ရန်သူအား ထုတ်ဖော်ရန်ကြိုးစားခြင်း 25 + 💋💋💋

2.6K 141 17
                                        

မာစီးတီး ကားပေါ်တွင် သူငယ်ချင်းနှစ်ယောက်
စဉ်းစားခန်း ဖွင့်နေသည်။

"Yoon!!!အဲ့ဆိုင် တိတ်ဆိတ်နေပါလား??"

"အပြင်ပိုင်းပဲ တိတ်ဆိတ်နေတာ..အထဲ ဝင်ကြည့်ရအောင်
လေ..ငါတို့ တခုခုတော့ ရှာတွေ့မှာပဲ..
ကဲ!!အချိန်မဆွဲပဲ ဆင်းရအောင်လေ Tae!!"

"အင်း!!!"

Tae က "အင်း" တခွန်းထဲသာပြောပြီး ငြိမ်နေသည်။
လက်သည်းတွေလည်း ဂနာမငြိမ် တခုကို တခုကုတ်ခြစ်လို့...

ဒါကို မြင်တဲ့ Yoongi က

"Tae!!!ငါသိတယ်..နင်လည်း ခုချိန်မှာ အတော်
စိတ်တွေ လှုပ်ရှားနေတယ်ဆိုတာကိုပေါ့...

အကယ်လို့ နင်လေ Jk မဟုတ်ဘူးဆိုတာ သိခဲ့ရင်
နင် သူ့ကို ပြန်ချစ်နိုင်မယ်မဟုတ်လား??"

"ဟင့်အင်း!!yoon ငါသူ့ကို မေ့ပစ်လိုက်မှာပေါ့..
မဟုတ်ရင် အတိတ်က အကြောင်းတွေကို
ငါတို့ ပြန်တွေးမိပြီး နှစ်ဦးလုံးက အားနာနေကြမှာ..
ငါနဲ့သူ လုံးဝ မဖြစ်နိုင်ဘူး.."

"အင်းပါ..ဒါပေမယ့် tae!!
ကိုယ့်နှလုံးသားရဲ့ တောင်းဆိုချက်ကို ဘယ်သူမှ
ငြင်းဆန်လို့ မရဘူးဆိုတာ သိတယ်နော်!!"

Tae က မသိသလို ကားပေါ်ကနေ ဆင်းသွားသည်။

"Tae!!ငါ့ကို စောင့်ပါဦးဟ!!!TT!!"

နှစ်ယောက်သား ဆိုင်တံခါးဖွင့်ပြီး ဝင်သွားတော့
ဆိုင်က လူတွေ အကြည့်က နှစ်ယောက်သား ဆီမှာ..
😍😍😍😍

Tae Tae က ကောင်တာ ဆီကို လျှောက်သွားတော့
ကောင်တာ က အကိုကြီးတောင် မျက်လုံးပြုတ်မထွက်
ူသွားတာ ကံကောင်း...
ဆိုင်က စာပွဲထိုးတွေပါ..ထူးဆန်းနေတဲ့
သူတို့နှစ်ယောက်ကို မျက်လုံး မပြတ်ကြည့်နေကြသည်။

Tae Tae ကတော့ မာနတွေနဲ့ ခပ်တည်တည်ပင်~~

"ဒီမှာ....!!ကျမ တို့က
ရှင်တို့ ဆိုင်က သူဌေးနဲ့ စကားနည်းနည်းပြောစရာ
ရှိတယ်"

"နေပါဦး!!အမတို့က ခုလို ကောင်တာအထိ လာပြော
ရအောင် ကျတော်တို့ဘက်က ဘာ service
အဆင်မပြေမှုများ ရှိလို့ပါလဲ???"

⚡Fight to Fight⚡(မာယာကလဲ့စား){Vkook}Completed ✔️Where stories live. Discover now