..............ကျွန်-🍀4🍀.............
ကျွန်တော် မသွားချင်ဘူး ဂျင်နရယ်..
မင်းမသွားလို့မရဘူး ငါက ဒီပိတ်ရက်လုံးလုံး ရုံးချုပ်မှာနေရမှာ မင်းကို ဘယ်သူမှမစောင့်ရှောက်နိုင်ဘူး အဲ့ဒီတော့ မင်းမေမေလေး ဆီသွားရမယ်..
ကျွန်တော် ကျောင်းမှာဘဲ ပြန်နေမယ်
ဘယ်သူမှစောင့်ရှောက်စရာမလိုဘူး ..Kyle(ကိုင်းလ်) ဒါမင်းကို အဖေတစ်ယောက်အနေနဲ့ အမိန့်ပေးနေတာ
အခုချက်ချင်းအထုတ်ပြင်ပြီး အင်္ဂလန် ကိုသွားရမယ်..Jam(ဂျန်) မင်းအကိုလေးနဲ့လိုက်သွား
ဟုတ်ကဲ့ ဂျင်နရယ်..
ဒီနှစ်က မဲဆွယ်တဲ့နှစ်ဆိုတော့
့ အမတ်ချုပ်တွေ ဗိုလ်ချုပ် တွေကို
လုပ်ကြံခံရမှာဆိုးတာကြောင့် ဂျာမန်စစ်ရုံးချုပ်တွင် အစောင့်အကြပ်အပြည့်နဲ့
ကာကွယ်ထားသည်။သူတို့၏မိသားစုများကို တစ်နယ်သို့ ခဏတာ ရှောင်ခိုင်းထားပြီး
လုပ်ကြံရေးသမားများအန္တာယ်ကနေ
ကာကွယ်ထားရသည်။Kyleဟာ (16)နှစ်အရွယ်လူပျို ပေါက်လေးဖြစ်ပြီး ဖခင်၏ ခြေရာကိုနင်းနိုင်ရန်အတွက်
အခြားကလေးများကဲ့သို့ စာပေသာသင်ကြားသော ကျောင်းမတက်ရဘဲ စစ်လေ့ကျင့်ရေးကျောင်းတွင် စစ်ဘက်ဆိုင်ရာ ပညာကိုသာ
သင်ကြားရသည်။ထို့ကြောင့်သူ၏
ကြံ့ခိုင်မှုတွေ အရပ်အမြင့်တွေက
သူတစ်ပါးအားကျဖွယ်ဖြစ်နေသည်။
ကောင်းကင်လိုပြာလဲ့နေတဲ့ မျက်လုံးတွေကို
ပိုင်င်ဆိုင်ထားပြီး တစ်ခုခုကို အလိုမကျသလို အမြဲတမ်းစူးရဲနေတတ်သည်။
မဟော်ဂနီရောင်ဆန်နွယ်ဟာပုခုံးထက်
ရောက်နေပြီး တစ်ဝက်ကို အပေါ်သို့မြှင့်ကာ စည်းထားသည့် Kyleသည် နတ်ဘုရား
တစ်ပါးအသွင်ရှိပြီး ဗိုလ်ချုပ်အတော်များများကလဲ အရည်အချင်းနှင့် ရုပ်ရည်ကြောင့် သူတို့၏ သမီးများနှင့် လက်ဆက်စေချင်
ကြသည်။Jamလို့ခေါ်သည့် လမ်းဘေးက
ကလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်ထားပြီး သူ့လူယုံအဖြစ် ထားစေခဲ့သည်။
Jam သည် သူ၏အယုံကြည်ရဆုံးသူပင်
ဖြစ်သည်။
YOU ARE READING
ကျွန်🚨
Поэзияနတ်ဆိုးတစ်ကောင်ရဲ့ ပုံပြင်လေးကို နားထောင် ချင်ကြလား.... ⚠🚨🚨🚨Warning...