📎📎📎
~အတော်ပဲ ငါကမုန်လာဥနီအရမ်းကြိုက်တာ ယူလို့ရမလား~
ကျင်းအာရဲ့စကားအဆုံးရှောင်းကျန့်တူကိုင်ထားသည့်လက်များတုန်လာသည်!ဟင့်အင်း...^ဝမ်ရီပေါ်ကငါ့ကိုပဲပေးမှာပါနော်!ဘာ့ကြောင့်မှန်းမသိပေမယ့်ကျင်းအာကိုမပေးစေချင်။ဝမ်ရီပေါ်ကသူ့ကိုရွေးပီးပေးနေကျကြောင့်ပဲလား???
သူ့ကိုပေးနေကျ^သူကလဲယူစားနေကြ^မုန်လာဥနီလေးအနည်းငယ်ကြောင့်နဲ့တော့ဒီလိုမဖြစ်သင့်ပေမယ့်^
ရှောင်းကျန့်အလိုလိုဝမ်းနည်းလာမိသည်!ကျင်းအာကိုသာပေးလိုက်ရင်ဆိုတဲ့အတွေးနဲ့ထမင်းပင်မျိုမကျတော့!ဝမ်ရီပေါ် ကိုခိုးကြည့်မိတော့ပန်းကန်ကိုကြည့်နေသည်!ခဏကြာတော့ကိုယ့်ရှေ့ကိုချပေးပီး ဒါ သူ့အတွက် တဲ့!အား...
ဝမ်ရီပေါ်ကလိမ္မာလိုက်တာ!ငါတော့သူ့ကိုအရမ်းတွေ....
ခင်နေပီ^ရင်ထဲမှာလည်းစမ်းချောင်းလေးဖြတ်စီးသွားသလိုပဲ!အေးချမ်းလိုက်တာ^...
ပျော်လွန်းလို့ မင်းကအရမ်းကောင်းတာပဲ လို့လက်မလေးထောင်ပီးပြောလိုက်တော့ အကြည့်စူးစူးကြီးနဲ့လာကြည့်နေပြန်တယ်!အကျင့်ဖြစ်နေပါပီ^ငါရယ်တာကိုမကြိုက်ဘူးလားမသိဘူး!ရယ်ပြလိုက်တိုင်းအကြည့်စူးစူးကြီးနဲ့ကြည့်တယ်^မရယ်တော့ရင်ပြန်လှည့်သွားရော!ငါရယ်တာအဲ့လောက်ကြည့်ရစိုးလို့လားဟ^လူတိုင်းကငါရယ်တာကိုကြိုက်ပါတယ်^အင်းလေ^ဘာဖြစ်ဖြစ်!ထမင်းပဲဆက်စားတော့မယ်!ငါ့ဘေးကဝမ်ဟောက်ရွှမ်းကလည်းငြိမ်နေတာပဲ!
သူ့ရှေ့ကမုန်ကျီယိနဲ့ရွှမ်လုကစကားတစ်ပြောပြောနဲ့!ကျင်းဇီရွှမ်းလား!အင်း^သူကသူ့ရှေ့ကရွှမ်လုကိုမျက်တောင်မခတ်ဘဲငေးကြည့်နေတယ်!ဘုရား!အပမှီနေသလိုပဲ^အင်းပေါ့လေ!ချစ်မိသွားရင် လူတိုင်းကတစ်နည်းမဟုတ်တစ်နည်းတော့ရူးသွားကျတာပဲလေ !ငါလေး လိုလူကောင်းမဟုတ်တော့ဘူး!📎📎📎
ရှောင်းကျန့်တို့အဖွဲ့စာကြည့်တိုက်တွင်စု၍စာလုပ်နေကြရသည်။ရှောင်းကျန့်ကစာလုပ်နေတဲ့ဝမ်ရီပေါ်ကိုဘေးကနေစကားတွေထိုင်ပြောနေတယ်^မုန်ကျီယိ၊ရွှမ်လုနဲ့ကျင်းဇီရွှမ်းကစာလုပ်နေပီးဟောက်ရွှမ်းကတော့အိပ်နေလေသည်!ကျင်းအာလား ? သူမကအဖွဲ့ထဲမှာမရှိတော့ဘူး!ဆရာမကသူ့ကိုတစ်ခြားအဖွဲ့ထဲပြန်ပြောင်းလိုက်တယ်!ဒါလည်းကောင်းတာပဲ!ငါ့ရဲ့မုန်လာဥနီတွေကိုလာမလုတော့တာပေါ့!<ဟုတ်တယ်လေ!နင့်ရဲ့ပေါ်ကြီးကိုလာမလုတော့ဘူး😏>
အာ... ငါဝမ်ရီပေါ်နဲ့စကားပြော အဲ^မဟုတ်ဘူး!ငါသူ့ကိုစကားပြောဦ မယ်!သူကပြန်မှမဖြေတာ!ရုပ်နဲ့တော့ပြန်ဖြေတယ်^ငါတော့အကဲခတ်တတ်နေပီ!
YOU ARE READING
CHAY《completed》
FanfictionCrushဆီကattentionလိုချင်လား??? တစ်ခြားလူတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေပီးသူ့ကိုပိုးစိုးပက်စက်ချေပြလိုက်! အနည်းဆုံးတော့Crushရဲ့အတွေးထဲကိုယ်ရောက်သွားလိမ့်မယ်! ငါ့လိုရုပ်ချောကြီးတွေဆိုရင်တော့ပြန်ကြိုက်ခံရမှာပေါ့>.< 《Zawgyi♥》