8 ) I'm Crying now

4.6K 598 123
                                    

Unicode >

Jiminဆီမှပြတ်စဲခြင်းခံရပြီးနောက်
Yoongiရဲ့နေ့ရက်များကတော့ ဗရမ်းဗတာနဲ့ ဖရိုဖရဲဖြစ်နေခဲ့ပါတယ်။

Min Yoongi at တောင်ပေါ်ဘုရားကျောင်း,

**အရှင်ဘုရား ကျွန်တော် ဘုန်းကြီးဝတ်တော့မယ်**

နေ့တစ်ပိုင်းကြာပြီးနောက် ... ဗုဒ္ဓ တရားတော်မဆွေးနွေးဘဲ
Park Jimin အပြုံးလေးများအကြောင်းသာပြောနေမိ၍
ဆရာတော်မှ ရိုက်ထုတ်လို်က်ခြင်း ။

Min Yoongi at  Church ,

**ကျွန်တော် ဖာသာ လုပ်တော့မှာပါ**

ခဏအကြာ.... ဘုရားသခင်အစား
သူ့နေ့ရက်များအား Park Jiminအပြုံးလေးများမှ ဖန်ဆင်းကြောင်း
တွင်တွင်ပြောနေ၍ ဖာသာမှ မောင်းထုတ်လိုက်ခြင်း။

**ရှုပ်ပါတယ်ကွာ ဟိမဝန္တာ တောင်တန်းမှာပဲ ဆာဒူးကြီး သွားလုပ်တော့မယ်**

အချစ်၏ဘေးထွက်ဆိုးကျိုး... အသည်းကွဲ ဝေဒနာသည်
တစ်ခါတလေ တော့.... လူတွေကိုအရူးဖြစ်စေသည်။

..........

မနက်ခင်းမှာ အကျင့်ဖြစ်နေကျ ဖုန်းကိုဖွင့်ကြည့်ဖို့ လက်လှမ်းမိတယ်... ။
Good morning စာ လေးမရောက်နိုင်တော့တာ ခဏတာမေ့သွားခဲ့လို့ပ့ါ။

မနက်စောစော ထလာပြီး
မနက်စာစားမည်ဟု ထမင်းစားပွဲ ဝင်ထိုင်နေသော Jimin ကြောင့်
သူ့ommaကတော့ အံ့သြနေလေတယ်။

**omma သားနို့သောက်မယ် ပေါင်မုန့် နဲ့**

**သားလေး ထူးဆန်းလှချည်လား ခါတိုင်းမနက်စာမစားဘူးလေ**

အစတုန်းက မစားတာ အကျင့်မရှိလို့
နောက်တော့ မစားတာက ကျောင်းမှာ အဆင်သင့်ပြင်ပေးတဲ့သူရှိလို့
ခုတော့ အိမ်မှာစားတာက ခွံ့ကျေွးမယ့်သူမရှိတော့လို့
အိမ်မှာ မစားရင် ကျောင်း မှာ ကျေွးမယ့်သူမရှိတော့ဘူးလေ
ဒီလိုကျတော့လဲ ဘဝကြီးကသာယာမနေတော့ဘူး...

**Omma နွားနို့က အေးနေတယ် မသောက်ချင်ဘူး**

**သြော် ommaနွှေးပေးမယ် သား**

**Omma ရေ နို့ကြီး က ပူနေတယ် လုပ်ပါဦး**

** သားပဲအေးနေတာမကြိုက်ဘူးဆို**

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now