..........ကျွန်-7.....
တစ်ယောက်သောသူ ကထားရစ်ခဲ့သည်မှာ သုံးနှစ်တောင်ကျော်လွန်ခဲ့ပြီ ကျွန်တော်ကတော့ အမှတ်မရှိ စောင့်ဆိုင်းနေတုန်းပါဘဲ။ကျောင်းတော်ကြီးဟာလဲ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည် ။မေပယ်ပင်တွေကလဲ ကျောင်းဥယျာဉ်တစ်လျောက် ကြွေလွင့်နေသည် ။လန်ဒန်မြို့ကြီးတွင် နေထိုင်ရန် ကျွန်တော့် အတွက်မပူပင်ရပေမဲ့ အိမ်အတွက် ပိုက်ဆံ ထောက်ပံ့နိုင်ရန် နံနက်ပိုင်း ပါမုန့်ဆိုင်တွင် အချိန်ပိုင်းအလုပ်လုပ်ကာ ညနေပိုင်းတွင် ကျောင်း၌ကလေးများအား စာသင်ပေးရသည်။
အမကတော့ ရွာမှာ အိမ်ထောင်ကျ သွားပြီး မာမီတို့နှင့်ခွဲနေကြသည်။ပါပါးနှင့် မာမီကို လန်ဒန် မှာလာနေရန် ခေါ်ခဲ့သော်လည်း အသက်ကြီးလာလို့ထင်ပါရဲ့ ရှုပ်ယှက်ခတ်နေတဲ့ နေရာကြီးမှာမနေချင်ပါ ဆိုသော ဆင်ခြေနဲ့ ရွာပြန်သွားခဲ့သည်။ဒါကြောင့် ကျွန်တော် ကဘဲ တစ်နှစ်တစ်ခါ ရွာကို ပြန်ရသည်။
Maxကတော့ အရင်အတိုင်းလူဝကလေးဖြစ်နေတုန်းပါဘဲ သုံးရက်တစ်ခါ ကျွန်တော့် ဆီအလည်လာပြီး ကျောင်းတတ်တုန်းကအတိုင်း အဘ ဘုန်းကြီး အခန်းထဲတွင် ညအိပ်ညနေ လာနေတတ်သည်။ကျွန်တော်တော့ ထင်မိသား ပွဲရုံကို ဦးစီးရတဲ့သူတောင်ဖြစ်နေပြီ အခုချိန်ထိ ကလေးစိတ်မပျောက်သေးတဲ့ Maxကို ဘယ်မိန်းကလေးကများ လက်ထပ်မှာလဲလို့လေ။
ဆရာ...
ကလေးတစ်ယောက်ရဲ့ခေါ်သံကြောင့် တွေးလက်စ အတွေးတွေကို ရပ်ပြီး အသံပြန်ပြု လိုက်သည်။
ထိုကလေးသည် လက်ထဲ၌ စာအိတ်အဝါလေးကို ကိုင်မြှောက်ပြီး ခုန်ဆွ ခုန်ဆွ လုပ်နေသည်။
ဘေးနားမှာရှိတဲ့ကလေးတွေကလဲ ဝိုင်းအုံပြီး စိတ်မလှုပ်ရှားရန် ပြောသူကပြော ဘုရားသခင် ကို ရှိခိုးသူကရှိခိုးရင်း စာအိတ်လေးကို ဖွင့်ဖောက်ကြည့်မိသည်။
YOU ARE READING
ကျွန်🚨
Поэзияနတ်ဆိုးတစ်ကောင်ရဲ့ ပုံပြင်လေးကို နားထောင် ချင်ကြလား.... ⚠🚨🚨🚨Warning...