ညီမလေး ရဲ့ ဈာပနာပွဲပြီးဆုံးသွားပြီးနောက် ကျမသည်
သူမရဲ့ တိုက်ခန်းရှိရာ..ကားတစ်စီးနှင့် ကိုယ်တိုင်မောင်းသွားခဲ့သည်။
သူမသေသွားရသည့်အကြောင်းနှင့်ပတ်သက်၍ တစုံတခု
ကိုသိချင်လိုစိတ်ပြင်းပြီး..ရှာဖွေချင်သည်။
တိုက်ခန်းထဲရှိ ဘီတို..အံဆွဲ..အိပ်ယာခင်း..လျှို့ဝှက်
သေတ္တာစသည့် ပစ္စည်းအချို့ကို ကမန်းကတန်း..
ဒေါသတကြီးဖြင့် ရှာဖွေခဲ့သည်။
သို့သော်.. ဘာတစ်ခုမျှမတွေ့..ကျောင်းစာအုပ်နှင့်..
ကျောင်းအသုံးအဆောင်စသည့် ပစ္စည်းများကိုသာ
တွေ့ရသည်။
ခေါင်းအုံးအောက် လှန်ကြည့်တော့..အလှကုန်ပစ္စည်းများ
ဖြစ်သည့်..မိတ်ကပ်..powder..ညလိမ်းခရင်မ်..lotion စသည်တို့ကိုသာတွေ့ရသည်။
ဘာတစ်ခုမှ မတွေ့ အထူးသဖြင့် ဒိုင်ယာရီ စာအုပ်သည်
သူမအလိုချင်ဆုံးသော..သက်သေတစ်ခုဖြစ်သည်။
ထိုထဲတွင်..သူမ ရဲ့အကြောင်း အစုံအလင်ရေးထားမည်ဟု ယုံကြည်မိသည်။
နောက်တော့ အံဆွဲများကို တခုပြီးတခု သော့မျိုးစုံဖြင့်ဖွင့်ကာ..နှံ့စပ်အောင် မွှေပြီးရှာခဲ့သည်။
ဘာမျှမတွေ့ရ..တခုတော့ရှီသည်...
Club လိုလို KTV လိုလို တစုံတခု၏ စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးထားသော စာရွက်အားတွေ့ခဲ့သည်။
သေချာသည်..ဒါညီမလေးရေးထားတဲ့လက်မှတ်တွေ...
ထို့နောက် ထိုစာရွက်နောက်တွင်...တွေ့ရသော ဓာတ်ပုံ
အချို့ကို တွေ့ပြီး..မျက်လုံးပြူးသွားခဲ့ရသည်။
ညီမလေးသည်..အရှက်မဲ့စွာ
ဝတ်စားထားသည့်မိန်းမပျက်တွေနှင့်
KTV လား club လားမသဲကွဲသည့် နေရာတွင်..
ဓာတ်ပုံ အများကြီးရိုက်ထားခဲ့သည်။
ပြီး...ပြီးတော့...ထို club တွင်..အနောက်တိုင်း
ဝတ်စုံ ကို စတိုင်ကျကျ ဝတ်ဆင်ထားသည့်...
ယောက်ျားလေး တစ်ဦးနှင့် ဓာတ်ပုံရိုက်ထားခဲ့သည်။
ထိုလူ၏ မျက်နှာကိုတော့ သေချာသိပ်မမြင်ရ..
ထိုလူက mask တွေနှင့် နေကာမျက်မှန်ကို ရုပ်ဖျက်ထား
သလိုလိုဝတ်ထားခဲ့သည်။
YOU ARE READING
⚡Fight to Fight⚡(မာယာကလဲ့စား){Vkook}Completed ✔️
Romance{Both Zawgyi & Unicode} Boy-Jeon Jung Kook Girl-Kim Tae Tae (v×kook fic) အဟဲ!!!ဒီ fic က အကြမ်းဇာတ်အိမ်ပါနော်.....😇😇 သူက mature on ပါ..... 👉(အသက်မပြည့်သေးသော ဖတ်ချင်မှ ဖတ်ပါ )👈 ကျမ ညီမလေးကို စော်ကားပြီး... နွားလိုပစ်ထားခဲ့တဲ့.. ရှင့်ကို ကျမမုန်း...
