" မတွေ့ရတာကြာပြီနော်။ အဆင်ပြေ
နေတယ်မဟုတ်လား။ "ဆေးရုံရဲ့ခေါင်မိုးထပ်တွင်လူနှစ်ယောက်
စကားပြောနေကြခြင်းဖြစ်သည်။အရပ်ရှည်ရှည်နဲ့ကောင်လေးကဂျူတီကုတ်
ဝတ်ထားတဲ့ဆရာဝန်လေးကိုမဝံ့မရဲမေးနေသည်။ဆရာဝန်လေးကဒေါသမျက်ဝန်းတွေဖြင့်
ပြန်စိုက်ကြည့်နေသည်။" ဟက်.....အဆင်ပြေရဲ့လားတဲ့......
ဘယ်လိုစိတ်မျိုးနဲ့အဲ့မေးခွန်းကိုမေးရက်
နိုင်ရတာလဲ!! ဘယ်လိုမေးလိုက်တာလဲ!!! "ဒေါသတကြီးပြောနေတဲ့ဘတ်ခ်ဟျွန်းက
ရီဖန်အင်္ကျီကော်လံစကိုဆွဲထားသေးသည်။" တောင်းပန်ပါတယ်။ တကယ်....တကယ်ကြီး
အနူးအညွတ်တောင်းပန်ပါတယ်။ "ခေါင်းငုံ့လို့ပြောနေတဲ့ရီဖန်သည်ဘတ်ခ်ဟျွန်း
ရဲ့မျက်နှာကိုတည့်တည့်မကြည့်ရဲဘူးဖြစ်သည်။" ဘယ်လိုလုပ်ပြီးအခုလိုလုပ်ရက်ရတာလဲ။
ဘာဖြစ်လို့......ဘာဖြစ်လို့...... "စကားဆက်မပြောနိုင်တော့တဲ့ဘတ်ခ်ဟျွန်း
တစ်ယောက်ကော်လံစကိုတွဲထားတဲ့လက်တို့
ပြေလျော့ပြီးကြမ်းပြင်ပေါ်ထိုင်ရက်သား
ပြုတ်ကျလို့ငိုမိတော့သည်။" ကိုယ်......ကိုယ်တောင်းပန်ပါတယ်......
ကိုယ့်ရဲ့အမှားတွေမို့ဘတ်ခ်ဟျွန်းနီးက
ကျေးဇူးပြုပြီးမငိုပါနဲ့...... "အသည်းအသန်ငိုနေတဲ့ဘတ်ခ်ဟျွန်းကို
ရီဖန်ကပြာပြာသလဲချော့နေတော့သည်။" ဘယ်လိုလုပ်ပြီးနေနိုင်ရတာလဲ။ ဒီနှစ်
တွေထဲလုံးဝအဆက်အသွယ်မလုပ်ဘဲ....
မဟုတ်ဘူး......ဘာတစ်ခွန်းမှမပြောဘဲ
ဘာလို့ရုတ်တရက်ကြီးပျောက်သွားခဲ့တာလဲ။ "မော့ကြည့်လို့မေးလာတဲ့မျက်နှာဖြူအုအုလေး
ကငိုထားသည်မို့နီရဲနေတော့သည်။မတွေ့ရတဲ့နှစ်တွေအတွင်းချစ်ရသူကတော့
သူ့အပေါ်မပြောင်းမလဲစောင့်နေပေးပုံရသည်။" တောင်းပန်ပါတယ်။ အဲ့အချိန်ကအဲ့လိုမှ
မလုပ်ရင်တကယ်ကိုမဖြစ်လို့ပါ။ "ငိုနေတဲ့ချစ်ရသူကိုထွေးပွေ့ရင်းရီဖန်ကတော့
တောင်းပန်စကားကိုသာတဖွဖွပြောနေမိသည်။

YOU ARE READING
Love From Fear [ ChanHun OTP ]
Фанфикသေလောက်အောင်ချစ်နေခြင်းရဲ့အခြားတစ်ဖက်မှာ စွန့်လွှတ်လိုက်ရမှာကိုသေလောက်အောင်ကြောက်နေခဲ့ပါတယ်...... အချစ်ဆိုတာငါ့အတွက်တော့ကြောက်ရွံ့ခြင်း...... သေလောက်အောင်ချစ်နေခြင်းရဲ့အခြားတစ်ဖက်မှာ စွန့်လွှတ်လိုက်ရမှာကိုသေလောက်အောင်ကြော...