11) Confession

4.4K 495 22
                                    


[ Unicode ]

တစ်နေ့ခင်းလုံးအိပ်ပျော်နေတဲ့ Jiminအနားမှာပဲ စောင့်ပေးနေတဲ့ Yoongi ဟာ
အဖျားကျသွားတဲ့ကောင်လေးလက်ကို
ကိုင်ရင်း စိုးရိမ်နေဆဲ.. ။

အကြောင်းကြားမှသိရတဲ့ Jiminမိဘတွေက
နေ့ခင်းပိုင်းတွင် ဆေးရုံသို့အပြေးအလွှား
ရောက်လာကြသည်။

သူ့ကိုမှတ်မိပုံရတဲ့ Jimin ommaအနားသွားရင်း
အဖြစ်အပျက်အကုန်သေချာပြောပြပြီးနောက်
Jiminကို သူပဲ စောင့်ရှောက်ပေးချင်ကြောင်း
အတင်းခွင့်တောင်းတော့
အားနာပါးနာနှင့် ခွင့်ပြုကြပါသည်။

ဆေးတစ်လုံးထိုးပြီးနောက်
အဖျားကျသွားပြီး အဆင်ပြေသွားဟန်တူတဲ့Jimin

သား က Yoongi Hyungကို သွားကယ်ခဲ့တာပါ
ဆိုကာ သူ့ommaနဲ့ appaကို တောင်အသံစာစာလေးနှင့်ပြောနေသေးသည်။

သူ့ကိုရေထဲပြုတ်ကျအောင်
ကန်ချလိုက်တဲ့အကြောင်း နှုတ်ခမ်းဆူကာ တိုင်နေချိန်မှာ Yoongi တစ်ယောက် အသည်းအသန် ပင်
ပြန်ရှင်းပြရသေးသည်။

တော်သေးသည်က ယောက္ခမ လောင်းတွေက
သဘောကောင်းလို့ ဘာမှသိပ်မပြော

မျက်နှာချိုသွေးလိုက်ရတာဆိုတာ
တစ်သက်လုံးက ချေမိုးလာခဲ့သမျှ
သားအကောင်းစားလေးကို လိုချင်တော့လည်း
သူ့မိဘတွေ ဆီကအမှတ်ယူဖို့ လုပ်ရတာပေါ့

အိမ်မှာဆိုရင် ဆိုးသွမ်းဗိုလ်ကျနေသမျှ
ခုတော့ လူယဥ်ကျေးလေးဖြစ်နေတဲ့ Min Yoongiကို
သူ့ommaကတော့ အံသြဘ ဆိုတဲ့ပုံစံနဲ့ ပဲ
ကြည့်နေတယ်။

****ဘေးကနေပဲ ကြည့်မနေသင့်ဘူး omma
မြန်မြန်လေး လမ်းကြုံ တုန်း
သမက်တောင်းပေးလိုက်စမ်းပါ

တစ်ခါထဲ လူကြီးချင်း သဘောတူပြီးသားဖြစ်သွားရအောင်လို့

Park Jimin လေးဟာ Min Yoongiရဲ့ အပိုင်လေး
ဆိုတာ တံဆိပ် ခတ်နှိပ်ထားချင်လို့ ဟိုး ဟိုး ဟိုး***

ဒါတွေအကုန်လုံး စိတ်ကူးယဥ်နေသည်ထင်ပါသလား

Min Yoongiဆိုသည်မှာ အပြောနှင့် လေကျယ်နေတာမဟုတ်သလို
အတွေးနှင့်ပင် ဆန်မုန့်လုံးလေးကို စားဖို့ကြံရွယ်နေသည်မဟုတ်

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now