မည်သူထင်ပါအံ့မည်နည်း ။ ကျန်းဂိုဏ်းချူပ်ဟာ ထိုအထဲမှထွက်လာမည်ဟု။ ထို့ထက်အံ့အောစရာကောင်းတာကတော့ လန်ဂိုဏ်းဟာ.မည်သည့်ဖြေရှင်းချက်မှမပေးပဲ ဝေ့ရင်းအားကာကွယ်ပေထားခြင်းပင်။
လွန်ခဲ့တဲ့သုံးရက်က......
ကျန်းချန်တစ်ယောက်ဝေ့ရင်းကူးစူးတွင်ရောက်နေကြောင်းသတင်းကြားခဲ့သည်။ ထို့ကြောင့်သူသွားတွေ့ခဲ့သည်။
လန်ဝမ်ကျီဟာ ခန်းမဆောင်ရှေ့မှာရပ်ရင်း ဇယ်ဝူကျွင်းနဲ့စကားပြောနေသည်။သူအရေးမစိုက်ချင်သော်လည်းအသက်ဓာတ်လုံးအကြောင်း လန်ရှီးချန်က လန်ဝမ်ကျီကိုမေးနေခြင်းပင်။
"ဝမ်ကျီ မင်းမှတ်မိပြီလား အဲ့အသက်ဓာတ်လုံးဘယ်ကရလာသလဲဆိုတာ"
လန်ဝမ်ကျီခေါင်းခါပြသည်.သူတကယ်မမှတ်မိချေ။
"ဝေ့ရင်းပေးခဲ့တာ ပြသာနာရှိလို့လား "
လန်ဝမ်ကျီနဲ့ လန်ရှီးချန် ထိုစကားကြားကာအံ့အောသွားကြသည်
"ဝေ့..ရင်း..ပေးတာ"
လန်ဝမ်ကျီဟာထစ်အစွာဆိုလာသည်။"ဟုတ်တယ် မင်းဝမ်လင်းကြောင်ရဲ့အသတ်ခံရကာနီးတုန်းကငါတို့တွေ့လို့ ဝမ်လင်းကြောင်ကမင်းရဲ့အသက်ဓာတ်ကိုစုပ်ယူနေခဲ့တာ အာ့တာကြောင့် ဝေ့ရင့်းက...."
အခုတော့အားလုံးနားလည်ကြလေပြီ။ အရင်က ရီလင်းနယ်သားတွေ ဘာကြောင့်ဆုံးပါးကြသလဲ။
တရားခံက ဝမ်လင်းကြောင်သာ။ သူတို့ဟာ လန်ချီရန်ကိုရှင်းပြကာ ကျန်းချန်မှ"ဝေ့ဝူရှန်းက ကောင်းကင်မင်းကြီးရဲ့မြေးတော်ပါ "
ကောင်းကင်မင်းကြီးရဲ့မြေးတော်ဟု ကြားပြီး လန်ချီရန်နှင့် လန်ညီကိုတို့ ကြောင်အသွားကြသွားသည်။ သူတို့သိသည်မှာ ဝေ့ရင်းသည် မွေးစားမိဘများဖြစ်သော ကျန်းဇနီးမောင်နှံသာ။ ဝေ့ရင်းနောက်ကြောင်းရင်းခံတိကျစွာမသိကြပေ။