ရက်စက်တတ်သော ပြုစားမှု 24

2.4K 131 28
                                        

"မင်း....မင်း..ခဏနေဦး.."

"မနေဘူး..ရှင့်လို လူနဲ့ ကျမ မနေပါဘူး..လုံးဝပဲ..!!"

"မင်း တယ်မာယာ များတဲ့ မိန်းမပါလား KTT"

"ဟုတ်တယ်ကျမ က မာယာများတဲ့ မိန်းမပဲ
ကျစ်!!!ဒီ elevator က ဒီလောက်တောင်ကြာရလား?
တကယ်ပါပဲ..."

"မင်း...မင်းညီမ အတွက်ကလဲ့စားချေ ချင်တယ်ဆိုရင်
အခု မင်းငါ့ကို လုပ်ချင်သလိုလုပ်ပါ
သတ်ပစ်လို့လည်းရတယ်
ဒါပေမယ့် မင်း ငါ့ဘေးနားက အသိုင်းအဝိုင်းတွေကို
ထိစရာ မလိုဘူး..Tae Tae"

JK ပုံကို Tae Tae က တချက်ကြည့်လိုက်ကာ
devil အပြုံးဖြင့် ပြုံးပြီး...

"အဟက်..ဒါနဲ့ ရှင်လေ..!!!
ရှင်တော်တော် တုံးနေတာပဲ CEO jeon!!"

"ငါ တုံးရအောင် မင်းက ဘာကို ဆို လို ချင်တာလဲ??
KTT..မင်းနောက်ထပ် ဘာဖြစ်ချင်လို့လဲ??"

"ကျွတ်..ကျွတ်...ဒါကြောင့်ပဲလေ CEO Jeon!!!
ရှင့်ရဲ့ ပတ်ဝန်းကျင်က လူတွေက ရှင့်ကို အနိုင်ယူဖို့
အသင့်ဖြစ်နေကြပြီ....ရှင်ကတော့
အန္တရာယ်များလာပြီ Jk!
ဘယ်လိုလုပ်မလဲ??
ကျမတောင် ရှင့်ကို သနားလာပြီ!!"

"ငါ့ကို ခုချိန်မှာ အန္တရာယ်ပြုပြီး ကလဲ့စားချေနေတာ
မင်းတစ်ယောက်တည်းပဲ ရှိတယ်..
မင်းကလွဲလို့ ဘသူက ရှိသေးလို့လဲ??"

"ကျစ်!!!ရတယ်လေ..
ရှင် က အဲ့ လိုထင်တော့လည်း ထင်ပေါ့!!
ဆက်ပြီး ထင်ပါ.."

Jk ခမျာ Tae ပြောနေတာကိုလည်း နားမလည်
သူ့ရဲ့ ဂွနား ကို အကန်ခံရ၍
မျက်လုံး မှိတ်ကာ နာကျင်စွာအောင့်ခံနေရသည်။
မနေ့ညလည်း company က စာရင်းတွေ
အာမခံ ရှယ်ယာတွေကြောင့် တညလုံး မအိပ်ရပါ။

ဒီမနက်လည်း Appa ကိစ္စ ကို သတင်းစာ ရှင်းလင်းပွဲ
လုပ်ဖို့ ပြင်ဆင်ရင်း ရုတ်တရက် appa ကြောင့်
ဆေးရုံကို လာရသည်။

elevator ထဲမှာမို့ ချွေးတွေတောင် စို့လာသည်။

"အ....ကျွတ်..ကျွတ်!!!"

Tae Tae သူ့ပုံစံကို မြင်ပြီး ဖျက်ခနဲစိတ်ကမကောင်းဖြစ်
လာသည်။နောက်ဆုံးတော့ ပါးစပ်မှ...

"Jk..တော်တော် နာနေရတယ်မလား???"

"နာတာပေါ့...ဘာလဲ ငါ့ကို စိတ်ပူနေတာလား??"

⚡Fight to Fight⚡(မာယာကလဲ့စား){Vkook}Completed ✔️Where stories live. Discover now