ဝမ်ရိုဟန်သည် ဝေ့ရင်းအားသေစေချင်သည်။ သို့သော် ကောင်းကင်မင်းကြီးက ဝိညာဉ်အစွမ်းကိုသာပိတ်ပင်စေခဲ့သည်။ သူလုံးဝမကျေနပ်ပေ။
သူနှင့် ဝေ့ရင်းအဖေဟာ ပြိုင်ဘက် မဟာရန်သူတွေထို့ကြောင့်သူလုံးဝဝေ့ရင်းကိုမကြည်ဖြူ။ ။
သူ့သားဝမ်ချောင်သည်သူတော်ဂိုဏ်းခေါင်းဆောင်ဖြစ်သော်လည်း အရေးသိပ်မပါလှပေ။"ဝမ်ချောင်မင်းတို့ ဆက်လုပ်ကြသူသေစေရမယ်"
"ဟုတ် စိတ်ချပါခမည်းတော်"
လန်လင်ကျင်း••••••••••••••••••
သူတော်ဂိုဏ်းများစုဝေးနေကြသည်။ ဂိုဏ်းကြီး၅ဂိုဏ်း ကူးစူးလန်ဂိုဏ်း လန်လင်ကျင်းဂိုဏ်း ယွင်မုန့်ကျန်းဂိုဏ်း ချင်းဟယ်နျဲ့ဂိုဏ်း ချီရှန်းဝမ်ဂိုဏ်း နှင့်အတူ ဂိုဏ်းငယ်လေးများစုဝေးနေကြသည်။
"ဒီနေ့ကျနော်တို့စုဝေးကြတာကတော့ ရီလင်းမှာသောင်းကျန်းနေတဲ့ နတ်မိစ္ဆာကိုရှင်းဖို့ပဲ လူတွေလဲလာပြီး အကူအညီတောင်းနေကြတယ် တကယ်လို့ ကျနော်တို့သာ မနှိပ်နှင်းရင်လူတွေအကြောက်တရားနဲ့ နေရလိမ့်မယ်"
ကျင်းကွမ်ရှန်းရဲ့စကားအဆူံးအားလုံးဟာခေါင်းညိတ်ထောက်ခံကြလေသည်။
ရီလင်းအရပ်သို့သွားကာ ဝေ့ရင်းကိုဖမ်းဆီးခဲ့ပေမယ့် ဝေ့ရင်းသည်မခုခံနိုင်ပေ။ ထို့ကြောင့်အလွယ်တကူအဖမ်းခံရကာ အသတ်ခံရလုနီးဖြစ်လာခဲ့သည်။
လန်ဝမ်ကျီသည် ဝေ့ရင်းကို ချစ်နေခဲ့သည်သို့သော်အချိန်ကာလကြာမြင့်စွာသူသတိမမူနိုင်ခဲ့ပေ။
သူဟာဝေ့ရင်း ကို စီရင်ခါနီးမှ သူခံစားချက်တွေအတည်ပြုနိုင်ခဲ့သည်။ သူထိုလူသားကိုချစ်သည်။ ဝေ့ရင်းကလည်းသူ့ကိုချစ်သည်။သူတစ်ချိန်ထဲမှာလဲသိသည် သူတို့အချစ်သည်အပြစ်ဖြစ်သည်။