[Zawgyi]
seoulမြို့ကြီးရဲ့ ညချမ်းအချိန်အခါဟာ မီးရောင်စုံတွေနဲ့ သိပ်ကိုလှပသည်
အဆောက်အဦးတွေက LAမှာရှိတဲ့ အဆင့်မြင့်အဆောက်အဦးတွေလောက်မခမ်းနားပေမယ့် မနိမ့်ကျပါဘူး
ကိုယ်ကတော့LAထက် မွေးရပ်မြေseoulမြို့ကိုပဲ ပိုသဘောကျမိတယ်Ring.......Ring........Ring........
phမြည်သံကြောင့် အတွေးစတွေကိုဖြတ်တောက်လိုက်ပြီးph screenကိုကြည့်လိုက်မိသည်
"Papa"
အစတည်းက LAကနေထွက်ပြေးလာတဲ့အတွက်အခုလည်းpapa phကိုကိုင်ဖို့အစီစဉ်မရှိပါဘူး
ထပ်ခေါ်နေမှာစိုးလို့phကိုစက်ပိတ်လိုက်ရင်း အရှေ့ခန်းက taxiသမားဦးလေးကြီးကို ကားရပ်ခိုင်းလိုက်သည်
"ရပြီဦးလေး ဒီမှာပဲရပ်ပေးလိုက်တော့
ဒီမှာကားခ"ဘာမေးခွန်းမှပြန်မမေးဘဲ ကားခယူပြီးကားမောင်းထွက်သွားတဲ့ဦးလေးကြီးရဲ့ပုံစံကို သဘောကျမိသည်
ဒီလိုနေရာမျိုးမှာတစ်ခြားသူသာဆိုရင်
ပြောထားတဲ့hotelမရောက်သေးဘူးလေ??
ဒီမှာပဲဆင်းတော့မှာလား??
လမ်းတစ်ဝက်တောင်မရောက်သေးဘူး??
အစရှိသဖြင့် မေးခွန်းတွေမေးလာနိုင်သည်ကိုယ်ကစကားများတဲ့လူတွေကို သိပ်မုန်းတယ်
အပိုစကားတွေပြောပြီး လောကွတ်ချော်တတ်တဲ့ လူတွေနဲ့ဆိုဝေးဝေးရှောင်တတ်တာ မွေးရာပါအကျင့်တစ်ခုညဘက်ဆိုပေမယ့်လမ်းမပေါ်မှာ သွားလာနေတဲ့လူတွေအများကြီးရှိသေးသည်
hotelမှာလည်းမတည်းချင်ဘူး ဘယ်သွားလို့သွားရမှန်းလဲမသိ
papaလက်အောက်ကနေ ရုန်းထွက်လာတာဆိုတော့ ကိုယ့်မှာပါတာဆိုလို့ လွယ်အိတ်တစ်လုံး ph ပိုက်ဆံအနည်းငယ် ဆီးကရက်တစ်ဘူး မှတ်ပုံတင်နဲ့passportသာ...ဆယ်မိနစ်လောက်ခြေဦးတည့်ရာ လမ်းလျှောက်လာခဲ့မိရင်း အရှေ့တည့်တည့်ကိုကြည့်လိုက်တော့clubတစ်ခုကို တွေ့လိုက်ရသည်
ကံကောင်းတယ်ဆိုတာဒါမျိုးပေါ့
clubဆိုတာကိုယ့်အတွက်အိမ်လိုပဲ LAမှာဆိုရင်ညတိုင်းclubသွားပြီးရန်ဖြစ်လို့ papaက ရဲစခန်းကို အမြဲလိုက်ရှင်းပေးရတယ်