လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ခန့်က.........
ကောင်းကင်ဘုံမှ သားတော်တစ်ယောက်ဟာ နတ်မိစ္ဆာမလေး ကျန်းစစ်စမ်းရန်နှင့် မေတ္တာမျှကာ လူ့ပြည်တွင်နေထိုင်ပေါင်းသင်းခဲ့ကြသည်။
ထိုအခြင်းအရာကို ကောင်းကင် မင်းကြီးသိသောအခါ ပြင်းထန်စွာအမျက်ဒေါသထွက်၍ ထိုသူနှစ်ဦးအား နတ်သက်ကြွေစေခဲ့သည်။
ထိုနှစ်ဦးမှ သားလေးတစ်ယောက်ကျန်ခဲ့သည် ထိုခလေးမှာ ဝေဝူရှန်း ဖြစ်လေသည်။ ကောင်းကင်မင်းကြီးသည် မြေးတော်အား ချစ်သော်လည်း အလိုမလိုက်ခဲ့ပေ။ ထိုနောက် တင်းကြပ်တဲ့စည်းကမ်းအမိန့်တွေကြားနေစေ၍ သူ၏မိတ်ဆွေနေအိမ်ဖြစ်သော ပဒုံမ္မာတံခွန်သာ နေထိုင်စေခဲ့ပြီး ကောင်းကင်ဘုံသို့မခေါ်ယူခဲ့ပေ။လွတ်လပ်မှုကိုမြတ်နိုးတဲ့ ဝေ့ဝူရှန်းဟာ ယွင်မုန့်မှထွက်ခွာကာ ရီလင်းမြို့၌သာနေထိုင်ခဲ့သည်။ ထို့နောက်နတ်မိစ္ဆာဘွဲ့ကို ခံယူကာ ရီလင်းလောင်ဇူးဖြစ်လာခဲ့သည်။
နတ်သွေးတစ်ဝက် နတ်မိစ္ဆာတစ်ဝက် ဝေ့ရင်းဟာ စွမ်းအားကြီးမားသည်။ မကောင်းသူပယ်ကောင်းသူကယ်ခဲ့သည်။ ထိုအရာတို့သည်ကားလောကတစ်ခွင်ပြန့်နှံ့ခဲ့သည် သတင်းတစ်ခုဖြစ်ခဲ့သည်။
နှစ်ကာလတွေကြာလာပြိးနောက် ဝေ့ရင်းလေး18နှစ်ပြည့်မွေးနေ့သို့ရောက်ခဲ့ပေမယ့် ကျင်းပစရာ မိတ်ဆွေသူငယ်ချင်းဟူ၍များများစားစားမရှိပေ။ ငယ်ငယ်ကနေခဲ့တဲ့ကျန်းယန်လီ နှင့် ကျန်းချန်သာ ရှိခဲ့လေသည်။
ကျန်းချန်ဟာသူ့ သူငယ်ချင်း လန်ရှီးချန်ကို ဝေ့ရင်းမွေးနေ့ပွဲသို့ဖိတ်ခဲ့တာမို့ လူများလာသည်။ဝေ့ရင်းအတွက် ဒီနှစ်တော့သူငယ်ချင်းအသစ်တွေရလာခဲ့သည်။ သူကပျော်ပျော်နေတတ်ပြီးစရနောက်ရတာကြိုက်နှစ်သက်သည်။ အထူးသဖြင့် လန်ရှီးချန်ရဲ့ညီ လန်ဝမ်ကျီ ကို စနောက်နေရတာ သဘောကျသည်။