" မားမား.......ဟွန်းပြန်ရောက်ပြီ "
အိမ်ထဲကိုအလျင်စလိုပြေးဝင်လာတဲ့ဆယ်ဟွန်း
ကတစ်စုံတစ်ခုကိုအပူတပြင်းရှာဖွေနေသည်မို့
ဖိနပ်ကြိုးကိုခပ်မြန်မြန်ဖြည်နေတော့သည်။အနောက်ကဂျုံအင်သည်လည်းစိတ်ကိုအသင့်
ပြင်ဆင်ရင်းအိမ်ထဲကိုဝင်လာခဲ့သည်။သူကိုယ်တိုင်ဖြစ်လာမယ့်ကိစ္စတွေကိုသိပြီးသား
မို့တုန်လှုပ်နေဖို့မလိုတော့ဘူးဖြစ်သည်။" သားရယ်......ဖြည်းဖြည်းလာလေကွယ်။
ချော်လဲကုန်ပါဦးမယ်။ အော်......သမက်ကင်မ်
လည်းပါလာတာလား။ "ပြေးဝင်လာတဲ့ဆယ်ဟွန်းကိုမားမားက
အနားလာလို့လေသံလေးနှင့်ပြောသည်။" ဟုတ်တယ် မားမား.....ဟွန်းနဲ့မုန့်စားနေရင်း
မားမားဆီကဖုန်းလာလို့ဟွန်းကိုစိတ်မချတာနဲ့
တစ်ခါတည်းဝင်ခဲ့လိုက်တာ....... "ဂျုံအင်မျက်နှာမှစိုးရိမ်နေတဲ့အမူအရာကို
တွေ့နေသည်မို့မားမားကအနားလာပြီး
ဂျုံအင်လက်ကိုဆုပ်ကိုင်ပြီးစိတ်အေးအေး
ထားရန်မျက်နှာရိပ်ပြသည်။ဂျုံအင်သည်လည်းမသိမသာခေါင်းငြိမ့်
ပြရင်းမားမားလက်ကိုပြန်ကိုင်လိုက်သည်။သူကိုယ်တိုင်ကတုန်လှုပ်နေလို့မဖြစ်ဘူး
မဟုတ်လား။" မားမား......ကို......ကိုကြီးရောဟင်......
ဟွန်း......ဟွန်းကဓာတ်ပုံထဲမှာပဲမြင်ဖူးတာ
ဆိုတော့အပြင်မှာအရမ်းတွေ့ချင်နေပြီ။ "" သားရဲ့ကိုကြီးကဧည့်ခန်းထဲမှာရှိပါတယ်။
တိုးတိုးလေးဝင်သွားနော်။ "" ဘာလို့လဲ....... "
" သားဝင်သွားရင်သိပါလိမ့်မယ်။ "
ဆယ်ဟွန်းလည်းအကြောင်သားဖြင့်အိမ်ထဲ
ဝင်လာလိုက်သည်။Accident တစ်ခုကြောင့်အတိတ်မေ့နေတဲ့
ဆယ်ဟွန်းကသူ့မှာအစ်ကိုတစ်ယောက်ရှိ
သည်ဟုသာသိထားပြီးအပြင်မှာမတွေ့ဖူးပေ။မားမားတို့ပြောပြပုံအရတော့ထိုအချိန်တွင်
ကိုကြီးကပညာတော်သင်သွားနေသည်မို့
ပြန်လာရန်ခက်ခဲသည်မို့အခုမှပြန်လာခြင်းဖြစ်သည်။

YOU ARE READING
Love From Fear [ ChanHun OTP ]
Fiksi Penggemarသေလောက်အောင်ချစ်နေခြင်းရဲ့အခြားတစ်ဖက်မှာ စွန့်လွှတ်လိုက်ရမှာကိုသေလောက်အောင်ကြောက်နေခဲ့ပါတယ်...... အချစ်ဆိုတာငါ့အတွက်တော့ကြောက်ရွံ့ခြင်း...... သေလောက်အောင်ချစ်နေခြင်းရဲ့အခြားတစ်ဖက်မှာ စွန့်လွှတ်လိုက်ရမှာကိုသေလောက်အောင်ကြော...