Beyond Love {Ep 2}

2.5K 237 5
                                    

[Zawgyi]

သူ့ရဲ့နူးညံ့တဲ့အနမ်း​တွေ​အောက်​မှာအချိန်​ဘယ်​​လောက်​ကြာသွားလဲ မသိ...
သတိပြန်​ဝင်​လာတဲ့အချိန်​မှာ အ​ရှေ့ကလူကိုchaeတွန်းထုတ်​လိုက်​မိသည်

"ငါနင့်​ကို​ဆေးလိပ်​ပဲမ​သောက်​ခိုင်းတာ မနမ်းခိုင်းဘူး"

jiလုံးဝနားမလည်​နိုင်​ဘူး
ဝန်​ခံပါတယ်​ ကိုယ့်​ဘက်​ကမှားခဲ့တာ
သူ့ရဲ့ခွင့်​ပြုချက်​မ​တောင်းဘဲနမ်းခဲ့မိတာဆို​တော့....

ဒါ​ပေမယ့်​နမ်း​နေတုန်းက သူလည်းလက်​ခံပြီးပြန်​တုံ့ပြန်​ခဲ့တာပဲ အခုမှတွန်းထုတ်​ပြီး မနမ်းခိုင်းဘူး တဲ့လား.....

"sry ငါမှားသွားတယ်​ ဒီကိစ္စကိုမရှိခဲ့ဘူးလို့သ​ဘောထားကြတာ​ပေါ့ ဟို​ကောင်​ကိုသွား​တောင်းပန်​မှာမလား သွား...
ငါအိမ်​ပြန်​နှင့်​မယ်​"

အသံမာမာနဲ့​ပြောပြီးမျက်​စိ​ရှေ့က​နေထွက်​သွားတဲ့သူ့ကို chae​ငေးကြည့်​ရင်း​ခေါင်းထဲမှာ​တော့ အ​တွေး​ပေါင်းစုံ...

ဒီအချိန်​မှာchae clubထဲကိုပြန်​သွားပြီးမ​ဖြေရှင်းဘူးဆိုရင်​ အလုပ်​ထုတ်​ခံရဖို့​သေချာသည်
ဒါ​ပေမယ့်​​ခြေလှမ်း​တွေကclubနဲ့ဆန့်​ကျင်​ဘက်​ သူရှိရာဆီသို့ ဦးတည်​ခဲ့မိသည်

အိမ်​ပြန်​လာတဲ့လမ်းတစ်​​လျှောက်​လုံးchae သူ့အ​နောက်​က​နေဘာစကားမှမ​ပြောဘဲ တိတ်​တဆိတ်​လိုက်​လာခဲ့မိသည်
ရုတ်​တရတ်​​ခြေလှမ်း​တွေရပ်​ပြီးလှည့်​ကြည့်​လာတဲ့သူ့​ကြောင့်​ chaeပါအလိုလို​နေရင်းရပ်​လိုက်​မိ​သည်

"အိမ်​​ရောက်​ခါနီး​နေပြီ အိမ်​ပိုင်​ရှင်​ကအ​ရှေ့က​လျှောက်​မှငါကလိုက်​ခဲ့လို့အဆင်​​ပြေမှ​ပေါ့"

လမ်းတစ်​​လျှောက်​လုံးမှာ ပထမဆုံး​ပြောလာတဲ့ သူ့ရဲ့စကား​ကြောင့်​ chaeသူ့​ဘေးနားကိုအမြန်​​ပြေးသွားလိုက်​သည်

"ငါ့ကိုစိတ်​ဆိုး​နေတာလား"

"စိတ်​ဆိုးစရာအ​ကြောင်းရှိလို့လား?"

မေးခွန်းပြန်​ထုတ်​​နေတဲ့သူ့မျက်​နှာက အလိုမကျမှု​တွေကိုchaeမြင်​​နေရသည်
ဒီ​နေရာမှာတခြားသူသာဆိုရင်​ chaeအခုလိုအ​ရေးတယူစကား​ပြော​နေမိမှာ မဟုတ်​ဘူး

Beyond Love Where stories live. Discover now