မာန စုန်းမီး တို့၏ နောက်ကွယ် 18

2.6K 146 4
                                        

လွန်ခဲ့သော သုံးလ ခန့်က....

Yeon Jung တျောက် အိပ်ယာမှ လွန့်လူးစွာ ထလာခဲ့သည်။

"အ!!!ကျွတ်...ကျွတ်!!!ငါဘာဖြစ်ခဲ့တာလဲ...
နာလိုက်တာ..အောင့်နေတာပဲ''

ဘေးဘီ ကို ကြည့်လိုက်တော့ မိန်းကလေးတျောက်
သူ့နားမှာ တခူးခူး မျက်ရည်စ တွေနဲ့အိပ်ပျော်နေသည်။

သူ လန့်ဖျတ်သွားကာ အိပ်ယာမှ ရုတ်တရက်
ထလိုက်တော့..လစ်ဟင်းနေသော ခန္ဓာကိုယ်နှင့်အောက်
ပိုင်း ဗလာကျင်းသွားသည်။

"ဟာ!!!!!မင်း....မင်း....မင်းဘယ်သူလဲ????"

ထိုအချိန်မှ Jihoon လည်းနိုးလာပြီး..

"ဟင်!!!!oppa!!!"

"မင်း..မင်းငါ့ကို မနေ့ညက....''

"တောင်းပန်ပါတယ်...oppa!!!
Jihoon တကယ် မရည်ရွယ်ခဲ့ပါဘူး...ပြီး..ပြီးတော့''

"ပြီးတော့ဘာလဲ????"

"Oppa ကို jihoon တကယ်မရည်ရွယ်ခဲ့ဘူး...''

"ဘာ.....!!!မင်းက ငါ့ကို ဒီနည်းတွေနဲ့ သိမ်းပိုက်ခဲ့တာ
ပေါ့...ရတယ်လေ...
ဒီကိစ္စ မင်းပဲ စခဲ့တာဆိုတော့ ငါမင်းကို တာဝန်မယူ
နိုင်ဘူး...''

"ရှင်!!!!!!oppa!!!''

"မင်းပဲ အားလုံး စခဲ့တာပဲလေ....အဲ့တော့ ငါက
ဘာလို့ တုံးပြီး လက်ခံပေးရမှာလဲ???ဟုတ်တယ်မလား??
Babe''

"Oppa!!!!!"

Yeon Jung က ပြောရင်းဆိုရင်း သူ့ ဘောင်းဘီ
အိပ်ကပ်ထဲမှ ပိုက်ဆံ အိတ်ကို ထုတ်ပြီး ...

"ကဲ..ပြော!!!ဟုတ်သားပဲ...ငါမေ့နေတာ..
မင်း..ဘယ်လောက်လိုချင်လဲ???
ကြိုက်သလောက်ပြော''

"ဘာ!!!!!!!oppa.......!!!oppa ပြောရက်လိုက်တာ
နော်''

"ဝမ် ××××× လား??????
ဒါမှ မဟုတ် ဝမ် ××××လား???အဲ့ဒါပဲပြော...''

Yeon Jung က ပြောရင်း jihoon လက်ထဲကို
ပိုက်ဆံ အထုပ်လိုက်ကြီး ပစ်ထည့်ပေးလိုက်သည်။

"Oppa...!!!!oppa လေ..jihoon ကို
စော်ကားထားတာ များသွားပြီ သိလား????"

"ဘာ!!!!!!"

ပြောပြောဆိုဆို jihoon က YJ ကို ပါးတစ်ဖက်ကို
နာနာကျည်းကျည်းနှင့် ချလိုက်မိသည်။

⚡Fight to Fight⚡(မာယာကလဲ့စား){Vkook}Completed ✔️Where stories live. Discover now