[Zawgyi]
အချစ်ကို ဘယ်လိုတိကျတဲ့ အနက်အဓိပ္ပါယ်ဖွင့်ရမယ်ဆိုတာ နားမလည်ခဲ့သလို သိလည်းမသိချင်ခဲ့ဘူး ထိုလူသားနဲ့မတွေ့ဆုံခင်အချိန်အထိပေါ့
ဘဝထဲကို မဖိတ်ခေါ်ဘဲရောက်လာတဲ့လူက နှင်မထုတ်ဘဲထွက်သွားခဲ့တယ် အခုပြန်ရောက်လာပြန်ပြီ ဒီတစ်ခါတော့သူနဲ့အတူနှင်းဆီဖြူ လေးတွေရော အပိုပါလာခဲ့သည်"ဒီပန်းစည်းတွေကို နေ့တိုင်းဘယ်သူပေးနေတာလဲchae"
ခေါင်းကိုတွင်တွင်ငုံ့နေရင်း ဒီနေ့အတွက်ပထမဆုံးမေးခွန်းကိုjunကမေးလာသည် မသိဘူးလို့ဖြေလိုက်တော့ ကိုယ့်ရဲ့အဖြေကို သဘောမကျသလိုတစ်ဖက်ကိုလှည့်သွားပြန်သည်
"come on jun....ပြုံးစမ်းပါ"
junကနေ့တိုင်းညနေလာကြိုပေမယ့် အရင်လိုပန်းစည်းမပေးတာတစ်ပတ်လောက်ရှိရောပေါ့ အကြောင်းပြချက်က မနက်တိုင်းရောက်လာတဲ့ပန်းစည်းတွေကြောင့်...
"ငါတစ်နေ့လုံးပင်ပန်းနေပြီ ပြန်ရအောင် နင်မပြန်ချင်ရင်လည်းမူကြိုမှာနေခဲ့တော့jun"
"ပြန်မှာပေါ့ နင်ကစိတ်ကြီးပဲ ငါစိတ်ဆိုးဖို့လည်းထားပါဦး"
ဒီနေ့မှကားလမ်းတွေက ပိုရှုပ်နေသလို
ကိုယ်ပင်ပန်းနေမှန်းသိတဲ့junက ဖြတ်လမ်းတွေကနေ အိမ်အမြန်ပြန်ရောက်အောင် ကြိုးစားပေးရှာပါတယ်"နင့်အိမ်က နင့်ကိုကောင်မလေးတစ်ယောက်နဲ့သဘောတူတဲ့ကိစ္စအဆင်ပြေလား"
"အင်း ဒီလိုပါပဲ"
junရဲ့ဖြေသံထဲမှာ စိတ်ရှုပ်မှုတွေ ရောထွေးနေမှန်းchaeရိပ်မိတာကြောင့် ဆက်မမေးတော့ဘဲ ကားမှန်ကနေတဆင့် အပြင်ကိုပဲငေးကြည့်နေလိုက်သည်
junက အစတည်းကမျိုးရိုးမြင့်တဲ့အသိုင်းဝိုင်းကနေ ပေါက်ဖွားလာတဲ့လူတစ်ယောက် သူ့မိဘလက်အောက်မှာမနေချင်လို့သာ အရင်ကbarမှာwaiterအလုပ်ကိုလုပ်ခဲ့ရတာ
အခုဆိုစီးပွားလည်းကောင်းကောင်းရှာနိုင်တယ် ပညာအရည်အချင်း ရုပ်ရည် အားလုံးအဆင်ပြေနေတဲ့သူ့လိုလူတစ်ယောက်ကို ဘယ်မိန်းကလေးကခါးခါးသီးသီးငြင်းဆန်မှာလဲ