''12''

39.7K 3.5K 112
                                    

မြေကွက်တန်ဖိုးက မူရင်း​ဈေးထက် သုံးဆလောက်မြင့်တက်လာခဲ့တဲ့အထိ အပြိုင်အဆိုင်တွေဖြစ်လာကြတယ် ။ ရှောင်ကျန့်က မြင့်တက်လာတဲ့ဈေးနှုန်းကိုမြင်တော့ နှုတ်ခမ်းတွေ မသိမသာကွေးတက်သွားတယ် ။ ချန်ဟုန်မင်းဆိုတဲ့လူက အသည်းအသန်တွေဖြစ်နေတာပဲ အဟက်! ဒါဆိုရင်သူကလည်း ဆက်ပြီးလိုက်နှောင့်ယှက်ရတာပေါ့ ။ သူသုံးနေတာက ဝမ်ရီပေါ်ရဲ့ပိုက်ဆံတွေလေ သူရဲ့ပိုက်ဆံမှမဟုတ်ပဲ ။ အဲ့ဒီတော့ဘယ်လောက်ကုန်ကုန် သူအပူမပါဘူး ။

" $ 10 billion ''

ရှောင်ကျန့်က ဈေးအမြင့်ဆုံးပေးကာ အားလုံးကို အေးခဲသွားအောင်လုပ်ပစ်လိုက်တယ် ။ ဝမ်ရီပေါ်တောင်မှ ရှောင်ကျန့်ကို တအံ့တသြကြည့်လာတဲ့အထိ ဈေးနှုန်းက အဆမတန်များပြားနေခဲ့တာဖြစ်တယ် ။ ရှောင်ကျန့်ကတော့ တစ်စက်လေးမှပင်ဂရုမစိုက် ။ သူပြောပြီးပြီပဲလေ သူရဲ့ပိုက်ဆံတွေမဟုတ်ဘူးလို့ ။

" မင်းရဲ့ပိုက်ဆံတွေကို နှမြောလို့လား? ''

" ကိုယ့်ပိုက်ဆံတွေက မင်းအပိုင်တွေပဲ ဒါကြောင့်သုံးချင်သလိုသုံးလို့ရတယ် ။ ပြီးတော့ မင်းက ကိုယ်ရဲ့တစ်ဦးတည်းသော ​ဘေဘီလေးလေ မင်းမသုံးချင်ဘူးဆိုမှသာ ကိုယ်ကစိတ်မကောင်းဖြစ်နေမှာ ။ ကိုယ်ရှာသမျှပိုက်ဆံတွေက မင်းသုံးဖို့အတွက်ချည်းပဲ ''

ရှောင်ကျန့်က အလွန်ကျေနပ်သွားတယ် ။ ဝမ်ရီပေါ်က အရမ်းစကားပြောကောင်းတယ် ။ သူတောင်မှ အဲ့ဒီစကားတွေအောက်ကနေ ရုန်းမထွက်နိုင်ခဲ့ဘူး ။ ဟူး! သူတော့ ဝမ်ရီပေါ်စီမှာ လုံးဝအဖမ်းခံလိုက်ရပြီပဲ ပြေးလို့တောင်မရတော့ဘူး ။

ဝမ်ရီပေါ်က ရှောင်ကျန့်ကို တစိမ့်စိမ့်ထိုင်ကြည့်လို့နေတယ် ။ ရှောင်ကျန့်က ဒီမြေကွက်ကို ဘာ​ကြောင့်အသည်းအသန် လိုချင်နေတယ်ဆိုတာကိုမသိပေမဲ့ ရအောင်ဝယ်ပေးဖို့ဆုံးလိုက်တယ် ။ ရှောင်ကျန့်သာပျော်နေမယ်ဆိုရင် အကုန်အဆင်ပြေတယ် ။

ဝမ်ရီပေါ်က မကြာခင်မှာပဲ ချန်ဟုန်မင်းရဲ့အကြည့်တွေကို သတိမိသွားတယ် ။ အဲ့ဒီလူရဲ့အကြည့်တွေက ရှောင်ကျန့်ရဲ့ကိုယ်ပေါ်မှာပဲ တစိုက်မတ်မတ်ကျောက်ချလို့နေတယ် ။ ဝမ်ရီပေါ်က မျက်လုံးတွေအေးစက်သွားတယ် ။ ရာရာစစ သူ့အပိုင်ကိုမှ လာတပ်မက်ရဲတယ်! အဲ့ဒီရွံဖို့ကောင်းတဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်ဖို့လိုအပ်နေပြီထင်တယ် ။

Virus System [ Completed ]Where stories live. Discover now