TWO

828 114 19
                                        

" ရုပ်​ကိုယ်​က​ပြောင်​​ချော်​​ချော်​နဲ့.....သွားပါပြီ....
မောင့်​အတွက်​မနက်​စာ​လေး........ "

လက်​ထဲကထမင်းဘူး​လေးကြည့်​ရင်းနှ​မြောစွာ
ရေရွတ်​​နေပြန်​တဲ့ဆယ်​ဟွန်း......

ပြောရင်းဆိုရင်း​ဒေါသထွက်​ရင်းပင်​​မောင့်​အခန်း
တံခါးဝ​ရောက်​လာပြီမို့ရုပ်​ကိုအမြန်​ပြင်​ရ​တော့သည်​။

ဒေါက်​.....​ဒေါက်​!!!!

" ဟုတ်​ကဲ့......၀င်​ခဲ့ပါ....... "

မောင့်​အသံချိုချို​လေးကြားလိုက်​သည်​တွင်​ရုပ်​က
အလိုလိုပြုံး​နေပြီးသားဖြစ်​သည်​။

" မင်္ဂလာပါ.......စိတ်​​ရောဂါအထူးကုကင်​မ်​ဂျုံအင်
နဲ့ပြချင်​လို့ပါခင်​ဗျာ......... "

မောင်​က​တော့ခပ်​ပြုံးပြုံးသာကြည့်​​နေ​လေရဲ့။

" ဘာလို့ပြချင်​တာပါလဲခင်​ဗျ...... "

" အချစ်​ရူး ရူး​နေတာဗျ......ချစ်​သူကိုချစ်​လွန်းလို့​လေ "

ရယ်​ချင်​စိတ်​ကိုမနည်းတင်းထားရသည်​။

" ကု​ပေးပြီးရင်​​ရောအဖိုးအခဘယ်​​လောက်​​ပေးမှာလဲ "

နေရာကထလာတဲ့​မောင်​သည်​ဂျူတီကုတ်​ဖြင့်
အရမ်းကိုခန့်​ညားလွန်းသည်​။

" အင်း......... "

မေး​စေ့​လေးကိုလက်​ဖြင့်​ပွတ်​သပ်​ရင်းစဉ်းစား
နေပြန်​တဲ့ချစ်​ရသူ​လေး........

တကယ်​ကိုဥာဏ်​များလွန်းတဲ့လူလည်​​လေး......

" လူတစ်​​ယောက်​လုံးဆိုရင်​​ရော......​ဆေးကုသ​ပေးတဲ့
အဖိုးအခအဖြစ်​အိုဆယ်​ဟွန်းကိုအပိုင်​သိမ်းလိုက်​​ပေါ့.... "

" အဲ့ဒါဆိုရင်​​တော့ကု​ပေးပါ့မယ်​ဗျာ.......
အခု​တော့စရံကြိုယူထားပါရ​စေခင်​ဗျာ...... "

" အမ​လေး!!!! ​မောင်​!!! ပြန်​ချ​ပေးလို့!!! "

ဒူး​ခေါင်းမှချီ​မြှောက်​ကာ​ဝေ့ရမ်း​နေ​သော​မောင့်​​ကြောင့်
ဆယ်​ဟွန်းမှာ​မောင့်​ပခုံးကိုထုလို့​အော်​​နေရ​တော့သည်​။

Love From Fear [ ChanHun OTP ]Where stories live. Discover now