့်အချိန်တွေဟာ မျက်စိတခတ်အတွင်းကုန်ဆုံးသွားခဲ့ပြီး ကောင်းကင်သည်အမှောင်ဝင်လာကာ ပတ်ဝန်းကျင်မှာလည်းသဲသဲကွဲကွဲမရှိတော့ချေ၊။သူတို့နှစ်ယောက်သည်အလုပ်တွေကိုခွဲဝေလုပ်ဆောင်ကြရင်း စမ်းသပ်ချက်များကိုလည်းသူတို့နည်းနှင့်သူတို့ပြုလုပ်ကြကာ နောက်ဆုံးတွင် အခေါင်းတလား တစ်ခု အောင်မြင်စွာဆောက်လုပ်ပြီးစီးခဲ့၏။
STAI LEGGENDO
Heaven' offical blessing
Casualeစိတ်ကူးတည့်ရာchapterလေးတွေကိုဘာသာပြန်ပေးပါသည်။ ကိုကိုနှင့် ဟွားချန်တို့ရဲ့ ရိုဆန်ဆန် ကလိကလိအပိုင်းလေးများကိုသာ သီးသန့် ပြန်ပေးပါသည်။ Pics are not my own. I credit owner💗