...........🍀ကျွန်-3🍀.........
Cyrus မင်းအခန်းထဲမှာဘဲခွေနေတော့မှာလား...အပြင်လဲမထွက်ဘူး
အခုထမင်းစားချိန်ရောက်နေပြီ ထတော့
ထမင်းသွားစားကြရအောင်..အပြင်ထွက်ရင် ဟိုအဖွဲ့တွေနဲ့တွေ့မှာဆိုးလို့ အခန်းအောင်းနေပါတယ် အပြင်မထွက်လို့ဆိုပြီး ဘေးနားထိုင်ကာ ပွစိပွစိ ပြောနေတဲ့ Maxက သူလဲဗိုက်ဆာလာတာကြောင့် တွတ်ထိုးနေလေရဲ့။
သွားမယ်..သွားမယ် ငါ့ကိုပြောနေတာလေး ရပ်လိုက်တော့..
ဟာ...ဒီနေ့လဲ စွတ်ပြု တ်နဲ့ ပါမုန့်ဘဲလား..အသားဖတ်လေးတောင်မပါဘူး
Max...ငြီးငြူ မနေနဲ့ စားရမှာဘဲ ကုန်အောင်မစားရင် အပြစ်ပေးခံရမှာ..လာ ထိုင်စရာရှာရအောင်..
အကောင်းကြိုက် သူဋေးသားလေးMaxရဲ့ အသားဖတ်မပါလို့ ငြီးငြူ နေတာကို ရပ်ရန် နေရာအမြန်ရှာလိုက်ပြီးထိုင်လိုက်သည်။ တိုက်ဆိုင်စွာနဲ့ ကျောင်းသား သစ်၏ ဘေးတွင်ဖြစ်နေသည်။
ကျောင်းကကျွေးတဲ့ စွပ်ပြုတ်ဟင်းချို ကိုမွှေရင်း စိတ်မပါဘဲ ပါးစပ် ထဲထည့်လိုက်သည်။မနူးတဲ့ ဥနီတွေက စွပ်ပြုတ်ထဲတွင် အတုံးလိုက် အတစ်လိုက်နဲ့ ပြောင်ပြနေဟန် ရှိသည်။ဒုက္ခပါဘဲ ဥနီတွေကလဲ အများကြီးဘဲ ငါမကြိုက် ပါဘူးဆိုမှ ချန်ထားရင်လဲ အပြစ်ပေးခံရမှာ ဘယ်လိုလုပ်ရမလဲ။ဘေးနားတွင် ရှူံမဲ့ပြီးစားနေတဲ့ သူငယ်ချင်း လေးMaxကို စားပေးမလားလို့ အကူညီတောင်းပြန်တော့လဲ။
ငါ့ဘာသာတောင် မနည်းစားနေရတယ် ဆိုဘဲ
ကျောင်းသားသစ်...
စွတ်ပြု တ်ကို အေးဆေးစားနေတဲ့ သူက လှည့်လာပြီး ဘာပြောမလိုလဲ ဆိုသည့်ဟန်နှင့်ကြည့်နေသည်။
ငါ့ကို ကူညီပေးပါ လား..
ပါးစပ်ကလဲ အကူညီတောင်းရင်း ဥနီတွေဘဲကျန်တဲ့ စွပ်ပြုတ်ခွက်ကို သူ့ရှေ့သို့ ထိုးပေးလိုက်တယ်။
သူတစ်ချက်ပြန်ကြည့်ပြီး သက်ပြင်းချကာ မြန်မြန်ထည့်ဆိုသည့် သဘောဖြင့် သူ့စွပ်ပြု တ်ခွက်ကို မသိမသာလေးထိုးပေးသည်။
ထည့်ပေးလိုက်တဲ့ ဥနီတွေကို ပါးစပ်ထဲ
အပြည့်ထည့်ကာ စားပွဲမှအလျင် ထသွားတော့တယ်။
YOU ARE READING
ကျွန်🚨
Şiirနတ်ဆိုးတစ်ကောင်ရဲ့ ပုံပြင်လေးကို နားထောင် ချင်ကြလား.... ⚠🚨🚨🚨Warning...