အ​သေး​လေး

6 0 0
                                    

          ............ကျွန်​-5.........

တစ်​ရက်​တိတိ သ​ဘောင်္စီးလာရသည့်​ အတွက်​ အခြားခရီးသည်​များက လှိုင်းမူးကာ ​ခွေ​ခေါက်​​နေ​ပေမဲ့ ​လေ့ကျင့်​ခံထားရတဲ့ ​ကောင်​​လေးနှစ်​​ယောက်
အဖို့ ထိုခရီးသည်​များ အကြားတွင်​ ​အော်​ဟစ်​ငြီးငြူ သံ​တွေကို စိတ်​ပျက်​စွာ နား​ထောင်​​နေရသည်​။
သ​ဘောင်္ကြီးသည်​ ဆိပ်​ကမ်းသို့ဆိုက်​ကပ်​လာသည်​ဆိပ်​ကမ်းတွင်​ ရာချီ​သော အ​စောင့်​ အကြပ်​များ​ကြောင့်​ သူနှစ်​​ယောက်​စလုံး နှလုံးခုန်​နှုန်းမြန်​လာသည်​။မည်​မျှပင်​ ​လေ့ကျင့်​ခဲ့ပါ​သော်​လည်း ယခုသည်​ကား လက်​​တွေ့ပင်​ဖြစ်​​နေတာ​ကြောင့်​ စိတ်​လှုပ်​ရှားရသည်​မှာ ဧကန်​ပင်​ဖြစ်​၏။

ဘယ်နိုင်​ငံကလာတာလဲ...

ဘယ်​လ်​ဂျီယံကပါ ...

သူ့ အိတ်​​တွေကိုစစ်​လိုက်​စမ်း...ဒီကို ဘာကိစ္စ​ကြောင့်​ လာတာလဲ..

လက်ထဲကိုင်ထားသမျှအိတ်တွေ ကိုဆွဲယူကာ 
စစ်​​ဆေး​ရေး စစ်​သားတစ်​ဦးက မသင်္ကာမျက်​လုံးများဖြင့်​ ရှာ​ဖွေ​နေရင်း ခန္ဓာကိုယ်​​တွေကိုပါ လိုက်​စမ်း​နေသည်​။

ကျွန်​​တော့်​ အ​မေက ဒီ​နိုင်​ငံမှာ​နေတာ
ကျွန်​​တော်​ ​ကျောင်းပိတ်​တုန်း အ​မေ့ဆီ
အလည်​လာတာ အ​မေ့ကို ​ကျောင်းပိတ်​ရက်​ကျမှ တစ်​ခါဘဲ ​တွေ့ရတာပါ အဲ့တာ​ကြောင့်
သ​ဘောင်္အဆင့်​ဆင့်​စီးပြီးလာရတာ
သူက ကျွန်​​တော့်​ အကိုဝမ်းကွဲပါ
သူလဲ အ​မေ့ကိုအရမ်းလွမ်း​နေတာ...
အခုအ​မေက ကျွန်​​တော်​တို့ကို 
မျှော်​​နေ​လောက်​ပြီ...

အခုအချိန်​မှာ ​ကြောက်​ရွံ့ပြီးတုန်​လှုပ်​ပြ​နေမယ်​ဆိုရင်
မသင်္ကာစရာ​ကောင်း​နေလိမ့်​မယ်​ ။
ရာချီရှိတဲ့ စစ်​သား​တွေအကြားမှာ
အသက်​နှစ်​​ချောင်း​လောက်​က​တော့
ခဏအတွင်း ပျက်​စီး သွားနိုင်​တယ်​။
ဒါ​ကြောင့်​ စိတ်​ကိုတည်​ငြိမ်​​အောင်​ထားကာ
ယုံကြည်​ရ​လောက်​သည့်​ အ​ဖြေများကို
ို ​ဖြေ​ပေး​နေရသည်​။

ကောင်းပြီ..အိတ်​ထဲမှာဘာမှ မ​တွေ့ဘူး ..မင်းတို့ သွားနိုင်​ပြီ...

ကျွန်​🚨Where stories live. Discover now