ငါမင်းကိုချစ်တယ်။ မင်းလည်းငါ့ကိုချစ်တယ်။
ဒါပေမယ့်ငါတို့ရဲ့အချစ်က အပြစ်တစ်ခုဖြစ်နေခဲ့တော့
ဒီအပြစ်ကို ငါကျေနပ်စွာခံယူခဲ့ဖူးတယ် ။
လူသားနဲ့မိစ္ဆာကြား မပေါင်းဖက်နိုင်ဘူးလို့
ရှေးဆိုစကားတွေ ဘယ်လိုပဲရှိခဲ့ပါစေ
ငါမင်းကို ငါ့ဘဝနဲ့ရင်းပြီး ချစ်တယ်။
မွေး အို နာ သေ သံသရာစက်ဝန်းမှာ မင်းနဲအတူထာဝရရှင်သန်ချင်ခဲ့တယ် ။
မင်းရက်စက်မယ်လို့ ငါလုံးဝမမျှော်လင့်ခဲ့ပေမယ့်
ငါ့ဘဝက ငါအရမ်းချစ်ရတဲ့ မင်းအလိုကျပါ လန်ကျန့် ငါမင်းကိုအရမ်းချစ်ပါတယ်။ 💖💖💖💖💖💖💖💖💖💖💖💖💖💖
"လောကလူသားတွေ ငြိမ်းချမ်းဖို့ ဒီမိစ္ဆာကိုသတ်ပစ် သတ်ပစ်"
ဝေဝူရှန်းဟာ လက်ဝါးကပ်တိုင်ပေါ်သံ ကြိုးနဲ့ချည်နှောင်ခြင်းခံထားရကာ အောက်ခြေမှာ ထင်းတွေစုပုံထားတယ်။
ဒါဟာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း။
လူအပေါင်းတွေရဲ့ အော်ဟစ်သံတွေအဆုံးမှာ မီးဟာစတင်လောင်ကျွမ်းလာပြီး ဝေ့ရင်းကို စတင်လောင်မြိုက်တော့တယ်။ထိုအချိန် အဝေးတစ်နေရာမှ သာယာလှတဲ့ဗျစ်စောင်းသံက လောင်မြိုက်နေတဲ့မီးတွေကို ငြိမ်းသွားစေတယ်။ မိုးပြာရောင် ဓားတစ်လက်ဟာ ပျံသန်းလာပြီး ဝေ့ရင်းကိုချည်နှောင်ထားတဲ့သံကြိုး တွေကို ဖြတ်တောက်လိုက်ပြီး အဖြူရောင်ပုံရိပ်ဟာ ဝေ့ရင်းရှေ့မှကာစီးလိုက်တယ်။
"လန်ကျန့်!! "
ဝေ့ရင်းဟာ လန်ကျန့်သူရှေ့မှရပ်ကာ ဂိုဏ်းအားလုံးကိုဆန့်ကျင်နေတာတွေ့တော့ မနေနိုင်စွာ ဆွဲထားမိတယ်။
"မင်းဘာလာလုပ်တာလဲ သေချင်လို့လား ငါနဲ့ပတ်သက်ရင် မင်းကိုပါသူတို့သတ်ကြလိမ့်မယ်"
လန်ကျန့်ဟာခေါင်းကိုသာစောင်းငဲ့ကြည့်ပြီးဘာမှမပြောပေ။ ထိုစဉ်အောက်ဖက်မှ လူတွေဆူညံပွက်လောရိုက်ကုန်တော့သည်။