Beyond Love {Ep 6}

2.2K 230 17
                                    

[Zawgyi]

နေ့စဉ်​နဲ့အမျှအရာရာဟာ ​နေသားတကျဖြစ်​တည်​ခဲ့သည်
ပြောင်းလဲသွားတာဆိုလို့ တစ်​​နေ့ထက်​တစ်​​နေ့ youngဆိုတဲ့လူသား​လေးကို ပို၍ချစ်​လာမိခြင်းသာ...

"ji....."

ချစ်​ရသူထံမှ​ခေါ်သံ​ကြောင့်​​ ကောင်းကင်​ကိုစိုက်​ကြည့်​​နေတဲ့jiရဲ့မျက်​ဝန်း​တွေက youngဆီသို့ဦးတည်​လိုက်​သည်

"​ပြော​လေyoung"

"အလုပ်​လုပ်​ရတာအဆင်​​ပြေရဲ့လား"

EunAရဲ့coffeeဆိုင်​က​နေအလုပ်​ထွက်​လိုက်​ပြီး တစ်​လနီးပါး​လောက်​ jiအလုပ်​လက်​မဲ့ဖြစ်​ခဲ့ရသည်
အခု​တော့junရဲ့အကူအညီနဲ့ supermarketတစ်​ခုမှာအလုပ်​ဝင်​​နေပြီ
EunAနဲ့က​တော့ အခုထိရင်းနှီး​နေဆဲပါပဲ
ဘာ​တွေပဲဖြစ်​ခဲ့ဖြစ်​ခဲ့EunAက jiရဲ့သူငယ်​ချင်းမဟုတ်​လား

"​ပြေပါတယ်​youngရယ်​"

"တစ်​​နေကုန်​မတ်​တပ်​ရပ်​ပြီး အလုပ်​လုပ်​ရ​တော့​ညောင်း​နေမှာ​ပေါ့ ငါနှိပ်​​ပေးမယ်​​လေ"

"ရပါတယ်​ မ​ညောင်းပါဘူး
youngသာအနားမှာရှိရင်​အရာရာပြည့်​စုံတယ်​"

ဒီလို​ပြောလိုက်​​တော့ချစ်​ရတဲ့​ကောင်​မ​လေးက ရင်​ခွင်​ထဲကိုတိုးဝင်​လာပြန်​သည်

"ငါနင့်​ကိုချစ်​တယ်​ji...."

"ဒါဆိုငါ့ကိုလက်​ထပ်​နိုင်​မလားyoung"

ပတ်​ဝန်းကျင်​ဟာ တစ်​ဖန်​တိတ်​ဆိတ်​သွားခဲ့ပြန်​သည်
youngဆီက​နေ ဘာအ​ဖြေမှ တုံ့ပြန်​မလာခဲ့......

"sry young ငါစိတ်​​လောသွားတယ်​"

"မဟုတ်​ပါဘူး ငါပြန်​မ​ဖြေဘူးဆိုတာ​ကြောက်​​နေလို့ပါ"

"ဘာကို​ကြောက်​​နေတာလဲyoung"

"နင်​ငါ့အနားက​နေထွက်​သွားပြီးငါတို့နှစ်​​ယောက်​​ဝေးကွာသွားမှာကို"

"အိပ်​ကြရ​အောင်​မိုးချုပ်​​နေပြီ ခုနကငါ​ပြောတဲ့စကားကိုမကြားခဲ့ဘူး လို့သတ်​မှတ်​လိုက်​​နော်​young"

"ငါ့ကိုစိတ်​ဆိုးသွားတယ်​မလားji?"

"ငါကနင့်​ကိုချစ်​တဲ့အတွက်​ စိတ်​မဆိုးပါဘူး"

Beyond Love Where stories live. Discover now