Unicode>
ပိတ်ရက်မို့အတော်အသင့်လူစည်ကားနေသော
Seoulမြို့ရဲ့ပန်းခြံတစ်ခု...စိမ်းရောင်ခြယ်မြက်ခင်းကော်ဇောထက်
ဟိုဒီဝိုင်းဖွဲ့ပျော်ပွဲစားထွက်နေသောမိသားစုများ ၊ ပြေးလွှားဆော့ကစားနေသောကလေးငယ်များနှင့် သာယာသောအခြေအနေအတိဖြစ်နေသော ပတ်ဝန်းကျင်နှင့် နေ့လည်ခင်း..ပန်းခြံ၏တစ်နေရာ
အရိပ်ကောင်းကောင်းရသော ထုထည် ကြီးမားသည့် သစ်ပင်ကြီးအောက်တွင်တော့
ခပ်ငယ်ငယ်သက်တူရွယ်တူကောင်လေးနှစ်ယောက်မိသားစုများ၊ ချစ်သူစုံတွဲများ သာအများစုလာလေ့ရှိသောကြောင့်
ရွယ်တူကောင်လေးနှစ်ယောက်အတူရှိနေသည့်မြင်ကွင်းက
သမားရိုးကျ မြင်ကွင်း မဟုတ်ခဲ့သော်လည်း
အပြုံးချင်းထပ်တူကျနေသောထိုကောင်လေးနှစ်ယောက်ရဲ့ လိုက်ဖက်နေမှုကတော့
ပုံမှန်စုံတွဲများထက်ပင် လိုက်ဖက်မှုတို့ အတိုင်းထက်လွန်ဖြစ်နေခဲ့သည်ကတော့
မြင်ရသမျှ လူတိုင်း ငြင်းနိုင်မည်မဟုတ်ပါ။လူအများစိတ်ဝင်စားနေတဲ့ကောင်လေးနှစ်ယောက်သည်ကား
ပတ်ဝန်းကျင်ကို သတိမပြုမိဘဲ
တစ်ယောက်ကိုတစ်ယောက်သာ အာရုံရောက်ရင်းအလုပ်များနေခဲ့သည်။အဝါနုရောင်အခင်း ပေါ်တွင် ခြေပစ်လက်ပစ်လှဲအိပ်နေသော Yoongiကို
စာကျက်ဖို့ အတင်းစည်းရုံးနေရသောJiminမှာ အတော်မောလှပြီ။
စာကျက်ဖို့လာမယ်ပြောသော်လည်းရောက်ကတည်းက
စာအုပ်ကိုတစ်ချက်လေးတောင်စောင်းငဲ့မကြည့်ဘဲ အပျင်းကြီးနေသောထိုလူသားကို
Jiminတစ်ချက်လောက်တော့နာနာလေးရိုက်ပစ်ချင်သည်...
တစ်ကယ်မရိုက်ရဲလို့သာပေါ့...**Yoongi Hyung စာကျက်ပါတော့ဆို.. **
**ဟင့်အင်း **
**စာမကျက်ဘဲ ဘာလုပ်ဖို့လာလဲ**
**စာကျက်ရတာမုန်းတယ် သင်္ချာ တွက်ရတာတော့ပိုမုန်းတယ် မလုပ်ဘူးကွာ**
**စာမေးပွဲ နီးနေပြီဗျ အထက်တန်းနောက်ဆုံးနှစ်ပဲရောက်တော့မယ် စာသေချာလုပ်ရတော့မှာပေါ့ အဲ့တာမှ တက္ကသိုလ် ကောင်းကောင်းလဲတက်ရမှာ**
YOU ARE READING
In A Relationship with Cute Class Leader [ YM ] ✅
FanficMin Yoongi Student and his cutie Class leader