THREE

854 95 11
                                        

" အချစ်​......အဲ့ရုပ်​ကဘာလို့စူပုတ်​​နေတာလဲ "

နား​နေခန်းဆီပြန်​သွားရင်းသိသိသာသာ
မျက်​နှာစူပုတ်​​နေသည့်​အချစ်​​ကြောင့်
ဂျုံအင်​​မေးမြန်းရ​တော့သည်​။

ဘာ​တွေအလိုမကျတယ်​မသိ.......

" ခုနကလူ​လေ......ဦး​လေးကြီးမိတ်​ဆက်​​ပေးတဲ့သူ....
အဲ့လူနဲ့တိုက်​မိလို့​မောင့်​အတွက်​ထမင်းဘူးက
အကုန်​​မှောက်​ကုန်​​တာ​လေ......... "

" အိုက်​ဂူး!!!! ​မောင့်​အချစ်​ကအဲ့ဒါ​ကြောင့်
စိတ်​အလိုမကျဖြစ်​​နေတာလား......... "

" အင်း​လေ......ကြည့်​လို့ကိုမရပါဘူး.......
ရုပ်​ကိုက​ပြောင်​​ချော်​​ချော်​နဲ့........ "

ဂျုံအင်​က​တော့အသည်းတယားယားနှင့်​သာ
ပြုံးပြီးကြည့်​​နေမိ​တော့သည်​။

" ကဲ.......စိတ်​​လျှော့ပါ အချစ်​ရယ်​.......
မောင့်​အချစ်​ကဘယ်​အချိန်​အတန်းစမှာလဲ..... "

စကားလမ်း​ကြောင်းကိုတမင်​လွှဲရ​တော့သည်​။

" အင်း......​နေ့လည်​ထမင်းစားချိန်​မတိုင်​ခင်
တစ်​ချိန်​ရှိ​သေးတယ်​....... "

နာရီကြည့်​လို့​ပြော​နေတဲ့ဆယ်​ဟွန်းသည်
အနည်းငယ်​အာရုံလွှဲသွားပုံရသည်​။

" အဲ့ဒါဆို​မောင်​လိုက်​ပို့​ပေးမယ်​​လေ......ကဲ....
မောင့်​အခန်းထဲကလွယ်​အိတ်​သွားယူရ​အောင်​.... "

ချစ်​သူနှစ်​ဦးသည်​လက်​ချင်းတွဲလို့နား​နေခန်းဆီ
ဦးတည်​သွား​နေ​တော့သည်​။

" ဟဲ့.....ဟဲ့......ဟိုမှာ​ဒေါက်​တာဂျုံအင်​တို့
အတွဲမဟုတ်​လား......အား!!! ဆယ်​ဟွန်း​လေး
ကိုအားကျလိုက်​တာ​နော်​........ "

" ဟုတ်​ပ.......​ဒေါက်​တာကချစ်​လိုက်​တာမှ
တုန်​​နေတာပဲ......ဆု​တောင်း​ကောင်းလိုက်​တာ "

" ​အေးဟယ်​......ဆယ်​ဟွန်း​လေးကလည်းချစ်​ဖို့
ကောင်းတာမှလွန်​​နေ​ရော......​ဒေါက်​တာချစ်​တာကို
လည်းမ​ပြောနဲ့​လေ.....တကယ့်​ကိုအချစ်​ခံလူသား​လေး "

သူနာပြုဆရာမ​လေးများ​ပြော​နေသည်​တို့ကို
ချန်း​ယောလ်​မသိမသာနားစွင့်​​နေမိသည်​။

Love From Fear [ ChanHun OTP ]Where stories live. Discover now