''3''

27.6K 3K 114
                                    

ရှောင်ကျန့်က သူဘယ်ကိုသွားသွား အနောက်ကနေလိုက်နေတဲ့ ကျန်းရှင်းရီလေးကြောင့် အလွန်ပင်ရယ်ချင်လာတယ် ။ ကျန်းရှင်းရီလေးက ပေါက်စီလုံးလေးလိုမျိုး အရမ်းချစ်ဖို့ကောင်းတယ် ။ သူ အဲ့ဒီကလေးလေးကို မချစ်ပဲမနေနိုင်ဘူး ။ အခုလည်း သူလုပ်နေတာတွေကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ တောက်လျှောက်လိုက်ကြည့်နေတယ် ။

ရှောင်ကျန့်ဟာ ကျန်းရှင်းရီလေးရဲ့ပါးဖောင်းဖောင်းလေးတွေကို အလွန်ပင်ညစ်ပစ်ချင်လာတယ် ။ အဲ့တာကြောင့် ကလေးရဲ့အနားကိုသွားကာ ဖောင်းကားနေတဲ့ပါးလေးတွေကို စိတ်တိုင်းကျညစ်ကြည့်လိုက်တယ် ။ နူးညံ့အိစက်နေတဲ့ အသားလေးကြောင့် မပြုံးပဲမနေနိုင် ။ ဝါဂွမ်းလေးလို အိစက်နေတာပဲ ။ သူတော့ ဒီကလေးကို တော်တော်လေးသဘောကျနေမိပြီ ။

ကျန်းရှင်းရီလေးက သူ့ကိုတောက်ပစွာပြုံးပြနေတဲ့ သူ့ရဲ့ပါးပါးဖြစ်သူကြောင့် နားဖျားလေးတွေ နီရဲသွားတယ် ။ ပါးပါးရဲ့အပြုံးတွေက အရမ်းလှတာပဲ ။ သူလည်း ပါးပါးလိုမျိုး အပြုံးလှလှလေးတွေ ရှိချင်တယ် ။

" ပါးပါးရဲ့ခွေးပေါက်လေးက အရမ်းချစ်ဖို့ကောင်းတယ် နောက်ဆိုရင် ခွေးပေါက်လေးကို ဒီပါးပါးက ပစ်မထားတော့ဘူးနော် ။ လာပါးအုံး ပါးပါးရဲ့ရင်ခွင်ထဲကို ပါးပါးက မင်းလေးကို ဖက်ထားချင်လို့ ''

ကျန်းရှင်းရီလေးဟာ မျက်လုံးလေးတွေ ဝိုင်းစက်သွားတဲ့အထိ အံ့အားသင့်နေခဲ့တယ် ။ ပါးပါး.... ပါးပါးက သူ့ကိုချစ်ဖို့ကောင်းတဲ့ ။ ပြီးတော့ ပစ်မထားတော့ဘူးတဲ့ ။ ဝမ်းသာပျော်ရွှင်မှုကြောင့် မျက်ရည်တွေစီးကျလာတယ် ။ အဲ့ဒီနောက် ပါးပါးရဲ့ရင်ခွင်ထဲတိုးဝင်ကာ တင်းကြပ်စွာဖက်ထားမိတယ် ။

ရှောင်ကျန့်က သူ့ကိုတင်းကြပ်စွာဖက်ကာ တရှုံ့ရှုံငိုကြွေးနေတဲ့ ကျန်းရှင်းရီရဲ့ကျောပြင်သေးသေးလေးကို နူးညံ့စွာပွတ်ပေးနေမိတယ် ။ သူရဲ့ခွေးပေါက်လေးက သူရဲ့စကားတွေကြောင့် ပျော်ရွှင်သွားတာ အရမ်းသိတာတယ် ။

" အာရီဂူး! ပါးပါးရဲ့ခွေးပေါက်လေးက အရမ်းချွဲတက်တာပဲ ပါးပါးက မင်းအတွက် ခေါက်ဆွဲ​ပြုတ်ပေးထားမယ် ဟုတ်ပြီလား အဲ့တာကြောင့် ရေအရင်သွားချိုးလိုက်အုံးနော် ပြီးရင် ထမင်းစားအခန်းထဲကိုလာခဲ့ ပါးပါး မင်းကို အဲ့ဒီမှာစောင့်နေမယ် ''

Virus System [ Completed ]Where stories live. Discover now