................အပိုင်း-၁🍀...............
၁၉၂၈ခုနှစ် အင်္ဂလန် နိုင်ငံ...🇬🇧🇬🇧
အင်္ဂလန်နိုင်ငံ ပိုင်York(ရုခ်)မြို့လေးဟာ တောင်ယာ အလုပ်တွေ လုပ်ကိုင်ရင်း
အပူအပင် ကင်းစွာ နေကြရတယ်။
လူကြီးတွေက ဂျုံ ခင်းထဲ သွားရင်
ကလေးတစ်စုက သူတို့ရဲ့ အုပ်စုလိုက်ရှိနေတဲ့ ဖြူ ဖြူ ဖွေးဖွေး ဆိတ်တွေ ကို စားကျက်ကွင်းသို့ ကျောင်းရတယ်။
ရွာလမ်းတစ်လျောက် ပျော်ပျော်ပါးပါး
ကစားနေကြတဲ့ ကလေးတွေကို
ခေါင်မိုးထပ် ပြတင်းပေါက်လေးတစ်နေရာက ငေးမောနေတဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။ထိုကလေးအုပ်စုဆီကို အပြေးသွားပြီး ကစားချင်ပေမဲ့ ဖခင်ရဲ့ ကြိမ်လုံးရှည်ရှည်ကိုကြောက်တာကြောင့်မကစားရဲဘဲ ပြတင်းပေါက်လိုက်ကာကို ချက်ချင်းပိတ်လိုက်တယ် အဲ့တာမှစိတ်မရောက်နိုင်မှာလေ။တွက်လက်စ သချာင်္တွေ ကိုမြန်မြန် တွက်ပြီး အဲ့ကလေးတွေနဲ့ သွားကစားရမယ်လို့ စိတ်ထဲတေးထားလိုက်တယ်။Cyrus (ဆိုင်ရပ်)နံနက်စာရပြီ လာစားတော့..
မာမီ...
အိမ်စာပြီးပြီ လားCyrus...
ပြီးတော့မယ်..နည်းနည်းဘဲလိုတော့တယ်
အဲ့တာဆိုလဲ စားပြီးမှဆက်တွက်နော်..
ဗိုက်လဲဆာနေတာနဲ့ စားပွဲရှေ့
မြန်မြန် ထိုင်လိုက်ပြီး
မာမီ လာချပေးသည့် နံနက်စာ ကို
မျှော်လင့်တကြီးနဲ့ ကြည့်လိုက်သည်။
နံနက်စာ ကိုကြည့်ကာ မျက်ရည်တောင်ကျချင်သွားတယ်။မာမီ...မနေ့က မစ္စပေါ တို့အိမ်ကပေးတ
ဲ့ဆိတ်သားခြောက်ကော..Cyrus...ဟင်းတွေရှိနေတယ်လေ
ရွှေဖရုံသီးတွေအများကြီး ကျန်နေသေးတော့ အဲတာကို အစဖျတ်ပြီးမှ မာမီဆိတ်သားခြောက်ကင်ပေးမယ် အခုလောလောဆယ် ရွှေဖရုံသီးစွပ်ပြုပ်နဲ့ ပေါင်မုန့် လေးနဲ့စား..
YOU ARE READING
ကျွန်🚨
Thơ caနတ်ဆိုးတစ်ကောင်ရဲ့ ပုံပြင်လေးကို နားထောင် ချင်ကြလား.... ⚠🚨🚨🚨Warning...