[Unicode]
Jiminတောင်ခြေဆီသို့ ရောက်သွားတော့
အတန်းသားတွေရယ် အတန်းပိုင်ဆရာရယ်စုရုံးရပ်နေရာသို့ အပြေးသွားရင်း အသေးစိတ်ကိုမေးရသည်။တန်းခွဲ အေ က တက်ရမည့်တောင်က သိပ်မခက်ခဲဘဲတက်ရလွယ်သည့် တောင်ဖြစ်သည်။
မနက်ခင်းစောစောအားလုံး စထွက်ကြတုန်းကတော့
အဖွဲ့လိုက်ပင်။ခရီးတစ်ဝက်ကျော်ရောက်တော့ မှ
Yoongi ပျောက်နေခြင်းကို
အားလုံးသတိထားမိကြသည်။**အဲ့နောက်တော့ ဆရာမတို့လည်း ပြန်လှည့်လာကြတာပဲ မတော်လို့ တခုခုဖြစ်ပြီး ကျန်နေခဲ့တာလားလို့ ဒါပေမဲ့ မတွေ့ဘူး**
**ဟုတ်ကဲ့ ကျွန်တော်သိပါပြီ နောက်တစ်ခေါက်သွားပြန်ရှာလိုက်ဦးမယ် **
အတန်းပိုင်ဆရာမအနားကထွက်လာခဲ့ပြီး
တစ်ချက်ဝေ့ကြည့်လိုက်တော့
ဒုအတန်းခေါင်းဆောင်တို့ ထိုင်နေတဲ့နားဆီ
Jimin လျှောက်သွားလိုက်သည်။**Min Woo ရေ ငါနဲ့လိုက်ခဲ့ သွားကြမယ်**
**Jimin အတန်းခေါင်းဆောင် ဘယ်ကိုလဲ **
**တောင်ပေါ်လေ လာစမ်းပါ အချိန်မရှိဘူး **
**အဲ ဟိုလေ ငါတို့က ခုမှ နားရ... အဲ.. သွားလိုက်ပြီ ... ထကြဟေ့ လိုက်ရအောင် အမလေး ခုမှနားရတာကို အဟင့်**
ရှေ့ကနေသုတ်သုတ်နှင့် သွားလိုက်
နောက်ပြန်ကြည့်ပြီး နှေးနေသော သူတို့ကို
စိတ်မရှည်တဲ့ ပုံနှင့် ကြည့်လိုက်နှင့်...
အတန်းခေါင်းဆောင်ရယ် မင်းကတော့မမောပေမဲ့
ငါတို့ပင်ပန်းနေပြီ ဟ ။ဘာပဲပြောပြော သူတို့က တောင်လည်းတစ်ခေါက်တက်..
နောက်ထပ်လည်းရှာထားရသေးသည်ဆိုတော့
မဟန်နိုင်တော့... သစ်ပင်ကြီးတစ်ပင်အောက်မှာ
အားလုံးထိုင်ချမိသည်။**မင်းတို့ ဖြည်းဖြည်းလိုက်ခဲ့တော့နော် သွားနှင့်မယ်**
**omm ရှာတွေ့ရင် အချက်ပြလိုက်နော် ငါတို့ဖြည်းဖြည်းချင်း လိုက်လာခဲ့မယ်**
ပျောက်ကွယ်သွားတဲ့Jimin၏ ပုံရိပ်အားလိုက်ကြည့်
နေမိရင်း Min Woo စိတ်ထဲတွေးနေမိတာက...
မင်းကတော့ အများကြီး
စိတ်ပူနေတဲ့သူဆိုတော့လည်း မြန်မြန်ပေါ့..
YOU ARE READING
In A Relationship with Cute Class Leader [ YM ] ✅
FanfictionMin Yoongi Student and his cutie Class leader