ဝေ့ရင်းဟာချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျလာပြီး တစ်စုံတစ်ခုကအောက်ကခံနေသလိုခံစားရတော့ ကြီးမားတဲ့ရွှေရောင်နတ်ပိုက်ကွန်။ နတ်ပိုက်ကွန်ဟာ ချောက်ကမ်းပါး ရဲ့အောက်ဖက်မှာရှိနေတာဖြစ်သည်။
ဝေ့ရင်းစူးစမ်းကြည့်ချင်နေသေးသော်လဲ သူ့ရင်ဘတ်ကမြှားဒဏ်ရာကြောင့် သတိလစ်သွားလေတော့သည်။"မမဟိုမှာ လူတစ်ယောက် ရှိနေတယ်"
"ဘယ်မှာလဲ"
"နတ်ပိုက်ကွန်ပေါ်မှာ "
ဝမ်နင်းညွှန်ပြတဲ့နေရာကြည့်လိုက်တော့ အမှန်တကယ်လူတစ်ယောက်ပါပေ။ အဖြူရောင်ဝတ်စုံပေါ်မှာ သွေးနီနီိတို့ကစွန်းထင်းလျက်ရှိနေပြီ ရင်ဘတ်မှာလဲ ဓားဒဏ်ရာနဲ့ ကောင်လေးတျောက်။
ထိုသူများကတော့ဝမ်နင်း ဝမ်ချင်ဖြစ်သည်။ သူတို့သည်လဲ ဝမ်ချောင်နဲ့ဝမ်လင်းကြောင်တို့ရဲ့ သတ်ဖြတ်မှုကြောင့် ပြန်လမ်းမဲ့ချောက်ကမ်းမှ ခုန်ချကာ သေပွဲဝင်ခဲ့သော်လည်း သေကံမရောက်ခဲ့၍တောင်အောက်တွင်အသက်ရှင်နေခဲ့သူတွေ။
ဝမ်ချင်နဲ့ဝမ်နင်းဟာဝေ့ရင်းကို ပိုက်ကွန်ပေါ်မှချကာ ဂူထဲသို့ရွေ့ခဲ့လေသည်။
ဝမ်ချင်မြားကိုနုတ်ကာ ကြည့်တော့ သံယောဇဉ်မဲ့အဆိပ်သုတ်လိမ်းထားသည်။ ဘယ်လောက်ရက်စက်လိုက်သနည်း။ မြားခေါင်းမှတံဆိပ်ကိုကြည့်လိုက်တော့ ဝမ်။
ဒါဆို ထိုလူဟာ ဝမ်လူမျိုးတို့ရဲ့ရန်သူလား ဒါမှမဟုတ် ဝမ်မျိုးနွယ်ရဲ့လုပ်ကြံခြင်းကို ခံခဲ့ရလေသလား။ဝမ်ချင်ဟာ ဆေးထည့်ပြီး ကုသပေးကာ ဒဏ်ရာကိုစည်းထားလိုက်သည်။
ဘာပဲဖြစ်ဖြစ်ထိုလူသားမသေနိုင်ပေ။ ဒါပေမယ့် သံယောဇဉ် ထိုသူမြားနဲ့ပစ်ခံရစဉ် သူအချစ်ဆုံးသူကိုတွေးတဲ့အခါ သံယောဇဉ်မဲ့အဆိပ်ထကြွလာတဲ့အခါ နှလုံးသားမှ အဆမတန်စူးအောင့်စွာခံစားရမည်။