🍁

11.2K 878 54
                                    

ခြိမ်းခြောက်မှုတွေက ရှဲ့လျန်ကို လုံးဝ အနှောက်အယှက်မဖြစ်ခဲ့ပေ။သို့သော် သူ အနောက်မှလိုက်သွားချိန်တွင် သူ၏အနောက်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာ၏။
ဒေါသတကြီးဖြင့် ရိုက်ခွဲနေသလိုမျိုး ဟွားချန်သည် စာရွက်များ မင်ဘူးများနှင့်စုတ်တံများကို စားပွဲပေါ်မှမြေပြင်ပေါ်သို့ တွန်းဖယ်ချပစ်လေသည်။
ရှဲ့လျန်သည် ဟွားချန်၏ထိုပုံစံကြောင့် အဆိုးရွားဆုံးကြောက်လန့်နေရသည်ဖြစ်၍ ချီရုန်ကို ပြန်တုံ့ပြန်ဖို့ မဝံ့ရဲတော့ချေ ။ ရှဲ့လျန်က အနောက်သို့ပြန်လှည့်လိုက်ကာ

"စန်းလန်''

ရှဲ့လျန်ခေါ်လိုက်သည့် ရုတ်တရက် မှာပင် ဟွားချန်ကသူ့အနား ရောက်ချလာပြီးသူ့အားတင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ ဟွားချန်သည် စိုးရိမ်ထိတ်လန့်နေသော အသံဖြင့်တီးတိုးပြောလာသည်။

"ကျနော် လိမ်ခဲ့မိပါတယ် ကျနော့်ကိုထားမသွားပါနဲ့''

".......'' ရှဲ့လျန်သည် အလွန်သန်မာလှသော လက်မောင်းတစ်စုံကြား ပိတ်နှောင်ခံထားရသော ရုပ်ထုတစ်ခုကဲ့သို့ဖြစ်လာသလိုခံစားလာရသည်။

"စန်းလန်... ငါ့ကိုမှတ်မိလား?''

ဟွားချန်သည် အရာရာကိုမမှတ်မိနိုင်သည့်ပုံစံမျိုးဖြစ်နေပြီး သူ့ရှေ့မှာရှိနေသည်က မည်သူမည်ဝါဆိုသည်ကိုပင် သူမမှတ်မိခဲ့ပေ။
ဟွားချန်က သူ၏လက်မောင်းအတွင်း ရှဲ့လျန်ကို ပိုမိုတင်းကျပ်အောင်ပင် ဖမ်းဆုပ်ပွေ့ဖက်လိုက်ပြန်ကာ တီးတိုးလေး ထပ်ပြောလာပြန်သည်။

"ကျနော်လိမ်ခဲ့မိပါတယ်...ကျနော့်ကိုထားမသွားပါနဲ့''

ရှဲ့လျန်မျက်လုံးများပြူးကျယ်သွားရသည်။
နတ်ကွန်းအပြင်ဘက်တွင်တော့ ဂူကျီက မထိန်းချုပ်နိုင်စွာ ငိုကြွေးနေပြီး ချီရုန်၏ ကယောင်ချောက်ကြား ရယ်မောသံနက်နက်ကြီးကိုကြားနေရ၏။ချီရုန်က စူးစူးဝါးဝါးအော်ရယ်ရင်း ပြောလိုက်သည်။

"ဒီမှာ...ဟွားချန် လခွမ်းကောင်!!!
အဲ့ဒါတွေအားလုံးက မင်း ငါ့ကိုအထင်သေးခဲ့တဲ့အချိန်တွေအတွက် ပြန်ပြီးပညာပြလိုက်တာပဲ!
မင်းကိုယ်မင်းကြည့်စမ်း! တချိန်လုံးစိတ်ကြီးဝင်နေတဲ့အကောင်! အခုလိုဖြစ်အောင် မင်းပဲလုပ်တာ''

Heaven' offical blessing Wo Geschichten leben. Entdecke jetzt