7 ) Let's Break Up

4.3K 606 45
                                    

Unicode >

စာအတူတူကျက်သည်ဆိုသည့်ခေါင်းစဉ်နှင့်
နှစ်ယောက်အတူတူပျော်ရွှင်ဖွယ်အချိန်တချို့ကို ဖြတ်သန်းခဲ့သည်။
အမှတ်တရအချိန်တချို့ကိုလည်း ချန်ထားခဲ့သည်။

ပျော်ရွှင်စရာ အချိန်ဖြစ်စေ ဝမ်းနည်း ဖွယ်အချိန်ဖြစ်စေ
အချိန်တွေကရပ်တန့်မနေခဲ့ပါဘူး... ။

နေ့ရက်တွေတစ်ရက်ပြီးတစ်ရက်ဖြတ်ကျော်ပြီး
နောက်ဆုံးမှာတော့ ဒုတိယနှစ်ရဲ့ နှစ်ဝက်စာမေးပွဲဖြေရမယ့်အချိန်သို့ရောက်ရှိလာခဲ့ပြီ။

အရင်ကဆို စာမေးပွဲခန်းကို ကိုယ်ပိုင် အိပ်ခန်းလို့သဘောထားကာ
လာအိပ်တတ်သော Yoongiလည်း စာနဲ့ပက်သက်လျှင်
စိတ်ကြီးတတ်တဲ့ချစ်သူကောင်လေး ကိုကြောက်သောကြောင့်
ကျက်ထားသမျှကို အကုန်ချရေးရင်း လိမ္မာ နေခဲ့ပါသည်။

နောက်ဆုံးဘာသာဖြေမယ့်နေ့မှာတော့
Yoongiတစ်ယောက်မကျေမနပ်ရေရွတ်မိသည်။

နေ့ရက်တိုင်းက စာမေးပွဲ ဖြေမယ့်နေဆို သိပ်ကောင်းမှာပဲ....

ဒါဆို သူလည်း နေ့တိုင်း Jiminနဲ့အတူတူ အိပ်ခွင့်ရမှာ...
စာမေးပွဲနေ့တွေမှာတော့ စာကျက်ရန်အကြောင်းပြချက်နှင့်
Jiminက သူ့အိမ်မှာ သူ့အခန်းထဲမှာ အိပ်ခွင့်ပြုသည်လေ.. ။

စာလုပ်ရမှာမုန်းတယ်အော်ရင်း စာလုပ်ခဲ့ရသော နေ့ရက်များနှင့်
ဆန်မုန့်ဖြူဖြူလေးအား အခွင့်အရေးယူခြင်း အကြောင်းအဖြစ်အပျက်များဖြစ်ခဲ့တာပေါ့...

**စာမေးပွဲ ကောင်းကောင်းဖြေခဲ့နော် Yoongi Hyung ပြီးတော့ အိမ်ပြန်လိုက်ပါ ညနေကျရင် ကျွန်တော်နဲ့တစ်နေရာမှာတွေ့ရအောင် ပြောစရာရှိလို့ပါ**

**ဟုတ်ပြီလေ**

ဘာလုပ်ဖို့ လဲ ဘာပြောစရာများရှိလို့လဲ??

အင်း နောက်ဆုံးတော့.....

Milky Way galaxy ထက်သိပ်သည်းဆများတဲ့ အချစ်တွေနဲ့ပြည့်နေတဲ့
ငါ့ရဲ့နှလုံးသားလေးကို အချစ်ကလေးက လက်ခံပေးတော့မှာလား
သူလေးအပေါ်ထားရှိတဲ့ Min Yoongiရဲ ့ချစ်ခြင်းကြယ်စင်စုက
Milky Way ကြယ်စင်စုထက်တောင် ကြီးမားပါတယ်လို့ နားလည်သွားပြီနဲ့တူပါရဲ့
Jiminineက ချစ်တယ် လို့ များ ဝန်ခံတော့မှာလား....
Min Yoongiတို့ခုထဲက ပျော်ပြီး စိတ်တွေခုန်နေပါပြီနော်။

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now