ရန်သူ၏ အညို့စွမ်းအား 4

4.4K 286 2
                                        

ဆိုးလ်မြို့ရဲ့ ခရစ်တော် နာမ ဘုရားကျောင်းတစ်ခုတွင်...
လူတွေလည်း သိပ်မရှိပါ......
တိတ်ဆိတ်ခြောက်ကပ် ငြီးငွေ့ပြီး လူအများကြားတွင်
မျက်နှာငယ်ဖွယ်ကောင်း
လှသော ကျမတို့ရဲ့ ဈာပနာအခမ်းအနားပွဲ...

ဟုတ်သည်လေ...ကျမတို့ ညီအမ နှစ်ယောက်လုံးက
မိဘမရှိတော့..အမိအဖ ဆွေမျိုးရင်းချာ ဟူသည်
တစ်ယောက်မှ မရှိ...

အမိဟူသည်လည်း ညီမလေးကို မွေးမွေးချင်း ဆုံးသွားခဲ့
သည်။
အဖေဟူသည်မှာလည်း..အမေ သေဆုံးပြီးပြီးချင်း..
အရက်ကို ထမင်းလို မိတ်ဆွေလို မိတ်ဖွဲ့၍ မူးမူးရူးရူးနှင့်
ကျမ အသက် (15)နှစ်မှာ လမ်းမကြီးပေါ် ကားတိုက်ခံရပြီး ဆုံးသွားခဲ့သည်။

အဖေနှင့်အမေဟာ ရိုးရိုးသားသား လက်ထပ်ခဲ့ကြသည်
မဟုတ်...

အဖေက လူဆင်းရဲ...အမေက သူဋ္ဌေးသမီး..မေမေသည်
အဖေ့ကိုသာ ချစ်သည် ကြိုက်သည် ဟူ၍ ..အိမ်က
ပေးစားထားသော သူဋ္ဌေးသားနှင့် လက်မထပ်ဘဲ
ဖေဖေ့နောက်ကို ခိုးပြေးလာကြခြင်းဖြစ်သည်။

ဖေဖေ့မှာလည်း ဆွေမျိုးမရှိ မိဘမဲ့ တစ်ယောက်..
မေမေ့ဘက်ကလည်း လင်နောက်လိုက်သည် ဟူသော
အချိန်မှစ၍ တမိသားစုလုံး ရဲ့ အမွေ ဖြတ်တောက်ခြင်း
ကို ခံရပြီး အမေ့ကို ဘယ်တော့မှ အဆက်အဆံ လုံးဝ
မပြုကြတော့ချေ။

အဲ့ကြားထဲမှ ဖေဖေသေဆုံးသွားပြီးနောက် မည်သူမျှ
ကျမတို့ ညီအစ်မ နှစ်ယောက်လုံးကို ရှာဖွေကျွေးမွေးခြင်း
မရှိ...(15)နှစ်အရွယ်သမီး ကျမမှ သာလျှင် ဘဝကို
ခက်ခက်ခဲခဲ ရုန်းကန်ပြီး..ပညာရေးစရိတ်ကော
စားဝတ်နေရေးစရိတ်ကော.. ရှာဖွေစားသောက်ခဲ့ရသည်။

ကျမ က ဥာဏ်ကောင်းပြီး စာတွေ အရမ်းတော်ခဲ့မှုကြောင့်
အသက် (18)နှစ်မှာ အထက်တန်းအောင်ပြီး..
အမေရိကန်သို့ ပညာသင်လွှတ်ခြင်းခံရသည်။

ခုထက်ထိ ညီမလေးဟာ အထက်တန်းကျောင်းသူသာရှိ
သေး၍ ကိုးရီးယားမှာ ကျန်ခဲ့သည်။

⚡Fight to Fight⚡(မာယာကလဲ့စား){Vkook}Completed ✔️Where stories live. Discover now