FOUR

528 59 11
                                        

အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်.....

လေဆိပ်ဖြစ်သည့်အလျောက်လူများဖြင့်
ရှုပ်ထွေးလို့ခေါင်းကိုက်စရာဖြစ်သည်။

အသက်အားဖြင့် ၃၀အရွယ်လောက်ဖြစ်နိုင်သည့်
လူတစ်ယောက်သည်ကလေးချီလျက်သားနှင့်
လေဆိပ်အတွင်းမှထွက်လာခဲ့သည်။

ကလေးသည်ရင်ခွင်ပိုက်အရွယ်မို့ရီဖန်ရင်ခွင်
အတွင်းအိပ်မောကျလျက်ရှိသည်။

" ဟင်း..... "

သူ့ရင်ခွင်အတွင်းအိပ်မောကျနေတဲ့သမီးလေးကို
ကြည့်ရင်းရီဖန်သက်ပြင်းခပ်လေးလေးချမိသည်။

ဘာကိုမှမသိတဲ့ကလေးလေးကတော့
အပြစ်ကင်းစွာနဲ့အိပ်မောကျနေသည်။

နှာခေါင်းအတွင်းဝင်ရောက်လာသောမွေးရပ်မြေမှ
လေကိုတဝကြီးရှူလိုက်မိသည်။

အခုဆို၂နှစ်ကျော်လောက်ရှိရောပေါ့.....
အရာအားလုံးကိုကျောခိုင်းပြီးဆိုးလ်ကနေ
ထွက်သွားခဲ့ရတာ........

နှလုံးသားတစ်ခုလုံးပါနင်းချေပစ်ခဲ့ပြီးပေါ့။

" ပါးပါး......သားအခုဆိုးလ်ကိုရောက်နေပြီ "

" ........ "

တစ်ဖက်ကသက်ပြင်းချသံခပ်လေးလေးကို
ရီဖန်ကြားဖြစ်အောင်ကြားလိုက်ရပါသေးသည်။

" သားတို့တစ်သက်လုံးဖုံးကွယ်ထားလို့
ရမယ့်အရာမှမဟုတ်တာ.....ကံစီမံရာပေါ့ "

ဖုန်းချလို့ရင်ခွင်ထဲကသမီးလေးကို
ခပ်တင်းတင်းဖက်လိုက်မိသည်။

ခရီးဆောင်အိတ်ကိုဆွဲလို့ Taxi ငှါးပြီး
မရောက်တာကြာပြီဖြစ်တဲ့အိမ်ကိုသာ
ဦးတည်ပြန်လိုက်တော့သည်။

အရာအားလုံးအဆင်ပြေချောမွေ့ဖို့
ဆုတောင်းရင်းနဲ့ပေါ့။

.
.
.

* ဆရာစုံစမ်းခိုင်းထားတဲ့ကိစ္စလေးပြောချင်လို့ပါ *

အရေးကြီးလူနာမှတ်တမ်းဖတ်နေရင်းမှ
ထို msg လေးမြင်လိုက်သည်နှင့်ဖိုင်တွဲကို
ပစ်ချလို့စိတ်လှုပ်ရှားစွာဖုန်းခေါ်မိသည်။

သူဘယ်လောက်တောင်သိချင်နေခဲ့ရတယ်
ဆိုတာသူကိုယ်တိုင်သာအသိဆုံးဖြစ်သည်။

Love From Fear [ ChanHun OTP ]Where stories live. Discover now