Part-42

4.7K 471 13
                                    

*******

ရှောင်မားမား‌‌တစ်ယောက်ခွဲစိတ်ခန်းရှေ့တွင်ထိုင်နေရသည်မှာတစ်နာရီကျော်ပင်ရှိနေပီဖြစ်သည်။
လူနာတင်ကားခေါ်ပီးကတည်းကသူမသားနှင့်အတူဝမ်ရိပေါ်ကလိုက်သွားသောကြောင့်ကျင်းရွှမ်အာဟူသောကလေးမအတွက်သူမလာစောင့်ပေး‌နေခြင်းပင်။အရမ်းမရင်းနှီးသော်လည်း
သူမကိုတစ်ခါကူညီပေးဖူးသည်ကြောင့်လည်းပါလိမ့်မည်ထင်။လူနာရှင်ကိုဆက်သွယ်ရန်
နည်းလမ်းမရှိသောကြောင့်သူမသာထိုင်စောင့်ပေးနေဖြစ်တော့သည်။သားငယ်ကိုလည်းဟိုကောင်လေးရှိနေသောကြောင့်လားမပြောတတ်။စိတ်မပူမိဘဲ
သွားမကြည့်ဖြစ်သေးချေ။တစ်နာရီကျော်ကြာ
ထိုကောင်မလေးနားတွင်သာစောင့်ပေးနေခြင်း
ပင်။အချိန်‌နှစ်နာရီနီးပါးကြာပီးနောက်
ခွဲစိတ်ခန်းတံခါးပွင့်၍ဆရာဝန်နှင့်အကူဆရာမ‌
လေးများထွက်လာကြသည်။

~ ဆရာ,လူနာအ‌ခြေနေလေး! ~

~ အသက်အန္တရာယ်မရှိ‌တော့ပါဘူး!ခေါင်းထိသွားတာချုပ်ပေးထားတယ်!အင်း..‌ခြေ‌ထောက်တစ်ဖက်က‌တော့အရိုး
အက်သွားတယ်,သတိတော့မရသေးဘူး!ခဏနေရင်ရိုးရိုးအခန်းကိုရွေ့ပေး‌တော့မှာပါ!~

~ ဟုတ်ကဲ့!ကျေးဇူးပါ,ဆရာ! ~

ခေါင်းတစ်ချက်ငြိမ့်ပြကာထွက်သွားသောဆရာ့ကိုကြည့်ကာသူမသက်ပြင်းကိုသာချမိသည်။*ဟင်း,ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့!မိန်းကလေးရယ်!*

******

ဝမ်ရိပေါ်ရှောင်းကျန့်လက်လေးအားဆုပ်ကိုင်ကာ ဖြူဖျော့နေသောမျက်နှာလေးအားငေးနေမိသည်
ကားနှင့်အနည်းငယ်သာထိမိ‌သော်လည်းအဖျားကြီးနေသည်မို့လန့်၍သတိမေ့သွားခြင်းပင်။
အားဆေးသွင်းထားသော်လည်းတစ်နာရီကျော်ကြာသည်အထိသတိပြန်မလာသေးပေ။စဉ်းစားလေ၊စဉ်းစားလေကျင်းရွှမ်အာကို
ဒေါသထွက်လေပင်ဖြစ်သည်။သို့သော်သူမလည်း
ထိခိုက်မိသည်မို့စိတ်ကိုလျော့ထားလိုက်တော့
သည်။မဟုတ်လျှင်သူမကိုသွားသတ်မိလောက်
သည်ပင်။ဘယ်လိုအတွေးနဲ့များလူကို
ကားနဲ့တိုက်ဖို့စဉ်းစားရဲရတာလဲ?!
သူတကယ်ပင်ရွံရှာမိ‌တော့သည်။သို့သော်ကားကိုအချိန်မှီပြန်ထိန်း၍ပင်တော်သေးသည်။မဟုတ်လျှင်အကျိုးဆက်ကတွေးဝံ့စရာ
ပင်။သူမရဲ့အတွေးတွေကိုသူကိုယ်တိုင်လည်း
လိုက်မမှီတော့‌ချေ။ဘာဖြစ်ဖြစ်‌သူ့ချစ်ရသူ
သည်သာအရေးအကြီးဆုံးပင်ဖြစ်သည်။ရိပေါ်အတွေးတို့ကိုရပ်ရင်းသူ့လက်နှစ်ဖက်ဖြင့်
ဆုပ်ကိုင်ထားသောရှောင်းကျန့်လက်ဖမိုးလေးကိုခပ်ဖွဖွနမ်းလိုက်တော့သည်။
*ကိုယ်အရာရာကိုရင်ဆိုင်မှာမလို့,မြန်မြန်သတိရလာပေးပါတော့!!*

CHAY《completed》Donde viven las historias. Descúbrelo ahora